DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာသီးနှံကုန်စည်များ တရုတ်သို့ ပို့ဆောင်မှု ဆိုင်းငံ့ထား
DVB
·
January 27, 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာသီးနှံကုန်စည်များ တရုတ်သို့ ပို့ဆောင်မှု ဆိုင်းငံ့ထား
Donate to DVB

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် တရုတ်-မြန်မာ နယ်စပ်မှာ ကုန်စည်ရောင်းဝယ်ရေး အခက်အခဲဖြစ်နေပြီး တောင်သူတွေအနေနဲ့ သီးနှံတင်ပို့တာကို ဆိုင်းငံ့ထားဖို့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်က ဒီကနေ့ ထုတ်ပြန် သတိပေးထားပါတယ်။

မြန်မာနိုင်ငံဘက်က တင်ပို့တဲ့ သစ်သီးဝလံတွေကို တရုတ်နိုင်ငံက အရေးပေါ် အခြေအနေနဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ကန့်သတ်ထားတာကြောင့် တင်ပို့၊ ရောင်းချ၊ ဝယ်ယူမှုဈေးကွက်မှာ လုံးဝအခက်အခဲဖြစ်နေပြီး အထူးသဖြင့် ဖရဲသီးနဲ့ သခွားမွှေး တင်ပို့မှုတွေကို ခေတ္တဆိုင်းငံ့ထားဖို့  မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ဒီဗွီဘီကို ပြောပါတယ်။ 

“တရုတ်ပြည်မှာ ဒီရောဂါတွေ ပျံ့နှံ့နေတဲ့အခါကျတော့ တရုတ်ပြည်မှာ အရောင်းအဝယ်မျိုးစုံက ရပ်သွားပြီ။ သီးနှံအရောင်းအဝယ်တွေလည်း ရပ်သွားပြီ။ အဲဒီတော့ မြန်မာပြည်က အသီးအနှံတွေလည်း အရောင်းအဝယ် ရပ်သွားမယ်။ နယ်စပ်မှာ ဒီနေ့ကစပြီးတော့ ဝယ်ယူတဲ့သူ တော်တော်နည်းသွားပြီ။ နောက်တရက် နှစ်ရက်နေရင် ဝယ်တဲ့လူ မရှိသလောက် ဖြစ်သွားမှာ၊ အဲဒီတော့ တောင်သူတွေ ဆက်ပြီးမတင်ပို့နဲ့တော့။ ဒီရောဂါကို ထိန်းချုပ်နိုင်တော့မှ အသီးတွေ ပြန်တင်ပါ။ မေးမြန်းစုံစမ်းပြီးမှ တင်ပါလို့ သတိပေးချင်တာပါ ခင်ဗျ။ တခြားကုန်စည်တွေတော့ မသိဘူး။ ကျနော်တို့ဆီမှာတော့ ဖရဲသီးနဲ့ သခွားသီးပဲ ပြောလို့ရပါတယ်ခင်ဗျ။”

ဒီမတိုင်ခင်ကတော့ မြန်မာပြည်ဘက်က သီးနှံတွေ တရုတ်ပြည်ကို တင်ပို့ရောင်းချရာမှာ နေ့စဉ် ကားအစီးရေ ၅၀၀ ကျော်ခန့်ရှိကြောင်း၊ အခုလို အရောင်းအဝယ် ခက်ခဲသွားတဲ့အတွက် တောင်သူတွေ အရှုံးပေါ်မယ့် အနေအထားမှာ ရှိနေတယ်လို့  ဦးစိုင်းမြင့်ဗိုလ်က ပြောပါတယ်။ 

နောက်ထပ်အချက်အလက်တွေ သိလိုက မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဖုန်းနံပါတ် ၀၈၂ - ၅၅၀၃၄ / သို့မဟုတ် ၅၅၀၃၅ ဒါမှမဟုတ် တရုတ်ဖုန်း ၈၆ - ၁၅၃၉၄၉၂၈၀၉၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013