DVB Logo
Home
Lead Story
၁၉၈၈ ကာလ ဖြစ်ရပ်မှန်ရုပ်ရှင်-‘သောင်းတိုက်ကကြားစေသား’(နမူနာ) 
DVB
·
January 24, 2020
၁၉၈၈ ကာလ ဖြစ်ရပ်မှန်ရုပ်ရှင်-‘သောင်းတိုက်ကကြားစေသား’(နမူနာ) 
Donate to DVB

      ၁၉၈၈ ကာလက ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ရိုက်ကူး ပုံဖော်ထားတဲ့ ‘သောင်းတိုက်ကကြားစေသား’ ရုပ်ရှင်ကို ဇန်နဝါရီလကုန်ပိုင်းမှာ ရုံတင်ပြသသွားဖို့ ရှိနေ ပါတယ်။

       ဒီရုပ်ရှင်ကားကတော့ ပန်းချီရုပ်ပြ မိုးကြိုးရဲ့ ဇာတ်လမ်းကို ဖိုးသာအောင်က ဇာတ်ညွှန်းခွဲ ထားပေးပြီး ဒါရိုက်တာ ထွန်းအောင်ဇော်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ပန်းသခင်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ ၁၉၈၈-၉၀ ပြည့်နှစ် ဝန်းကျင်ကာလ ဖြစ်ရပ်မှန်တချို့ကို အခြေခံပြီး ဆရာဝန်တဦးရဲ့ ကျင့်ဝတ်နဲ့ စိတ်ထားတွေကို Highlight လုပ်ပြီး ရုပ်ရှင်အနေနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။ ခေတ်စနစ်တခုရဲ့ ကြေးမုံပြင်အဖြစ်နဲ့ အပြောင်းအလဲမှာ ကိုယ့်အသက်ကို မမှုဘဲ စတေးခဲ့တဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ဘဝတွေကို ပရိသတ်တွေက အချစ်၊ အလွမ်း၊ ဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရန်အောင်၊ လူမင်း၊ မယ်လိုဒီတို့နဲ့ အတူ မြတ်သူကျော်၊ ပြေဇင်၊ ခြူးလေးစတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါ တယ်။

       ဒီကားထဲမှာတော့ ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး လက်ရှိအချိန်မှာမှ ရုံတင်ပြသနိုင်ခဲ့ တာ ဖြစ်ပါတယ်။

       လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

       ဒီကားကိုတော့ လာမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013