DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၂ ရက်အတွင်း တရားမဝင်သစ် ၁၆၁ ချောင်း ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
January 22, 2020
ဧရာဝတီတိုင်းတွင် ၂ ရက်အတွင်း တရားမဝင်သစ် ၁၆၁ ချောင်း ပိုင်ရှင်မဲ့ဖမ်းမိ
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်နဲ့ ဟင်္သာတခရိုင်အတွင်းမှာ ၂ ရက်အတွင်း ပျဉ်းကတိုးသစ်ခွဲသားအပါအဝင် သစ်ချောင်း ၁၆၁ ချောင်းကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဟင်္သာတခရိုင် သစ်တောဦးစီးဌာနက သစ်တောဝန်ထမ်းတွေ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့အတူ ဇန်နဝါရီ ၂၀ ရက်နေ့က အင်္ဂပူမြို့နယ်၊ သပြေပင်ကွင်းအတွင်းမှ တရားအဝင် ပျဉ်ကတိုးသစ်ခွဲသား ၁၁၀ ချောင်း၊ ၉.၀၈၆၂ တန်ကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်အတွင်း ပုသိမ်-မုံရွာကားလမ်းအတိုင်း မောင်းနှင်လာ တဲ့ ၆ ဘီးယာဉ်ကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ သစ်တောဝန်ထမ်းများက တားဆီးစစ်ဆေးစဉ် တရားမဝင် တောင်သရက်ခွဲသား ၅၁ ချောင်း၊ (၈.၃၀၆၆) တန်ကိုဖမ်းမိခဲ့ပြီး သစ်ပိုင်ရှင် ရေကြည်မြို့နယ်နေထိုင်သူ ဦးအောင်ကိုမင်းနဲ့ ယာဉ်ပိုင်ရှင် ဦးခင်ဇော်(ခ)ဇော်ကြီး၊ ယာဉ်မောင်း ဦးကိုကိုမောင်တို့ကို ရေကြည်မြို့မရဲစခန်းမှာ သစ်တောဥပဒေပုဒ်မ ၄၁ (က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်းသစ်တောဦးစီးဌာနက သိရပါတယ်။

ဟင်္သာတခရိုင်နဲ့ ပုသိမ်ခရိုင်တို့မှာ ဇန်နဝါရီ ၂၀၊ ၂၁ ရက်အတွင်း သစ်ဖမ်းဆီးရမိတာ ပျဉ်း ကတိုသစ်ချောင်း ၁၁၀ ချောင်း၊ ၉.၀၈၆၂ တန်နဲ့ တောင်သရက်ခွဲသား ၅၁ ချောင်း၊ ၅၁ ချောင်း၊ ၈.၃၀၆၆ တန်၊ စုစုပေါင်း သစ်ချောင်း ၁၆၁ ချောင်း၊ ၁၇.၃၈၉၂ တန်ကို ဖမ်းဆီးရမိခဲ့တာပါ။

ဧရာဝတီတိုင်းမှာ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၇ ရက်နေ့ကလည်း ရေကြည်မြို့နယ်အတွင်း သစ် ဖမ်းဆီးရမိမှု ၂ ကြိမ်ထိရှိခဲ့ပြီး တရားမဝင် တောင်သရက်ခွဲသား ၁၉၂ ချောင်းကို ပိုင်ရှင်မဲ့ ဖမ်းမိ ခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013