DVB Logo
Home
မြန်မာသတင်း
ဖဲကြိုးစိမ်းကန်ပိန်းလှုပ်ရှားသူများ မကွေးမြို့တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြ
DVB
·
January 24, 2020
ဖဲကြိုးစိမ်းကန်ပိန်းလှုပ်ရှားသူများ မကွေးမြို့တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြ
1 / 3
Donate to DVB

အခြေခံပညာကျောင်းတွေမှာ စာသင်ချိန်တိုးမြှင့်လိုက်ပြီး စာမေးပွဲကာလ နောက်ဆုတ်တာကို ကန့်ကွက်တဲ့အနေနဲ့  မကွေးတိုင်းဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီက ဦးဆောင်ကာ ဒီနေ့မနက် မကွေးမြို့ထဲမှာ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒပြပါတယ်။

ဆန္ဒထုတ်ဖော်ကြရာမှာ မကွေးမြို့ရှိ ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီဝင်တွေ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ပညာဒီပလိုမာ၂ နှစ်သင်တန်းက ကျောင်းသား ကျောင်းသူတွေ အပါအဝင်   အင်အား ၃၀၀ကျော် ပူးပေါင်း ပါဝင်ကြပါတယ်။

ဆန္ဒပြပွဲကိုဦးဆောင်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီ (မကွေး)မှ ဦးဇင်ကိုဝင်းက “ စနစ်တခုကို စပြီး‌တော့မှ အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင် မြေပြင်မှာရှိတဲ့အခက်အခဲတွေကို ဂဃနဏသိအောင်ကြိုးစားသင့်တယ်။ သုတေသနတွေ အရင်လုပ်သင့်တယ်။ အရင်ဆုံး အခြေခံကဆရာ၊ ဆရာမတွေနဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အခု ကျနော်တို့ ဆန္ဒထုတ်ဖော်နေတယ်ဆိုတာကလည်း အစိုးရကို ဆန့်ကျင်‌တာမဟုတ်သလို နိုင်ငံရေးဆူပူအောင် လုပ်နေတာမဟုတ်ပါဘူးဆိုတာ အားလုံးနားလည်စေချင်တယ်”လို့ ပြောပါတယ်။

အခြေခံပညာသင်ဆရာ/ဆရာ‌မတွေအနေနဲ့ ပညာ‌ရေးဝန်ကြီးကို အာဏာရှင်ဆန်တယ်လို့ မြင်ကြောင်း၊ ဝန်ကြီးအနေနဲ့ အောက်ခြေအသံကို နားထောင်သင့်ကြောင်းနဲ့ အခုလိုဆန္ဒပြ တောင်းဆိုတာကို မလိုက်လျောပါက ဆက်လက်ပြီး ဝန်ကြီးကို သပိတ်မှောက်သွားမယ်လို့ ဦးဇင်ကိုဝင်းက ပြောပါတယ်။

လာရောက်ဝန်းရံတဲ့ မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအထွေထွေအတွင်းရေးမှူး ကိုစိုင်းဝဏ္ဏအောင်က “အခြေခံပညာစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်တာကို ကန့်ကွက်ပါတယ်၊ ဆရာဆရာမတွေရဲ့မြေပြင်အနေထားကိုမလေ့လာဘဲနဲ့ ဝန်ကြီးက သူ့သဘောနဲ့အခုလိုလုပ်တာ ဒီမိုကရေစီကိုဆန်ကျင်လိုက်တာပါ။ ပညာရေးစနစ်က ဗဟိုချုပ်ကိုင်မှုများနေတယ်”လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲကို မကွေးတက္ကသိုလ်၊ ပညာရေးကောလိပ်၊ ဆေးတက္ကလိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်တွေက  ဆရာဆရာမကလည်း လိုက်ပါဝန်းရံပေးခဲ့ကြပါတယ်။

ပညာရေးကောလိပ်ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးဝင်းက“ ဒီမိုကရေစီခေတ်ဆိုတော့ သူတို့ရဲ့လွတ်လပ်ခွင့်လေးတွေရှိတယ်လေ၊ ကျောင်းဝိုင်းထဲမှာသူတို့က ငြိမ်းငြိမ်းချမ်းချမ်းလေး ပြောကြတယ်ဆိုရင် ခွင့်ပြုထားတယ်။ မြို့ထဲမှာလည်း လှည့်လည်မယ်ဆိုရင်လည်း ဒါက‌တော့သူတို့ရဲ့လွတ်လပ်ခွင့်ပဲ။ ကျမကသူတို့ တခုခုဖြစ်မှာ စိုးရိမ်တယ်”လို့ ပြောပါတယ်။

ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံသူတွေဟာ ပညာရေးကောလိပ်အနီးမြေကွက်လပ်ကနေ တောင်တွင်းလမ်းမမှ မကွေးတက္ကသိုလ်လမ်းမအတိုင်း တိုင်းပညာရေးမှူးရုံးရှေ့​အထိ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

သတင်း- တင်ရွှေ(မင်းဘူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013