DVB Logo
Home
မြန်မာသတင်း
တာချီလိတ်-မယ်ဆိုင် နှစ်နိုင်ငံအဝင်အထွက် လက်ဗွေနှိပ်စက် စတင်တပ်ဆင် 
DVB
·
January 24, 2020
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ်နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၁ စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၂၃ ရက်ကစပြီး ဝင်ထွက်သွားလာသူတွေရဲ့ လက်ဗွေတွေကို နှိပ်ယူထားတဲ့စက် တပ်ဆင်လိုက်ပြီလို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းမြောက်ပိုင်း မယ်ဆိုင်မြို့နဲ့ မြန်မာနိုင်ငံ တာချီလိတ်မြို့အကြား မယ်ဆိုင်ချောင်းရိုးတလျှောက်က ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး သယ်ဆောင်မှုတွေ၊ တရားမဝင်အလုပ်သမား ဝင်ရောက်မှုတွေ ကာကွယ်နှိမ်နင်းဖို့အတွက် နှစ်ဘက်နိုင်ငံက တာဝန်ရှိသူ တွေ ကြပ်မတ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

တာဝန်ရှိသူတွေဟာ နယ်စပ်လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့ မနေ့ကစပြီး ချစ်ကြည်ရေး တံတားအမှတ် ၁ စစ်ဆေးရေးဂိတ်မှာ ဘိုင်အိုမက်ထရစ်စနစ် လက်ဗွေ နှိပ်စက်ကို စတင်တပ်ဆင်  လိုက်ပါတယ်။ 

အဆိုပါ စက်ကနေ နှစ်နိုင်ငံကြား ဝင်ထွက်သွားလာနေသူတို့ရဲ့ လက်ဗွေကိုနှိပ်ယူထားရုံတင် မကဘဲ မှတ်တမ်းတင်သိမ်းယူထားတဲ့ စနစ်ပါ ပါရှိကြောင်း၊ ဒါဟာ ရာဇဝတ်မှုတွေ၊ ဒုစရိုက်မှုတွေ လျော့ပါးရေးအတွက် ဆောင်ရွက်ရုံတင်မကဘဲ အခြားတိုင်းပြည်ကနေ ပြစ်မှုကျူးလွန်ထားပြီး နယ်စပ်ဖြတ်ကျော်ကာ မြန်မာ သို့မဟုတ် ထိုင်းနိုင်ငံထဲမှာ လာရောက် ပုန်းရှောင်နေထိုင်ခြင်း ကိုလည်း ကာကွယ်နိုင်မှာဖြစ်တယ်လို့ နယ်စပ်ဂိတ်တာဝန်ရှိသူက ပြောပါတယ်။ 

အဆိုပါ လက်ဗွေနှိပ်စက်စတင်တပ်ဆင်မှုကို မြန်မာဘက်ခြမ်းက တာချီလိတ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ရဲမှူးထွန်းထွန်းနိုင်နဲ့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့ လာရောက်စစ်ဆေးသွားကြောင်း ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ် ၁ စစ်ဆေးရေးဂိတ်မှာ လူတွေရဲ့ လက်ဗွေကို အခုလိုနှိပ်ယူ မှတ်တမ်းတင်ထားရုံမျှမကဘဲ အထုတ်အပိုးနဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးတဲ့ X-Ray စက်ကိုပါ ထိုင်းဘက်ခြမ်းမှာ အရင်ကတည်းက တပ်ဆင်ထားပြီးဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013