DVB Logo
Home
မြန်မာသတင်း
ပဏာမ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးထိုးရန် ကေအိုင်အေအဆင်သင့်ရှိဟု ဦးဆန်အောင်ပြော
DVB
·
January 22, 2020
ပဏာမ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးထိုးရန် ကေအိုင်အေအဆင်သင့်ရှိဟု ဦးဆန်အောင်ပြော
Donate to DVB

ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ)က အစိုးရနဲ့ ပဏာမပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Bilateral Case-fire Agreement) လက်မှတ်ရေးထိုးဖို့ အဆင်သင့်ရှိနေပေမယ့် ကျန်တဲ့မဟာမိတ်အဖွဲ့နဲ့ ဆွေးနွေးမှုမပြေလည်သေးတာကြောင့် လက်မှတ်ထိုးဖို့ ကြန့်ကြာနေတာလို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်က ပြောပါတယ်။

“ကျနော်တို့သိထားသလောက်က ကေအိုင်အိုကတော့ အစီအစဉ်ရှိပြီးသား၊ အဲဒါ ကျန်တဲ့ အဖွဲ့တွေနဲ့ ပတ်သက်တဲ့ဟာတွေမှာ ဆွေးနွေးမှုမပြတ်သေးတာ။ ဆွေးနွေးရင်းနဲ့အချိန်ယူပြီး ပြန်ဆွေးနွေးရဦးမှာ မပြတ်သေးတာပေါ့။ ”

ကေအိုင်အေအနေနဲ့ ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Bilateral Case-fire Agreement) လက်မှတ်ကို ကျန်တဲ့ ကိုးကန့်အဖွဲ့၊ အေအေနဲ့ တီအန်အယ်အေ တို့နဲ့အတူ ထိုးမှာဖြစ်ပြီး ကျန်အဖွဲ့တွေနဲ့ အစိုးရဆွေးနွေးမှု မပြတ်သေးတာလို့လည်း ပြောပါတယ်။

“တစ်နေတာတော့ များများစားစားမရှိဘူး။ စစ်တွေကိစ္စ၊ တကယ်လို့ ပြဿနာဖြစ်ရင် ဖြေရှင်း တဲ့ကိစ္စ အဲဒါတွေက ပြန်ဆွေးနွေးရမှာပေါ့။ Bilateral ကတော့ အားလုံးလေးဖွဲ့လုံးဖြစ်မှာပေါ့နော်။ ကျန်တဲ့ တပ်နေရာချထားရေးတို့၊ ကျန်တဲ့ကိုယ့်အဖွဲ့နဲ့ ကိုယ်ပတ်သက်တဲ့ဟာတွေကျတော့ ကိုယ့်အဖွဲ့နဲ့ကိုယ်ပဲ ဆွေးနွေးမှာပေါ့။ ဒါပေမယ့် Bilateral ကျတော့ ပြိုင်တူထိုးမယ်ဆိုတဲ့ အပေါ်မှာ ရပ်တည်ထားတယ်။”

Bilateral Agreenment  ထိုးနိုင်ရေး ဆွေးနွေးပွဲကို အခုဇန်နဝါရီလမှာ မြောက်ပိုင်း ၄ ဖွဲ့နဲ့ အစိုးရအဖွဲ့ ဆွေးနွေးဖို့ ပြောဆိုထားမှုရှပေမယ့် အစိုးရဘက် မအားလပ်တဲ့အပေါ်လာမယ့် ဖေဖော်ဝါရီလကျမှ ပြန်လည်ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဦးဆန်အောင်က ပြောပါတယ်။ 

ကေအိုင်အေအဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ဟာ အစိုးရနဲ့ သြဂုတ် ၃၁ ရက်နေ့က ကျိုင်းတုံမြို့မှာ တစ်ကြိမ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ကျိုင်းတုံမြို့မှာ တကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013