DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်တွင်သိကျွမ်းခဲ့သူထံ သွားရောက်သည့် ထိုင်းရောက်မြန်မာအလုပ်သမ ၁ ဦး မုဒိမ်းကျင့် အသတ်ခံရ 
DVB
·
January 24, 2020
ဖေ့စ်ဘွတ်ခ်တွင်သိကျွမ်းခဲ့သူထံ သွားရောက်သည့် ထိုင်းရောက်မြန်မာအလုပ်သမ ၁ ဦး မုဒိမ်းကျင့် အသတ်ခံရ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုံခရိုင်၊ ဆာမ်ဖလမ်းမြို့နယ်ထဲမှာ မနေ့က မြန်မာ အလုပ်သမားမိန်းကလေး တဦး မုဒိမ်းကျင့်အသတ်ခံခဲ့ရပြီး အဆိုပါအမှုနဲ့ပတ်သက်လို့ မြန်မာအလုပ်သမား တဦးလည်း  ဖမ်းဆီးခံထားရပါတယ်။ 

ဆာမ်ဖလမ်းမြို့နယ် လိုက်ခင်အုပ်စုရှိ ငှက်ပျောခြံထဲမှာ မနေ့ မနက် ၈ နာရီ လောက်က မိန်းကလေး တဦးရဲ့အလောင်းကိုတွေ့ရှိကြောင်း  ခြံပိုင်ရှင်က အကြောင်းကြားတဲ့အတွက် အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖိုးထိကျောက်နယ်မြေရဲစခန်းမှ ရဲအုပ် ထနကွန်း ကျောက်ဆုဝမ်က သတင်းထောက်တွေကို ပြောပါတယ်။ 

တာဝန်ရှိသူတွေ ရောက်သွားတဲ့အချိန်မှာ ငှက်ပျောခြံရဲ့ မြောင်းထဲမှာ အဝတ်ဗလာနဲ့ မှောက်လျက်အနေအထားရှိ မိန်းကလေး တဦးရဲ့အလောင်းကို တွေ့ရှိရကြောင်း၊ အသက်အရွယ်မှာ ၂၀ မှ ၃၀ ကြားရှိပြီး လည်ပင်းမှာ အညိုအမည်းစွဲရာတွေရှိလို့ လည်ပင်းညှစ်ခံရတယ်လို့ ယူဆကြောင်း၊ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသွားဟန်ရှိကာ အလောင်းဘေးမှာ ဘာအဝတ်အစား၊ အသုံးအဆောင်တွေမှ မတွေ့တဲ့အတွက် ဘယ်သူဘယ်ဝါ ဆိုတာတော့ မသိရဘူးလို့ ရဲအုပ်ထနကွန်း က ပြောပါတယ်။ 

မျက်မြင်သက်သေ ထိုင်းရွာသား တဦးပြောပြချက်အရ သူဟာ ၂၂ ရက်နေ့မနက်က ခြံထဲအလုပ်ဆင်းဖို့ရောက်လာစဉ် ငှက်ပျောခြံထဲမှာ အပေါ်ပိုင်းဗလာ အောက်ပိုင်းမှာ ဘောင်းဘီတို ဝတ်ထားပြီး ထိတ်လန့်နေဟန်ရှိ  လူရွယ်တယောက်ကို တွေ့ရကြောင်း၊ ဘာလာလုပ်သလဲဆိုတာကို အော်မေးတော့ တယောက်နဲ့တယောက် ဘာသာစကားမပေါက်တဲ့အတွက် နားမလည်ဘဲ သူ့ အထင်တော့ အဆိုပါလူရွယ်ဟာ လဝကရဲတွေ လက်မှတ်လာစစ်တာကို ကြောက်လို့ တောထဲ လာပုန်းနေတဲ့ တရားမဝင်အလုပ်သမားလို့ ထင်မိကြောင်း ရဲတပ်ဖွဲ့ကို ပြောပါတယ်။ 

ရဲတွေက အဆိုပါလူရွယ်ကို လိုက်လံစုံစမ်း ဖမ်းဆီးစစ်ဆေးရာမှာ လူရွယ်မှာ အသက် ၂၀ နှစ်ရွယ်ရှိ အောင်စိုး ဆိုသူ မြန်မာအလုပ်သမားတဦးဖြစ်ပြီး သူဟာ သေဆုံးသူမိန်းကလေးကို မသိကြောင်း၊ အခင်းဖြစ်တဲ့နေ့က သူ့သူငယ်ချင်း နှစ်ယောက်က မိန်းကလေးကို ခေါ်လာပြီး မုဒိမ်းကျင့်ကာ သူကတော့ အစောင့်လုပ်ပေးတယ်လို့ ကနဦး ဖွင့်ဟပြောဆိုပါတယ်။ 

ဒါပေမယ့် ရဲတွေက ဆက်လက်စစ်ဆေးမေးမြန်းရာမှာတော့ သူဟာ မိန်းကလေးနဲ့ ဖေ့စ်ဘွတ်ခ်မှာ သိကျွမ်းပြီး အဲဒီနေ့က ငှက်ပျောခြံထဲခေါ်လာကာ အဓမ္မပြုကျင့်ဖို့ ကြံခဲ့ကြောင်း၊ မိန်းကလေးက ငြင်းဆိုရုန်းကန်တဲ့အတွက် အကြမ်းဖက်ပြီး ကိစ္စပြီးမြောက်တော့ ထွက်ပြေးခဲ့တာလို့ ဝန်ခံလိုက်ပါတယ်။ 

အောင်စိုးဟာ ထိုင်းနိုင်ငံထဲဝင်လာတာ တလကျော်ပဲရှိသေးကြောင်း၊ နိုင်ငံထဲ ဝင်ရောက်လာ တဲ့ အထောက်အထားလည်းမရှိတာကြောင့် ရဲတပ်ဖွဲ့က သူ့ကို မုဒိမ်းမှု၊ လူသတ်မှုအပြင် နိုင်ငံထဲ တရားမဝင် နေထိုင်မှုတွေနဲ့ပါ အရေးယူအပြစ်ပေးသွားမယ်လို့ ဖိုးထိကျောက်ရဲစခန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

သေဆုံးသူမိန်းကလေးဟာ အသက် ၂၉ နှစ်ရွယ်ရှိပြီး  အုမ်းနွဲ့မြို့ရှိ စက်ရုံတရုံမှာ အလုပ်လုပ်နေတာလို့ Banmuang ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  

ကိုးကား - ခေါဝ်ဆွတ်သတင်းစာ  / ထိုင်းရတ် တီဗွီသတင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013