DVB Logo
Home
Lead Story
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် နီနီခင်ဇော်သီချင်း ‘နှလုံးသွေး’(ရုပ်သံ)
DVB
·
January 29, 2020
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် နီနီခင်ဇော်သီချင်း ‘နှလုံးသွေး’(ရုပ်သံ)
Donate to DVB

       “ဟေး… မင်းက ရုပ်နဲ့မလိုက်အောင် ဆရာကျတယ်… အမြဲလို ရေရောတဲ့ အချစ်ကို ပေးခဲ့တဲ့သူလေး… ခွဲပစ်ခဲ့တဲ့ အသည်းတွေ တပုံကြီးထပ်လိုက်လို့… လူတရပ်မကတဲ့ စကေးကို ရှိုး”

       ဒါကတော့ လတ်တလော အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေပန်းစားနေခဲ့တဲ့ အဆိုတော် နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

       ‘နှလုံးသွေး’လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေးသော်မိုးစက်က ရေး စပ်ပေးထားခဲ့တာ ဖြစ်ပြီး Oxygen Band ရဲ့ Unplugged တီးခတ်မှုနဲ့အတူ နီနီခင်ဇော်က ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် မျှဝေပေးထားခဲ့တာပါ။

       “ညှို့ချက်ပြင်းလွန်းလှတဲ့ မျက်လုံးထဲ… သွေးပေတဲ့ နှုတ်ခမ်းရယ်… အဆိပ်တွေ လူးတဲ့ လက်တွေရယ်… မင်းရဲ့ ချုပ်ချက်များက ပိုင်လွန်းတယ်… ပြေးလို့မလွတ်ဘူး ကွယ်… အတွေ့အကြုံသိပ်များလို့… ဟေး ရေး… ရေ့ အေ့ အေ… ချစ်မိတဲ့ အရူး ဘဝ တော့မကူး… ငါ့မှာ အရှင်လတ်လတ်နဲ့သေ… ဟေး ရေး… ရေ့ အေ့ အေ… မင်းအကြောင်းကို တွေး… ကောင်ကလေး… ငါ့မှာ လေဖြတ်တော့မလို့… ဟေး ရေး… ရေ့ အေ့ အေ”

နီနီခင်ဇော်ဟာ သိပ်မကြာသေးခင်ကမှ ပါတီခင်ဇော်လို့ အမည်ပေးထားတဲ့ တေး အယ်လ်ဘမ်သစ်တချပ်ကို ထွက်ရှိထားခဲ့တာဖြစ်ပြီး ဒီတေးအယ်လ်ဘမ်ဟာ သူ့ရဲ့  ၄ ချပ် မြောက်ထွက်ရှိလာတဲ့ တေးအယ်လ်ဘမ် ဖြစ်ပါတယ်။

ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေပဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော် လည်း၊ ရပ်စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)နဲ့ ပါတီခင်ဇော်စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

    အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်းပေါင်း များစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ် မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲမှာ တော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ  သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝ ရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာလည်း သူ့ကို နာမည်ကြီးလူသိ များလာစေတဲ့ သီ ချင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တ စုံတရာ သီချင်းဟာ နိုင်ငံနဲ့အဝှမ်း လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေ အများကြီးချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

    နီနီခင်ဇော်ရဲ့ ပထမဆုံးသော တကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရန်ကုန်မှာ ကျင်းပခဲ့ပြီးဖြစ်ကာ သိပ်မကြာသေးခင်ကမှ မန္တလေးမှာ ကျင်းပခဲ့တဲ့ Party Redvolution Show အမည်ရတဲ့ သူ့ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကလည်း အောင်မြင်မှုရခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

       ခုလက်ရှိ ရေပန်းစားနေတဲ့ သီချင်းထဲမှာတော့ အလန်းစား အမိုက်စားတေးသွား သံစဉ်တွေနဲ့အတူ နီနီခင်ဇော်ရဲ့ ခံစားမှုအားကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေမှုကိုပါ ပရိ သတ်တွေက ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

       မနေ့က မျှဝေထားခဲ့တဲ့ ဒီသီချင်းဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာတော့ တရက်အတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်း နီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013