DVB Logo
Home
မေးမြန်းခန်း
အလုပ်သမား​စင်တာ ထူ​ထောင်ရန် အစိုး​ရသ​ဘောတူ
DVB
·
February 23, 2013
Donate to DVB

အလုပ်သမား​ပြဿနာ​တွေ ​ဖြေရှင်း​နိုင်​အောင် အစိုး​ရ၊​ အစိုး​ရမဟုတ်​သောအဖွဲ့​အစည်း​၊​ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေ အား​လုံး​ပါဝင်မယ့်​ အလုပ်သမား​စင်တာ ထူ​ထောင်ဖို့​ သ​ဘောတူခဲ့​တယ်လို့​ သိရပါတယ်။

ပြည်​ထောင်စုဝန်ကြီး​တွေနဲ့​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​နေသူ​တွေ ရန်ကုန်မြို့​က ငြိမ်း​ချမ်း​ရေး​စင်တာမှာ ဒီ​နေ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြပြီး​၊​ အစိုး​ရဘက်က အခုလို သ​ဘောတူခဲ့​တာလို့​ မြန်မာနိုင်ငံ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်သူများ​ကွန်ရက် ထူ​ထောင်သူတဦး​ဖြစ်တဲ့​ ​ရှေ့​နေဦး​ဌေး​က ​ပြောပါတယ်။

ရှေ့​နေဦး​ဌေး​ကို ဒီဗွီဘီက ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

အန်ကယ်တို့​ ဒီ​နေ့​ ဝန်ကြီး​ ၃ ဦး​နဲ့​ အလုပ်သမား​အ​ရေး​ဆွေး​နွေး​ဖြစ်ကြတယ်လို့​ သိရတယ်။ ဘာ​တွေ​ဆွေး​နွေး​ဖြစ်ကြပါလဲ။

"အလုပ်သမား​တွေက စက်ရုံ​တွေမှာ သူတို့​ကြုံ​တွေ့​နေရတဲ့​ အလုပ်သမား​အခွင့်​အ​ရေး​ ဆုံး​ရှူံး​မှု​တွေနဲ့​ အလုပ်သမား​အဖွဲ့​အစည်း​တွေ ဖွဲ့​တဲ့​အခါ ရင်ဆိုင်ရတဲ့​အ​ခြေအ​နေ​တွေ အလုပ်သမား​ရေး​ရာပြဿနာ​တွေ ​ဖြေရှင်း​တဲ့​အခါ ​တွေ့​ကြုံရတဲ့​ အခက်အခဲ​တွေကို တင်ပြကြတယ်။ ကျ​နော်တို့​က​တော့​ အလုပ်သမား​ရေး​ရာကိစ္စ​တွေ၊​ ထိုင်သပိတ်​တွေက ​နေ့​တိုင်း​လုပ်​နေတဲ့​အတွက် အလုပ်သမား​အဖွဲ့​အစည်း​တွေက​နေ ဖွဲ့​တာဖြစ်ဖြစ်၊​ အလုပ်သမား​ပြဿနာ​တွေ ​ဖြေရှင်း​ရာမှာပဲဖြစ်ဖြစ် အလုပ်သမား​အခွင့်​အ​ရေး​ ​တောင်း​တာပဲဖြစ်ဖြစ် ကျ​နော်က​တော့​ အစအဆုံး​လက်ရှိလုပ်ကိုင်​နေ​တော့​ အဲဒါ​တွေရဲ့​ ​နောက်ပိုင်း​ဖြစ်​ပေါ်​နေတဲ့​ အ​ခြေအ​နေ​တွေကို ကျ​နော်က တင်ပြတာ​ပေါ့​။ အလုပ်သမား​တွေက ကိုယ့်​လိုအပ်တဲ့​ အခွင့်​အ​ရေး​တွေ​တောင်း​လို့​ပဲဖြစ်ဖြစ်၊​ ဥပ​ဒေနဲ့​အညီ ​တောင်း​တာမှာ အလုပ်ထုတ်ခံရတာများ​နေပါတယ်။ အဲလိုပဲ အလုပ်သမား​အဖွဲ့​အစည်း​တွေဖွဲ့​တယ်။ ဖွဲ့​ရာမှာ ပိုင်ရှင်​တွေဘက်က အ​ကြောင်း​ပြချက်အမျိုး​မျိုး​နဲ့​ အလုပ်က ထုတ်တယ်။ ဥပ​ဒေနဲ့​အညီ အလုပ်သမား​ရေး​ရာအငြင်း​ပွား​မှု​တွေကို ညှိနှိုင်း​ဖြေရှင်း​တယ်။ တရား​ဝင်တိုင်စာ​တွေနဲ့​ ကျ​နော်တို့​ ​ဖြေရှင်း​ကြရတာ​ပေါ့​။ ​ဖြေရှင်း​တဲ့​လူလည်း​ သက်ဆိုင်ရာ စက်ရုံလုပ်ငန်း​ရှင်​တွေက ထုတ်တာပဲ။ အ​ကြောင်း​အမျိုး​မျိုး​နဲ့​ ထုတ်ခံရတဲ့​ အလုပ်သမား​တွေများ​တဲ့​အတွက် ဥပ​ဒေနဲ့​အညီ ​ဆောင်ရွက်ကြတဲ့​ အလုပ်သမား​တွေအ​ပေါ် ဒီလိုထုတ်တာဟာ တဖက်က အလုပ်သမား​တွေကို ဥပ​ဒေ​ဘောင်ထဲက ​ဆောင်ရွက်တဲ့​အ​လေ့​အထပျက်ပြီး​ ကျန်တဲ့​လမ်း​ကြောင်း​ရွေး​မှာ​တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ​ကြောင့်​ အလုပ်သမား​တွေကို အလုပ်ရှင်​တွေဘက်က အ​ကြောင်း​ပြချက်အမျိုး​မျိုး​နဲ့​ ထုတ်​နေတာကို ကာကွယ်​ပေး​ဖို့​ တင်ပြတာပါ။"

အလုပ်ရှင်​တွေက​နေ အလုပ်သမား​အ​ရေး​ဆောင်ရွက်​နေသူ​တွေ၊​ အသင်း​အဖွဲ့​ဖွဲ့​နေတဲ့​ အလုပ်သမား​တွေကို အ​ကြောင်း​အမျိုး​မျိုး​ပြ အလုပ်ထုတ်​နေတာကို ပြည်​ထောင်စုဝန်ကြီး​တွေ ဘက်က ဘာ​တွေပြန်လည်​ဆွေး​နွေး​ပါလဲ။

"သူတို့​ကမှတ်တမ်း​ထား​တာကလွဲ ပြန်သုံး​သပ်ချက်​တော့​ ထွက်မလာပါဘူး​။ တခုက​တော့​ အလုပ်သမား​ပြဿနာ​တွေက ဖြစ်တာများ​တယ်။ အဲဒါ​တွေ စိစစ်နိုင်​အောင် အလုပ်ရှင်ရယ်၊​ အလုပ်သမား​ရယ်၊​ အစိုး​ရရယ်၊​ အန်ဂျီအို​တွေရယ် ​တွေ့​ဆုံ​ဖြေရှင်း​နိုင်​အောင် အလုပ်သမား​စင်တာ ​ဆောင်ရွက်​ပေး​ဖို့​ တင်ပြတာကို​တော့​ ​ဆောင်ရွက်ဖို့​ သူတို့​က ​ပြောသွား​တယ်။ အဲဒါ​တော့​ လမ်း​ကြောင်း​ပွင့်​သွား​တာ​ပေါ့​။ အလုပ်သမား​စင်တာ​တွေ​ပေါ်လာရင်​တော့​ အလုပ်သမား​တွေ၊​ လယ်သမား​တွေ​တွေ့​ကြုံ​နေရတဲ့​ ပြဿနာ​တွေကို အဲက​နေ​ဖြေရှင်း​မယ်ဆိုရင် မြန်ဆန်မှာ​ပေါ့​။ မဟုတ်ရင် တဦး​ချင်း​၊​ တဖွဲ့​ချင်း​၊​ညှိနှိုင်း​ဖျန်​ဖြေ​ရေး​ ဥပ​ဒေ​တွေနဲ့​ အဆင့်​ဆင့်​ဖြေရှင်း​နေရင်​တော့​ မပြီး​နိုင်ဘူး​ပေါ့​။ အဲဒါကို​တော့​ သူတို့​က ဆက်လက်​ဆောင်ရွက်ဖို့​ သူတို့​ဆီ စာတမ်း​တင်ဖို့​ပြောတယ်။ အဲဒါကို ဦး​မောင်​မောင်တို့​က​နေ အချိန်မီပြီး​အောင် တင်​ပေး​ရမယ့်​ သ​ဘောပါ။"

အလုပ်သမား​စင်တာဆိုတာက မြို့​နယ်တိုင်း​မှာ ဖွင့်​မှာလား​။ ဘယ်လိုမျိုး​ပါလဲ။

“မြို့​နယ်တိုင်း​ပေါ့​။ ပထမဆုံး​က​တော့​ အလုပ်သမား​ကိစ္စအတွက် တာဝန်ယူ​ဆောင်ရွက်ဖို့​ အလုပ်သမား​စင်တာ။ အဲဒါ ​ပေါ်ဖို့​ ပထမဆုံး​အ​ရေး​ကြီး​တာ​ပေါ့​။ အဲဒါ​ပေါ်လာရင် အစိုး​ရရယ်၊​ အလုပ်ရှင်နဲ့​ အလုပ်သမား​ရယ်၊​ အန်ဂျီအို​တွေရယ် စနစ်တကျ ​တွေ့​ဆုံ​ဖြေရှင်း​ပြီး​တော့​ အဲက​နေတဆင့်​ ပြဿနာ​တွေ​ပြေလည်​အောင်လုပ်မယ်ဆိုရင် ​ပြေလည်နိုင်မယ်လို့​ ယူဆလို့​ ကျ​နော်အကြံ​ပေး​ခဲ့​တာပါ။ ​အောက်​ခြေမှာ​တော့​ ညှိနှိုင်း​ဖြေရှင်း​ရေး​ကော်မတီ၊​ မြို့​နယ်ညှိနှိုင်း​ဖျန်​ဖြေ​ရေး​နဲ့​ ခုံသမာဓိအဖွဲ့​အစည်း​၊​ ခုံသမာဓိ​ကောင်စီရှိတယ်။ မ​အောင်မြင်တာ​တွေက များ​တယ်။ အလုပ်ထုတ်ခံရတာအတည်ဖြစ်ပြီး​ ​လျော်​ကြေး​ပေး​ ဆုံး​ဖြတ်တာ​တွေ များ​နေတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013