DVB Logo
Home
မြန်မာသတင်း
အစမ်းသပ်ခံပညာရေးစနစ်ဖျက်သိမ်းပေးရေး မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂဆန္ဒပြ
DVB
·
January 24, 2020
အစမ်းသပ်ခံပညာရေးစနစ်ဖျက်သိမ်းပေးရေး မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂဆန္ဒပြ
1 / 5
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး မန်းတက္ကသိုလ်ကျောင်းသားသပိတ်ကို ထောက်ခံကြောင်းနဲ့ မတ်လကုန်အထိ စာသင်ကာလတိုးမြှင့်မှုအပေါ် ကန့်ကွက်ကြောင်း ဒီကနေ့ ဆန္ဒပြကြပါတယ်။

မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသန်းတိုးအောင်က "ကျနော်တို့ လမ်းပေါ်ထွက်ဆန္ဒပြရတဲ့ အကြောင်းအရင်းက အချက် နှစ်ချက် ရှိပါတယ်။ ပထမအချက်ကတော့ မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်တာပါ။ ဒုတိယအချက်က ပြီးခဲ့တဲ့လအနည်းက အခြေခံပညာညွှန်ချုပ် ဦးကိုလေးဝင်းက အခြေခံပညာကျောင်းတွေကို မတ်လကုန်အထိ ကျောင်းတက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။

မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဆန္ဒပြရာမှာ စီပွားရေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တို့က ကျောင်းသားသမဂ္ဂများလည်းပါဝင်ပြီး "အာဏာရှင်ဆန်သော ပညာရေးစနစ် အလိုမရှိ"၊ "ကျောင်းသား/ပြည်သုလူထု/ဆရာဆရာမ များ ဆန္ဒမပါသော ပညာရေးစနစ် အလိုမရှိ"၊ အစမ်းသပ်ခံပညာရေးစနစ်အား ဖျက်သိမ်းပေးရေး ဒို့အရေး" စတာတွေ ကြွေးကြော်ချီတက်ခဲ့ကြတာပါ။

မိတ္ထီလာတက္ကသိုလ်ကျောင်းဝင်းအတွင်း လှည့်လည်ဆန္ဒပြပြီး မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းအတိုင်း လမ်းလျှောက်ကာ နန်းတော်ကုန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရှိရာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းလမ်းဆုံမှာ လူစုခွဲခဲ့ကြပါတယ်။

ငြိမ်းစုစီ တင်ပြလျှောက်ထားတာ မရှိလို့  မိတ္ထီလာတက္ကသိုလ်ကျောင်းရှေ့မှာ သက်ဆိုင်ရာက လာရောက်တားမြစ်ခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013