DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကြေးနီစီမံကိန်းကို ရှောင်တခင်ဝင်ရောက်စစ်ဆေး
DVB
·
January 29, 2020
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကြေးနီစီမံကိန်းကို ရှောင်တခင်ဝင်ရောက်စစ်ဆေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းက ကြေးနီစီမံကိန်းတွေမှာ တရုတ်နိုင်ငံသား တွေ အခုရက်ပိုင်းအတွင်း ဘတ်စ်ကား ၅ စီးနဲ့ ဝင်ရောက်လာတယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကြောင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့ ဦးဆောင်ကာ ဇန်နဝါရီ ၂၉ ရက် မနက်က ရှောင်တခင် ဝင်ရောက်စစ်ဆေးနေပါတယ်။

ဒီစစ်ဆေးရေးအဖွဲ့ကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်တို့ ဦးဆောင်ကာ ဒေသခံလွှတ်တော် ကိုယ်စားလှယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မြန်မာ-ယန်စီကုမ္ပဏီလုပ်ကွက် စံပယ်ကြေးစင်စီမံကိန်းကို အရင်ဆုံးသွားရောက် စစ်ဆေးနေတာဖြစ်ပါတယ်။

လဝကဝန်ကြီး ဦးမိုးကျော်သူက "ကျနော်ကတော့ အလုပ်တခုကြောင့် မလိုက်နိုင်ဘူး။ စည်ပင်ဝန်ကြီး၊ နယ်လုံဝန်ကြီးတို့တော့ ဝန်ကြီးချုပ်က စစ်ဆေးဖို့ လွှတ်ထားတယ်။ မနေ့က ကိုယ်စားလှယ်က ဖုန်းဆက်တာကလည်း ကက်ဘိနက်အစည်းအဝေးကြောင့် မလိုက်နိုင်တာ။ ခင်ဗျားတို့လည်း လိုက်သွားပါ။ အမှန်အတိုင်းပဲ တွေ့တဲ့အတိုင်းပဲရေးပါ။ မန္တလေးလေဆိပ်၊ နယ်စပ်ဂိတ်တွေလည်း ဆက်သွယ်မေးမြန်းထားပါတယ်"လို့ ပြောပါတယ်။

တရုတ်လူမျိုး အမျိုးသမီးနဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့ ကား ၅ စီးက ဇန်နဝါရီ ၂၈ ရက်မှာ ကြေးနီစီမံကိန်းကိုဝင်ရောက်သွားကာ ကိုရိုနာဗိုင်းရပ်စ် လာရှောင်တာလို့လည်း သတင်းတွေ ထွက်ပေါ်နေသလိုတရုတ်နှစ်သစ်ကူးက ပြန်လာသူတွေလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်အောင်မေရီက "လွှတ်တော်ကိုယ်စားလှယ်က သတင်းပေးဖို့ ဖုန်းဆက်တာ ဖုန်းမကိုင်ဘူး။ အလေးမထားဘူး။ တော်တော်စိတ်တိုစရာကောင်းတယ်။ ခရိုင်အုပ်ချုပ်ရေးကလည်း အထက်ကညွှန်ကြားမှ လုပ်ရမှာပါ လို့ပြောတယ်။ တကယ်လို့များ ဗိုင်းရပ်စ်ပိုးတွေပါရင် မြန်မာလူမျိုးတွေကူးပြီး အကုန်သေကုန်မှာ"လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းရဲ့ နယ်စပ်ဝင်ပေါက်ထွက်ပေါက်ဖြစ်တဲ့ တမူးနယ်စပ်ဂိတ်ကိုတော့ ပိတ်ထားတယ်လို့ သိရပါတယ်။

လူမှုရေးဝန်ကြီးက ဒေါက်တာဇော်ဝင်းက  "နယ်စပ်တွေလည်း ကြပ်မတ်ဖို့ ညွှန်ကြား ထားတယ်။ စစ်ကိုင်းတိုင်းအနေနဲ့တော့ ဒီကိစ္စအတွက်သီးသန့်ကော်မတီဖွဲ့တာတော့ မရှိသေးဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းစီမံဆောင်ရွက်နေတယ်။ ကြေးနီစီမံကိန်းကိစ္စလည်း ကျနော်က နေပြည်တော် ရောက်နေလို့ မသိသေးဘူး။ တိုင်းကျန်းမာကို ဖုန်းဆက်မေးလိုက်ဦးမယ်။"လို့ ပြောပါတယ်။

ယန်စီကုမ္ပဏီမှာ စစ်ဆေးမှုပြုလုပ်နေတာကိုတော့ DVBနဲ့  Eleven စတဲ့ သတင်းဌာနတွေက သတင်းရယူနိုင်ရေး ဝင်ခွင့်တောင်းပေမယ့် ဝင်ခွင့်မပေးပါဘူး။

 

 မုံရွာဂေဇက်ကိုတော့ ဝန်ကြီးတွေနဲ့အတူတူပါလို့ဆိုပြီး သတင်းရယူခွင့်ပေးထားပါတယ်။ လက်ရှိအချိန်ထိတော့ ဝင်ခွင့်ရဖို့ ကြိုးစားနေဆဲဖြစ်ကာ စစ်ဆေးမှုအခြေအနေတွေလည်း သိခွင့်မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013