DVB Logo
Home
Lead Story
မြန်မာ့လယ်သမားများအတွက် Siam Kubota ၏ ၂၀၂၀  စီးပွားရေးနည်းဗျူဟာ (ကြော်ငြာဆောင်းပါး) 
DVB
·
January 27, 2020
မြန်မာ့လယ်သမားများအတွက် Siam Kubota ၏ ၂၀၂၀  စီးပွားရေးနည်းဗျူဟာ (ကြော်ငြာဆောင်းပါး) 
1 / 4
Donate to DVB

မြန်မာ့လယ်သမားများကိုပံ့ပိုးပေးနိုင်ရန် Siam Kubota က ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးနည်းဗျူဟာကို ထုတ်ဖော်ပြသလိုက်ပါသည်။

Siam Kubota က မြန်မာ့လယ်သမားများကို ပံ့ပိုးနိုင်ရန် ၎င်းတို့၏ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးနည်းဗျူဟာကို  “Kubota ဒီဇယ်သုံးအင်ဂျင် ZT စစ်မှန်တဲ့စွမ်းအား၊ စစ်မှန်တဲ့ဆုမဲ” ကံစမ်းမဲ ဖွင့်ပွဲအခမ်းအနားတွင် ကြေညာခဲ့သည်။

၎င်းတို့၏ ၂၀၂၀ နည်းဗျူဟာသည် အဓိက အရေးကြီးသော နေရာ ၃ နေရာဖြစ်သည့် အရောင်းကွန်ရက်ချဲ့ထွင်ခြင်း၊ လယ်သမားများအား ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်နှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှုများကို အကောင်းဆုံးဖြစ်အောင် တိုးမြှင့်ခြင်းတို့ပေါ်တွင်  အာရုံစူးစိုက်သွားမည့် အချက်များ ဖြစ်သည်။

အရောင်းကွန်ရက်တွင် Siam Kubota က ၎င်းတို့၏ အဓိကသုံးစွဲသူများကို ဝန်ဆောင်မှုနှင့် အပိုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးအတွက် ပံ့ပိုးကူညီနိုင်ရန် ဆိုင်ခွဲများ ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

လယ်သမားများအား ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ်တွင် မြန်မာ့လယ်သမားများ အရည်အသွေးပြည့်မှီသော ထုတ်ကုန်ပစ္စည်းများ ရရှိနိုင်ရေးအတွက် ကုမ္ပဏီမှ အရစ်ကျဝယ်ယူ ရရှိရေးအစီအစဉ်ကို ခိုင်မာအောင်ပြုလုပ်ပေး၍ နိုင်ငံတဝန်းလုံးတွင်ရှိသည့် မြန်မာ့လယ်သမားများကို ထောက်ပံ့ပေးနိုင်သော ဘဏ္ဍာရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ရောင်းချပြီးနောက်ပိုင်းဝန်ဆောင်မှုများကို အကောင်းဆုံးဖြစ်အောင် တိုးမြှင့်ခြင်းတွင် Siam Kubota မှ ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုနှင့် အပိုပစ္စည်းများကို အိမ်အရောက် ဝန်ဆောင်မှုဖြင့် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

Siam Kubota စီးပွားရေးလုပ်ငန်း Construction and Engine Division မန်နေဂျာ Mr. Punna Wongtanasirikulက “လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက Kubota က မြန်မာ့ လယ်သမားတွေကို စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ အသိပညာတွေ၊ အတွေ့အကြုံတွေနဲ့ ခေတ်မီနည်းပညာ တွေကို မျှဝေထောက်ပံ့ပေးခဲ့ပါတယ်။ လယ်သမားကြီးတွေက သူတို့ရဲ့  လယ်လုပ်ငန်းတွေကို အပ်ကျမပ်ကျ လုပ်ကိုင်လာနိုင်ရုံသာမကပဲ ကုန်ကျစရိတ် လျှော့ချလာနိုင်တာကြောင့် သီးနှံထွက်နှုန်း ပိုမိုအားကောင်းလာကာ ဝင်ငွေလဲပိုရ ပိုမိုကောင်းမွန်တဲ့ဘဝတွေကိုလည်း တက်လှမ်းသွားနိုင်စေဖို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်” ဟု မိန့်ခွန်းတွင်ပြောကြားသွားခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် Siam Kubota မှ ၎င်းတို့၏ ပုံမှန်အမြဲ ဝယ်နေကျ ဖောက်သည်များကိုကျေးဇူးတုံ့ပြန်သောအားဖြင့်  “Kubota ဒီဇယ်သုံးအင်ဂျင် ZT စစ်မှန်တဲ့စွမ်းအား၊ စစ်မှန်တဲ့ဆုမဲ” ကံစမ်းမဲဖွင့်ပွဲအခမ်းအနားပြုလုပ်ကျင်းပကာ စုစုပေါင်း ကျပ် သိန်း ၅၄၀ တန်ဖိုးရှိ ဆုမဲများကို ဖွင့်ဖောက်၍ လှိုက်လှဲစွာ  ကျေးဇူးတင်ကြောင်းကို ဖော်ပြခဲ့သည်။

Kubota အမှတ်တံဆိပ် ဒီဇယ်သုံးအင်ဂျင် ZT၊ လက်တွန်းထွန်စက် နှင့် PEMစက်များ ဝယ်ယူအားပေးခဲ့သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် PEM ၆ ယူနစ်စက်ကြီးများ ၊ Honda Wave မော်တော်ဆိုင်ကယ်အစီးတစ်ရာနှင့် ဆိုင်ကယ်စီး ဦးထုပ် ၉ လုံးတို့ အပြင် Samsung Galaxy A20 အလုံး ၂၁ လုံးကဲ့သို့သော ဆုကြီးများကို ပိုင်ဆိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“၂၀၁၉ ဇွန်လနဲ့ စက်တင်ဘာလမှာပြုလုပ်ခဲ့တဲ့ ကံစမ်းမဲ့ဖွင့်လှစ်ခြင်းအခမ်းအနား နှစ်ခါ လုပ်ပြီးတဲ့ အချိန်မှာ အရမ်းကောင်းတဲ့ တုံ့ပြန်မှုတွေ အများကြီးရရှိခဲ့ပါတယ်။ ဒီနေ့ပွဲအခမ်းအနား ကတော့ ယခုလိုအစီအစဉ်မျိုးအတွက် နောက်ဆုံးကံစမ်းမဲဖွင့်လှစ်တဲ့ အခမ်းအနားပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့စက်ပစ္စည်းတွေအတွက် Kubota ကိုရွေးခြယ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကိုလဲ အထူးပဲ ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။” ဟု Mr.Punna မှ ထပ်လောင်းပြောကြားသွားခဲ့သည်။

ယခုလက်ရှိတွင် Siam Kubota မှ အမျိုးအစားစုံလင်လှသော အရည်အသွေးမြင့် ဒီဇယ်အင်ဂျင်များ၊ လက်တွန်းထွန်စက်များနှင့် PEMစက်များကို မြန်မာ့စျေးကွက်တွင် လယ်သမားကြီးများအား ဝန်ဆောင်မှုပေးနိုင်ရန် ရောင်းချပေးလျက်ရှိသည်။

လွန်ခဲ့သောနှစ် မကြာသေးခင်ကာလကပင် ဝယ်ယူအားပေးသူဖောက်သည်များ၏ သွားလာရေးအတွက် အသုံးချရာတွင် ပိုမိုလုံခြုံဘေးကင်းမှု ရှိစေရန် အင်ဂျင်ကို လက်တွန်းထွန်စက်နှင့်တွဲ၍ အချက်ပြမီး ထည့်သွင်းထားသည့် ZT engine Pro modelကိုလည်း ထုတ်လုပ်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဒီဇယ်အင်ဂျင်ကို စျေးကွက်ထဲမှာရှိတဲ့ တခြားအင်ဂျင်တွေနဲ့ မတူပဲ ထူးခြားစေတာကတော့ ပိုမိုတာရှည်ခံခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီဇယ်အင်ဂျင်တွေက ပိုမိုတာရှည်ခံ အသုံးခံပြီးတော့ ဆီစားလဲ သက်သာတဲ့အတွက် တောင်ကြီးလယ်သမားဦးကြီးတွေ ရေရှည်မှာ ပိုမိုတွက်ခြေကိုက်ပြီး ပိုက်ဆံကုန်လဲပိုသက်သာမှာဖြစ်ကြောင်းကို ကျွန်တော်တို့ အာမခံပါတယ်” ဟု Mr.Punna က ရှင်းပြသွားခဲ့သည်။

Siam Kubota သည် ဒီဇယ်အင်ဂျင်နှင့် Power Tiller များကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်နေခဲ့သည်မှာ နှစ်ပေါင်း ၄၀ နီးပါးရှိပြီဖြစ်သည်။ ကုမ္ပဏီသည် သုံးစွဲသူများကို လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများနှင့် အခြားသော ကိစ္စရပ်များတွင်အသုံးပြုရန်အတွက် အဆင်ပြေ ထိရောက်သော ထုတ်ကုန်ပစ္စည်းများ ရရှိနိုင်ရေး ရည်ရွယ်၍ လယ်ယာသုံးစက်ယန္တရားများကို အထူးပြု ထုတ်လုပ် ရောင်းချခြင်းဖြစ်သည်။

Kubota သည် မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ဝင်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံ မြောက်ဘက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်း တို့ပါဝင်သည့် မြန်မာနိုင်ငံတစ်ဝန်းတွင် တရားဝင် အရောင်းကိုယ်စားလှယ်နှင့် တရားဝင်အရောင်းကိုယ်စားလှယ်ခွဲပေါင်း ၃၇ ဦးတို့ရှိပါသည်။  မကြာခင် ကာလများတွင် ကိုယ်စားလှယ်များပိုမိုများပြားလာစေရန် စီစဉ်ထား ကြောင်းလည်း သိရသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013