DVB Logo
Home
မြန်မာသတင်း
နံသာတောင်ကျေးရွာရှိ ကျိုးပေါက်နေသည့် တာတမံများ ပြုပြင်ပေးရန် တောင်းဆို
DVB
·
January 26, 2020
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊  တောင်ပြိုလက်ဝဲမြို့အနီးရှိ နံသာတောင်ကျေးရွာရှိ တာတမံတွေ ကျိုးပေါက်နေတာကြောင့် လယ်ယာမြေနဲ့ ငါးပုစွန် မွေးမြူတာ လုပ်ကိုင်မရဘဲ စားဝတ်နေရေး အခက်အခဲကြုံနေလို့ ပြန်လည်ပြုပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

နံသာတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအထွန်းချေက "ကျနော်တို့က ပုစွန်ကန်နဲ့လယ် လုပ်ကိုင်ကြတာပါ။ အခုက တာတမန်တွေ အကုန်လုံးကျိုးနေတယ်။ အစိုရအနေနဲ့ ပြန်လည်ပြုပြင်ပေးဖို့လိုပါတယ်။ ဒါမှသာ လယ်ဧက ၁၁၂ ဧက ကို ပြန်လည်လုပ်ကိုင်လို့ ရမှာဖြစ်သလို ငါး/ပုစွန်မွေးတာကိုလည်း ယခင်ကလို တနိုင်တပိုင်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

နံသာတောင်ကျေးရွာသူ/သားတွေ ယခင်လုပ်ကိုင်ခဲ့ကြတဲ့ ပုစွန်ကန် တာ တံမန်တွေ ပေါက်နေတာကြောင့် ဖားရှာငါးရှာအလုပ်တွေ လုပ်ကိုင်နေရပြီး စားဝတ်နေရေးအခက်အခဲ  ကြုံတွေ့နေကြရတယ်လို့ နံသာတောင်ကျေးရွာသား ဦးကျော်သိန်းနုက ပြောပါတယ်။

"ကျနော်တို့ ကျေးရွာက ၂၀၁၇ ခုနှစ်မှာ အာဆာအဖွဲ့ မီးရှို့တာခံခဲ့ရတယ်။ လူမနေတာကြာပြီးဖြစ်တဲ့အတွက် တာတမန်တွေ အကုန်လုံးကျိုးနေပါတယ်။ ဒါကြောင့် လက်ရှိမှာ ဂဏန်းရှာငါးရှာအလုပ်နဲ့ပဲ လုပ်ကိုင်နေရပါတယ်။"

အဆိုပါနံသာတောင်ကျေးရွာရှိ တာတမံတွေ ကျိုးပေါက်နေတာကို မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်းနဲ့ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးမိုးနိုင်တို့ ဇန်နဝါရီ ၂၃ ရက်နေ့က နံသာတောင်ကျေးရွာကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါတယ်။

မောင်တောမြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးမိုးနိုင်က "ရေတခါး ၇ ပေါက် ရှိရာမှာ ၄ ပေါက် ကို အသေပိတ်ပြီး ၃ ပေါက်လောက်သာ ဖွင့်ထားရမှာပါ။ ဒါမှ ကျေးရွာရေနုစ်မြုပ်မှုက ကာကွယ်နိုင်မှာဖြစ်သလို လယ်မြေဧက ၁၁၂ ဧကို မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ပုစွန်ကန်တွေရဲ့ တာတမန်တွေကိုလည်း ပြန်လည်ဆည်ဖို့ ဖို့ လိုပါတယ်။ ကျနော်တို့ အထက်ကိုတင်ပြပြီးမှ နောက်နှစ်ဘတ်ဂျက်တွေ ချပေးမှသာ ပြန်လည်ပြုလုပ်နိုင်မှာပါ။" လို့ ပြောပါတယ်။

နံသာတောင်ကျေးရွာဟာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့ မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်အတွင်း အာဆာ အကြမ်းဖက်အဖွဲ့က မီးရှိုခဲ့ပြီးနောက် ကျေးရွာသူ/သားတွေဟာ မောင်တောမြို့ပေါ်နဲ့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေမှာ နေထိုင်ခဲ့ကြတာပါ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အိန္ဒိယအစိုးရက နေအိမ် ၄၂ လုံး ဆောက်လုပ်လှူဒါန်းပေးတဲ့အတွက် ပြန်လည်နေထိုင်နေကြတာလို့ သိရပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013