DVB Logo
Home
မြန်မာသတင်း
ဟာသသရုပ်ဆောင်အောင်ရဲထွေးအမှု ပြန်ခေါ်သက်သေကို စစ်ဆေး
DVB
·
January 21, 2020
ဟာသသရုပ်ဆောင်အောင်ရဲထွေးအမှု ပြန်ခေါ်သက်သေကို စစ်ဆေး
Donate to DVB

ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရသူ သုံးဦးကို ဇန်နဝါရီ ၂၁ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ပြန်ခေါ်သက်သေ ၂ ဦးထဲက ၁ ဦးကို စစ်ဆေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က အခင်းဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို အခင်းဖြစ်ပွားရာနေရာ The One entertainment ဆိုင်ရဲ့ ဆိုင်ဝန်ထမ်းတဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်မေးခဲ့တာပါ။

ကျန်သက်သေ ၁ ဦးက မလာရောက်နိုင်တဲ့အတွက် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းကို အခုလ ၂၈ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ သုံးဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားရာမှ ရန်ကုန်တိုင်းတရားလွှတ်တော်က အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၅ အဖြစ်ပြောင်းလဲကာ စွဲချက်တင်အမိန့်ချခဲ့တာပါ။ 

အဲဒီလိုအမိန့်ချပြီးတဲ့အခါမှာ အရှေ့ပိုင်းခရိုင်တရားရုံးက  သန်းထွဋ်အောင်(ခ)သားကြီး အပါအဝင် ၃ ဦးကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အာမခံပေးခဲ့ပါတယ်။ အဲဒီနောက် သူတို့သုံးဦးဟာ အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၅ ကို အာမခံနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေတာပါ။

သရုပ်ဆောင်အောင်ရဲထွေးဟာ ၂ဝ၁၇ ခု ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက သင်္ဃန်းကျွန်း မြို့နယ်က The One Entertainment မှာ လူတစုရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ခေါင်းမှာ ဒဏ်ရာရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ဝ၁၈ ဇန်နဝါရီ ၂ ရက်က သေဆုံးသွားခဲ့ပါတယ်။

ချမ်းမြေ့မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013