Home
မြန်မာသတင်း
ပုံတောင်၊ ပုံညာတွင် အတက်အဆင်းရှည်သဖြင့် လစဉ်နီးပါး ယာဉ်မတော်တဆမှုဖြစ်
Aung Ko Latt
·
January 21, 2020
83028733_1228419154029744_4344765878429024256_o
82087149_1228419387363054_8109076405796470784_n
83729808_1228419310696395_5809712702641143808_n
82645881_1228418870696439_1400754384740024320_o
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးက ပုံတောင်၊ ပုံညာမှာ အတက်အဆင်းရှည်လျားတဲ့အတွက် လစဉ်လိုလို ယာဉ်မတော်တဆမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း တရားမဝင်သစ်ခိုးထုတ်တဲ့ သစ်ကားတစီး တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။  ဇန်နဝါရီလ ၂၁ ရက်နေ့မှာလည်း ပုံတောင် နတ်နန်းအနီး အတက်မှာ ဆန်အိတ်အပြည့် တင်ဆောင်လာတဲ့ ၁၂ ဘီးကားတစီး နောက်ပြန်လျောကျပြီး လမ်းဘေးကို ထိုးကျကာ တိမ်းစောင်းခဲ့ပါတယ်။  မတော်တဆဖြစ်ရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကျောနယ်မြေရဲစခန်းမှု ဒုရဲအုပ် ဖြိုးနိုင်က ပြောပါတယ်။ "ကြီးကြီးမားမားဖြစ်တာတော့ ဒီဇင်ဘာလမှာ ၂ မှုဖြစ်ခဲ့တယ်။ လူ ၈ ယောက်သေဆုံးခဲ့ တယ်ပေါ့။ အခုလမှာတော့ သစ်ကားတစီးရယ်၊ အခုဆန်ကားရယ်ဆို ၂ စီးဖြစ်ပြီ။ ဆန်ကားကတော့ စိစစ်နေတုန်းပါ။ လူသေဆုံးမှုတော့ မရှိပါဘူး။" အခုလိုဖြစ်တာက လမ်းကောင်းလာတဲ့အပြင် အတက်အဆင်းရှည်တာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပုံတောင်၊ ပုံညာက အတက်အဆင်းရှည်တဲ့အပြင် အကွေ့အကောက်လည်း များပြားတဲ့ တောင်ပေါ်လမ်းဖြစ်ကာ မိုးရာသီမှာလည်း မြေပြိုကျမှုတွေဖြစ်ပေါ်တတ်ပါတယ်။ ဒီလမ်းက ချင်းပြည်နယ်ရဲ့ ထွက်ပေါက်လမ်းတွေထဲက တခုလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024