
ဖူလ်ဟမ်အသင်းဟာ နည်းပြသစ်အဖြစ် လီဗာပူးကြယ်ပွင့်ဟောင်း အာဘီလိုအာကို ခန့်အပ်လိုက်ပါတယ်။
မာကိုဆေးလ်ဗားနေရာမှာ အစားထိုးတာဖြစ်ပြီး ၃ နှစ်စာချုပ်နဲ့ ခန့်အပ်တာပါ။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ အာဘီလိုအာအတွက် ဒါဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး နည်းပြတာဝန်ယူတာ ဖြစ်ပါတယ်။
လန်ဒန်အခြေစိုက် ဖူလ်ဟမ်အသင်းက သူ့ကို အဓိက နည်းပြလောင်းအဖြစ် သတ်မှတ်ထားတာပါ။
အာဘီလိုအာဟာ ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းကို ခဏတာ ကိုင်တွယ်ခဲ့ပါသေးတယ်။ သူ့ရဲ့ လီဗာပူးအသင်းဖော်ဟောင်း ဇာဘီအလွန်ဆို နေရာကို အစားထိုးခဲ့တာပါ။
သူဟာ လီဗာပူးမှာ သုံးရာသီ၊ ဝက်စ်ဟမ်းမှာ တရာသီ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ကို ရင်းနှီးသူပါ။ ဖူလ်ဟမ်ကို ကိုင်တွယ်ရတာ ဂုဏ်ယူကြောင်းနဲ့ ပရိသတ်တွေနဲ့အတူ အံ့မခန်းခရီးစဉ်ကို ပျော်ရွှင်စွာ ဖြတ်သန်းချင်ကြောင်း အာဘီလိုအာက ပြောပါတယ်။










