DVB Logo
Home
မေးမြန်းခန်း
တိုက်ပွဲဖြစ်​ပေမယ့်​ ​တွေ့​ဆုံပွဲ ပျက်မှာမဟုတ်ဘူး​- ​ကေအိုင်အို
DVB
·
February 25, 2013
တိုက်ပွဲဖြစ်​ပေမယ့်​ ​တွေ့​ဆုံပွဲ ပျက်မှာမဟုတ်ဘူး​- ​ကေအိုင်အို
Donate to DVB

လွန်ခဲ့​တဲ့​ရက်ပိုင်း​မှာ အစိုး​ရတပ်​တွေက ​ကေအိုင်အိုစခန်း​တွေကို တိုက်ခိုက်မှု​ကြောင့်​ နှစ်ဘက် ​တွေ့​ဆုံမယ့်​ အစီအစဉ် မဖျက်ပါဘူး​လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေ ​ဖေ​ဖော်ဝါရီ ၄ ရက်​နေ့​က တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ​တွေ့​ဆုံခဲ့​ပြီး​ကတည်း​က နှစ်ဘက်အကြား​ တိုက်ပွဲ​တွေ ရပ်ဆိုင်း​နေရာက ​ဖေ​ဖော်ဝါရီ ၂၃ ရက်​နေ့​မှာ တိုက်ပွဲ​တွေ ပြန်ဖြစ်ပါတယ်။ နှစ်ဘက်အကြား​ တိုက်ပွဲ​တွေနဲ့​ ထပ်​တွေ့​မယ် ​တွေ့​ဆုံပွဲ​တွေရဲ့​ ဖြစ်ထွန်း​တိုး​တက်မှုကို ​ကေအိုင်အို​ပြောခွင့်​ရသူ ဦး​လနန်ကို ဒီဗွီဘီက ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​နဲ့​ ဘယ်​တော့​ဆွေး​နွေး​ဖြစ်မလဲ။

[caption id="attachment_36402" align="alignleft" width="150" caption=" ဦးလနန်"][/caption]

"ဒီလ​တော့​ ​ဆွေး​နွေး​ဖို့​ အချိန်မရဘူး​ ထင်တယ်။ မတ်လထဲမှာမှ ဖြစ်နိုင်မယ်။"

တိုက်ပွဲ​တွေတချို့​ပြန်ကြား​တယ်​နော်။

"၂၃ ရက်​နေ့​က တိုက်ပွဲ ၂ ကြိမ်ပြန်ဖြစ်တယ်။ အခုအချိန်မှာ တိုက်ပွဲအ​နေအထား​ စိုး​ရိမ်စရာရှိတယ်။ တင်း​မာတယ်လို့​ ​ပြောရမယ်။ ​နေရာတကာမှာ တိုက်ပွဲကပြန်​ပေါ်လာနိုင်စရာ ရှိတယ်။ ဘာလို့​လဲဆို​တော့​ အစိုး​ရစစ်တပ်က တပ်အင်အား​ဖြည့်​တင်း​မှု​တွေ လုပ်​နေတယ်။ ​နောက် သူတို့​ရဲ့​ လုပ်​ဆောင်မှု​တွေကလည်း​ ​ကေအိုင်​အေတပ်ဖွဲ့​ကို အပြစ်ရှာတဲ့​လုပ်​ဆောင်မှု ​ပေါ့​လေ။ ​ကေအိုင်​အေက​နေ မိုင်း​ထောင်ထား​တယ်ဆိုတဲ့​ ပုံစံမျိုး​။ အဲလိုလုပ်​နေတယ် ဆိုကတည်း​က သူတို့​ထဲမှာ သိပ်ပြီး​ ရိုး​သား​မှုမရှိ​သေး​ဘူး​။ ဒါ​ပေမယ့်​ ဒီကိစ္စ​ကြောင့်​ ​ဆွေး​နွေး​မှုရပ်ဆိုင်း​မှု၊​ ​ရွှေ့​ဆိုင်း​မှုက​တော့​ လုပ်မှာမဟုတ်ဘူး​။"

၂၃ ရက်မှာဖြစ်တာ​တွေက ဘယ်ခွင်မှာ ဖြစ်တာလဲ။

"​ကေအိုင်​အေ တပ်မဟာ ၁ ခွင် တပ်ရင်း​တပ်ဆင်း​နေရာ။ ချီ​ဖွေ ​ဒေသလို့​ ​ပြောလို့​ရတယ်။ ပန်ဝါရဲ့​ အ​နောက်ဘက် ​မေခမြစ်ရဲ့​ အ​ရှေ့​ဘက်ခြမ်း​ အဲကြား​မှာဖြစ်တာ။"

တိုက်ပွဲက သာမန်လူမှား​ထိ​တွေ့​ တိုက်ပွဲလား​။ စခန်း​သိမ်း​လား​။

"ကျ​နော်တို့​ရှိတဲ့​ တပ်စခန်း​ကို သူတို့​က ဝန်း​ရံပြီး​တော့​ တပ်စခန်း​သိမ်း​ပုံစံမျိုး​ လာလုပ်တာပါ။ ဒါက မ​တော်မဆဖြစ်စဉ်လည်း​ မဟုတ်ဘူး​။ တမင်ရည်ရွယ်ချက်ရှိရှိလုပ်တာပါ။ အဲမှာ ခလရ ၂၉၀ ပါတယ်။ နယ်ခြား​စောင့်​တပ် ၁၀၀၁၊​ ၁၀၀၂ ပါတယ်။ ဦး​ဆခုန်တိန့်​ယိန်း​ရဲ့​ ပြည်သူ့​စစ်တပ်အဖွဲ့​ဝင်​တွေ ပါတယ်။ အင်အား​ ၁၅ဝ​လောက်ရှိတယ်၊​ ဒါက တ​နေရာ။ ​နောက်တ​နေရာမှာက ခလရ ၂၉ ပါတယ်။ နယ်ခြား​စောင့်​တပ် တပ်ဖွဲ့​ဝင်​တွေပါတယ်။ ဦး​ဆခုန်တိန့်​ယိန်း​ရဲ့​ ပြည်သူ့​စစ်တပ် တပ်ဖွဲ့​ဝင်​တွေပါတယ်။ အင်အား​ ၂၀၀ ပတ်ဝန်း​ကျင်ရှိတယ်။ တချိန်ထဲမှာ ​နေရာ ၂ ခုကို ရည်ရွယ်ချက်ရှိရှိနဲ့​ လာလုပ်တာပါ။ မ​တော်တဆထိ​တွေ့​တာ၊​ နား​လည်မှု လွဲမှား​ပစ်ခတ်တာမျိုး​ မဟုတ်ဘူး​။ အခုလည်း​ အဲ​ဒေသမှာ မ​နေ့​ကစပြီး​ ဒီ​နေ့​အထိ အ​ခြေအ​နေ တင်း​တင်း​မာမာရှိတယ်။"

အချိန်ဘယ်​လောက်အား​ဖြင့်​ တိုက်ပွဲ​တွေဖြစ်လဲ။

"နာရီပိုင်း​နဲ့​ဖြစ်တယ်။ တ​နေရာမှာဆိုရင် မနက် ၉ နာရီ​လောက်က​နေ မွန်း​လွဲပိုင်း​အထိဖြစ်တယ်။ ​နောက်တ​နေရာမှာလည်း​ နာရီ ၃ နာရီ​လောက် ဖြစ်တယ်လို့​ ကြား​မိတယ်။"

ဒီလိုတိုက်ပွဲ​တွေဖြစ်​တော့​ ချင်း​မိုင်မှာ အစိုး​ရနဲ့​ ယူအန်အက်ဖ်စီ​တွေ့​တော့​ ​ကေအိုင်အိုက​နေ ​ဒေါက်တာလဂျာတို့​ တက်တာ​တွေ့​ရတယ်​လေ။ မြန်မာပြည်သမိုင်း​မှာ နိုင်ငံ​ရေး​တွေ့​ဆုံ ​ဆွေး​နွေး​ပွဲ​တွေ ဒီလိုမျိုး​ အစပြု​တောင်လုပ်ပြီး​တော့​ ​ကေအိုင်အိုကိုလည်း​ တိုက်တယ်။ ရှမ်း​မြောက်နဲ့​လည်း​ ပစ်ခတ်မှု​တွေဖြစ်တယ်ဆို​တော့​ ဒါနဲ့​ပတ်သက်လို့​ ဦး​လနန် ဘာ​ပြောစရာရှိမလဲ။

"ဒါထူး​ခြား​မှု​တော့​ မဟုတ်ဘူး​။ မြန်မာ့​တပ်မ​တော်က​နေ ဒီလိုလုပ်​ဆောင်မှုက ​ခေတ်အဆက်ဆက်၊​ သမိုင်း​အဆက်ဆက်မှာ၊​ အစိုး​ရအဆက်ဆက်မှာ အမြဲတမ်း​လုပ်​နေကျ လုပ်ရပ်၊​ ဖြစ်ရိုး​ဖြစ်စဉ်ပါ။ ဒါ​ပေမယ့်​ ဒီထက်ပိုဆိုး​မသွား​အောင်လို့​ ဆိုး​သွမ်း​မှုမဖြစ်​အောင်လို့​ ဝိုင်း​ဝန်း​ထိန်း​သိမ်း​ရမှာပါ။ အပစ်အခတ်ရပ်စဲ​ရေး​ကာလမှာ ဒီလိုအဖြစ်အပျက်မျိုး​တွေ အများ​ကြီး​ဖြစ်ခဲ့​ဖူး​တယ်။ ကျ​နော်တို့​ဘက်က စိတ်ရှည်သည်း​ခံပြီး​မှ ပြဿနာမကြီး​အောင်၊​ မဖြစ်​အောင် ​ကျော်ဖြတ်ခဲ့​တဲ့​အချိန်​တွေ ​တော်​တော်ရှိခဲ့​ဖူး​တယ်။ အခုလည်း​ ဒီလိုမျိုး​ ဆက်ပုံ​ဖော်ဖို့​ရှိတယ်။ အခု အပစ်အခတ်ရပ်စဲ​ရေး​သ​ဘောတူညီချက်ရထား​တဲ့​ ရှမ်း​ပြည်တပ်မ​တော်(​မြောက်ပိုင်း​)နဲ့​လည်း​ ဖြစ်တယ်ဆို​တော့​ ဒါက ပိုဆိုး​တဲ့​လုပ်ရပ်​ပေါ့​။ အား​လုံး​ကလည်း​ နား​လည်ပြီး​သား​ပါ။ ဒီလိုဆက်ပြီး​ဖြစ်လာမယ်ဆိုတာလည်း​ အား​လုံး​က ခန့်​မှန်း​တွက်ချက်ပြီး​သား​။ ဒါ​ပေမယ့်​ အဲလိုဖြစ်ရုံနဲ့​ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​မှုကို ဖျက်ဆီး​ပစ်မယ်ဆိုတာ​တော့​ မဖြစ်သင့်​ဘူး​။"

ဒါဆိုရင် ဒီလကုန်ပိုင်း​ ဒါမှမဟုတ် မတ်လဆန်း​မှာ အစိုး​ရနဲ့​ ​တွေ့​ဆုံပွဲက​တော့​ မဖျက်ဘူး​ပေါ့​။

"​ဖေ​ဖော်ဝါရီအတွင်း​ ​တွေ့​ဖို့​အချိန် သိပ်ကပ်လွန်း​သွား​ပြီ။ မတ်လ ဒုတိယအပတ်​လောက်မှာ​တော့​ ​တွေ့​နိုင်မယ်လို့​ ​မျှော်မှန်း​တယ်။"

ကေအိုင်အို​ခေါင်း​ဆောင်ပိုင်း​တွေနဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေဟာ ​တွေ့​ဆုံပွဲ​တွေမှာ လက်ဆွဲနှုတ်ဆက်ပြီး​ ​အောက်​ခြေမှာကျ​တော့​ တိုက်ပွဲ​တွေဆက်ဖြစ်​နေတာက မြန်မာပြည်သူ​တွေက ဘယ်လိုနား​လည်ရမလဲ​တောင် မသိဘူး​။ တခွန်း​တည်း​ နား​လည်​အောင် ဦး​လနန် ဘာ​ပြောချင်ပါလဲ။

"​တွေ့​ဆုံ​ဆွေး​နွေး​တုန်း​က ​ဆွေး​နွေး​မှုအ​ပေါ်မှာလည်း​ လက်ဆွဲနှုတ်ဆက်ပြီး​ သ​ဘောတူညီချက် တစုံတရာရတာမရှိ​သေး​ဘူး​။ ​ဖေ​ဖော်ဝါရီလ​တွေ့​တုန်း​ကလည်း​ လက်ဆွဲနှုတ်ဆက်ပြီး​ အား​လုံး​အဆင်​ပြေပါပြီ၊​ အား​လုံး​ အို​ကေဖြစ်ပါပြီ ဆိုတာမျိုး​ မလုပ်ပါဘူး​။"

ချင်း​မိုင်မှာ အစိုး​ရနဲ့​ ယူအန်အက်ဖ်စီ​ဆွေး​နွေး​ပွဲ သတင်း​စာရှင်း​လင်း​ပွဲမှာ ဝန်ကြီး​ ဦး​အောင်မင်း​က​ပြောတယ်၊​ ယူအန်အက်ဖ်စီနဲ့​တော့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲအစ​ခြေလှမ်း​ပြုပြီ။ ​ကေအိုင်အိုလည်း​ ​နောက်ပိုင်း​ပါလာမှာပါလို့​ ​ပြောတယ်။ အခုတိုက်ပွဲ​တွေဖြစ်တယ်။ ဒီ​ပြောဆိုချက်အ​ပေါ်လည်း​ သုံး​သပ်ပြပါ။

"ကျ​နော်တို့​က နဂိုကတည်း​က​ပြောပြီး​သား​ပါ။ အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်​ရေး​ထိုး​မှုမပြုဘဲ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​မှုပဲ ပုံ​ဖော်သွား​မယ်လို့​ ​ပြောထား​တာ ရှိတယ်။ အဲကိစ္စ၊​ အဲပုံစံအတိုင်း​သွား​မှာပါ။ ​ရှေ့​တန်း​မှာဖြစ်​နေတဲ့​ တိုက်ပွဲ​တွေ​လျော့​နည်း​သွား​အောင်​တော့​ ဒါက နှစ်ဦး​နှစ်ဖက်​တွေ့​ဆုံတဲ့​အခါ ​ဆွေး​နွေး​မှုထဲ ဒီကိစ္စ​တွေပါသွား​နိုင်ပါတယ်။"

ဝန်ကြီး​ ဦး​အောင်မင်း​က​ပြောတယ်. ​ကေအိုင်အိုအပါအဝင် ယူအန်အက်ဖ်စီက​နေ ဖက်ဒရယ်ပြည်​ထောင်စုဆိုပြီး​ တ​လျှောက်လုံး​ရပ်တည်ခဲ့​တယ်ဆို​တော့​ ဒါနဲ့​ပတ်သက်လို့​လည်း​ သ​ဘောထား​ကွဲလွဲတာမရှိပါဘူး​ ဆို​တော့​ ​ကေအိုင်အိုနဲ့​ အစိုး​ရ​နောက်ပိုင်း​တွေ့​ဆုံပွဲက အလား​အလာ​ကောင်း​နိုင်လား​။

"ဖက်ဒရယ်ပြည်​ထောင်စုနဲ့​ ဖက်ဒရယ်ပုံစံလို့​ပြောတဲ့​အခါမှာလည်း​ စဉ်း​စား​စရာ အများ​ကြီး​ရှိတယ်။ ​ဒေသန္တရကိုအ​ခြေခံတဲ့​ ဖက်ဒရယ်ပုံစံလား​။ လူမျိုး​စု၊​ ပြည်နယ်ကိုအ​ခြေခံတဲ့​ ဖက်ဒရယ်ပုံစံလား​ ဆိုတာကို ကွဲကွဲပြား​ပြား​ ရှင်း​ရှင်း​လင်း​လင်း​ပြောဖို့​ လိုတယ်။ တချို့​နိုင်ငံ​တွေမှာ အသုံး​ပြုတဲ့​ ဖက်ဒရယ်ပုံစံဟာ ​ဒေသန္တရ ပထဝီနယ်​မြေ အ​နေအထား​ကို ပိုင်း​ခြား​ပြီး​မှလုပ်တဲ့​ ဖက်ဒရယ်ပုံစံပါ။ တို့​ တိုင်း​ရင်း​သား​တွေ​ပြော​နေတဲ့​ ဖက်ဒရယ်ပုံစံက​တော့​ လူမျိုး​စုကိုအ​ခြေခံတဲ့​၊​ ပြည်နယ်ကိုအ​ခြေခံတဲ့​ ဖက်ဒရယ်ပုံစံကို​ပြောတာပါ။ ဒီကိစ္စအ​ပေါ်မှာလည်း​ ဖက်ဒရယ်ဆိုတဲ့​ စကား​လုံး​တလုံး​နဲ့​ပဲ အား​လုံး​က​ရော​ယောင်ပြီး​ အယုံသွင်း​ခံရတာမျိုး​ မဖြစ်ဖို့​တော့​ လိုတယ်။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013