DVB Logo
Home
မြန်မာသတင်း
ပြည်သူကို ကတိကဝတ်များ လွယ်လွယ်မပေးရန် အတိုင်ပင်ခံတိုက်တွန်း
DVB
·
January 22, 2020
ပြည်သူကို ကတိကဝတ်များ လွယ်လွယ်မပေးရန် အတိုင်ပင်ခံတိုက်တွန်း
1 / 5
Donate to DVB

ပြည်သူလူထုကို ပေးတဲ့ကတိတွေတည်ဖို့ အင်မတန် အရေးကြီးပြီး ကတိကဝတ်တွေကို လွယ်လွယ်မပေးကြဖို့ အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်တွေနဲ့ အစိုးရအဖွဲ့ကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းခရီးစဉ်အတွင်း ပင်လည်ဘူးမြို့နယ်က ပြည်သူလူထုနဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။

"ပြည်သူလူထုကို ပေးတဲ့ကတိတွေတည်ဖို့ ကျမ အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်တော့မှ ကျမ ပေါ့ပေါ့တန်တန်နဲ့ ကတိမပေးပါဘူး။ စကားတစ်ခွန်းပြောရင် ဒါကို အလေးအနက်ထားရမယ်ဆိုတာကို ကျမ မှတ်ယူထားပါတယ်။ အထူးသဖြင့် ကျမတို့ ပြည်သူ လူထုနဲ့ ပတ်သက်ရင် နှစ်သိမ့်တဲ့ သဘောနဲ့၊ ပြဿနာရှင်းတဲ့ သဘောနဲ့ လုပ်နိုင်တာ၊ မလုပ်နိုင်တာ ကို မဆင်ခြင်ဘဲနဲ့ ကတိကဝတ်တွေကို လွယ်လွယ်ပေးတဲ့ အလုပ်ကို ကျမ ဘယ်တုန်းကမှ မလုပ်ခဲ့ ပါဘူး။ ကျမတို့အဖွဲ့ချုပ်က အဖွဲ့ဝင်တွေကိုလည်း ကျမ အမြဲတမ်းမှာပါတယ်။ လက်ရှိ အစိုးရ အဖွဲ့ဝင်တွေကိုလည်း မှာပါတယ်။ မတည်နိုင်တဲ့ ကတိတွေကို ပြည်သူလူထုကို မပေးပါနဲ့၊ မတည်နိုင်တဲ့ ကတိတွေပေးလိုက်ရင် ဒီကတိတွေ မတည်နိုင်တာကြောင့်မို့ ပြည်သူလူထုရဲ့ ယုံကြည်မှု ဆုံးရှုံးသွားပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှု ဆုံးရှုံးသွားရင်ပြန်ပြီး တည်ဆောက် ရတာ အင်မတန်မှ ခက်ပါတယ်။ ကျမတို့အတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ချင်တယ်ဆိုတဲ့ လူတိုင်း၊ လူတိုင်းအတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုရဖို့ဆိုတာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။”

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့က လူထုတွေ့ဆုံပွဲမှာလည်း အစိုးရအဖွဲ့တွေက တဆင့်တင်ပြတာ၊ လွှတ်တော် ကိုယ်စားလှယ်တွေက တဆင့်တင်ပြတာ မဟုတ်ဘဲ ပြည်သူများ ကိုယ်တိုင် ကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့အတိုင်း တင်ပြတာကို ကြားချင်လို့ တွေ့ဆုံပွဲတွေ လုပ်တာလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ခရီးစဉ်ကို ပြည်ထောင်စုဝန်ကြီးတချို့လိုက်ပါခဲ့ပြီး နန်းယွန်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ တမူး စတဲ့မြို့က ဒေသခံတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဓာတ်ပုံ - MSCO fb page

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013