DVB Logo
Home
မြန်မာသတင်း
EABC အချိုရည်စက်ရုံဝန်ထမ်းများ သပိတ်မှောက် 
DVB
·
January 23, 2020
EABC အချိုရည်စက်ရုံဝန်ထမ်းများ သပိတ်မှောက် 
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ ရန်ကုန်-မန္တလေး ကားလမ်းပေါ်က EABC အချိုရည်စက်ရုံ ကုမ္ပဏီဝန်ထမ်းတွေက အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရလို့  သပိတ်မှောက် နေကြပါတယ်။

EABC အချိုရည်စက်ရုံ ဝန်ထမ်းတွေအနေနဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းတာကို စက်ရုံ မန်နေဂျာတွေက တားမြစ်ပိတ်ပင်ခဲ့တာတွေရှိတယ်လို့ EABC အချိုရည်စက်ရုံ ကုမ္ပဏီ အလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကိုပိုင်ဇော်အောင်က ပြောပါတယ်။

“အလုပ်သမားအခွင့်အရေးတွေလည်း ချိုးဖောက်တာတွေက အများကြီးပါ။ အလုပ်ချိန် တိကျမှုလည်းမရှိသလို ခြိမ်းခြောက်မှုတွေလည်းရှိနေလို့ ကျနော်တို့အလုပ်သမားတွေက သပိတ်မှောက်ရတာ”

အလုပ်သမားသပိတ်ကို မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က လာရောက် အားပေးခဲ့ပြီး ပလိပ်နယ်မြေ ရဲစခန်းမှူး ဦးလှညွန့် ကတော့  ဥပဒေနဲ့အညီ စာတင်ကြဖို့ လာရောက်ပြောဆိုခဲ့ပါတယ်။

EABC အချိုရည် စက်ရုံ သပိတ်မှောက်နေတာတွေကို ညှိနှိုင်းလို့ ပြေလည်မှုမရမချင်း EABC ကုမ္ပဏီအုပ်ချုပ်မှုအောက်ရှိနေတဲ့ အာရှအချိုရည်၊ ပါဝါဓာတ်ခဲ၊ ၆၆ဂိုထောင် ကုန်တင်ကုန်ချ အားလုံး လုပ်ငန်းခွင်မဝင်ဘဲ ရပ်ဆိုင်းထားလိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုမင်းသက်ထွေးကပြောပါတယ်။

EABC အချိုရည် စက်ရုံစက်ရုံဟာ ဖိုင်းရာတခွန်၊ လိုက်ချီး၊ အာရှရေသန့်၊ ဒီပေါ့၊ ဗစ်တိုပဲနို့၊ ဗွီကုတ် စတဲ့အချိုရည်တွေကို ဝန်ထမ်းအင်အား ၅၀၀ ကျော်နဲ့ ထုတ်လုပ်နေတဲ့ အချိုရည်စက်ရုံဖြစ် ကာ ဝန်းရံသူနဲ့ သပိတ်မှောက်ဆန္ဒပြတောင်းဆိုသူ ၇၀ နီးပါးရှိပါတယ်။

သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းအသီးသီးနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် ပြေလည်မှု မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013