DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ၃ ရက်ဆက်တိုက် ပြုလုပ်
DVB
·
January 21, 2020
ဧရာဝတီတိုင်းတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ၃ ရက်ဆက်တိုက် ပြုလုပ်
1 / 4
Donate to DVB

ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများရဲ့ စာသင်ချိန်ကို မတ်လကုန်အထိ တိုးမြှင့် သတ်မှတ်ခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ်ထိုး ဆန္ဒဖော်ထုတ်တာ တွေကို ဧရာဝတီတိုင်းမှာ ၃ ရက်ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ်ထိုး ဆန္ဒဖော်ထုတ်တာတွေကို ပုသိမ်ခရိုင် ငပုတောမြို့ အထက်တန်းကျောင်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်မှ ဆရာ၊ ဆရာမတွေ စုပေါင်းပြီး ပညာရေးလုပ်သားများသမဂ္ဂက ဦးဆောင်ပြီးပြုလုပ်ခဲ့သလို ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ဟင်္သာတမြို့နယ်၊ ရှားခဲကျေးရွာ အ.မ.က ကျောင်းရှေ့ဘက် လမ်းမပေါ်မှာ ပြုလုပ်ခဲ့တာပါ။

“အခြေခံပညာရေးဥပဒေကို မလိုက်နာဘဲ လျစ်လျူရှု မျက်ကွယ်ပြုနေသရွေ့ မတ်လအထိ အတန်းငယ်တွေ စာမေးပွဲ စစ်ဆေးခြင်းကို ကန့်ကွက်တာတွေ ပျောက်မသွားဘူးဆိုတာ တာဝန်ရှိသူတွေကို သိစေချင်ပါတယ်၊ ဗဟိုချုပ်ကိုင်မှုစနစ် မချုပ်ငြိမ်းသေးရင် ကျနော်တို့လည်း မငြိမ်းချမ်းနိုင်သေးပါဘူး၊ နောင်လာနောက်သားတွေကို ဗဟိုချုပ်ကိုင်မှုရှိနေတဲ့ စနစ်ဆိုးရဲ့ တာဝန်တွေ ပခုံးပြောင်းတာဝန် မပေးခဲ့ချင်ဘူး၊ ကျနော်တို့ လက်ထက်မှာတင် ချုပ်ငြိမ်းအောင် ကြိုးစားသွားမယ်” လို့ အခြေခံပညာရေးလုပ်သားများသမဂ္ဂ ပညာရေးပြုပြင်ပြောင်းလဲရေး ကော်မတီဝင် ဆရာ ဇာဏီထိုက်က ဒီဗွီဘီကို ပြောပါတယ်။

စာသင်ကာလတိုးမြှင့်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့စနစ်ကို ကျောင်းသား၊ မိဘ၊ ဆရာတွေနဲ့ အစိုးရအဖွဲ့ဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးတဲ့အချိန်ထိ ဖဲကြိုးစိမ်းလှုပ်ရှားတာတွေကို ပြုလုပ်သွားမယ်လို့ ပုသိမ်ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂက ပြောဆိုထားပါတယ်။

ဧရာဝတီတိုင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပုသိမ်မြို့ရှိ ပညာရေးကောလိပ်မှာ ပုသိမ်ပညာရေး ကောလိပ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ကာ ဇန်နဝါရီလ ၁၀ ရက်နေ့က ပထမဆုံး စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ငပုတောမှာ ၁ ကြိမ်၊ ဟင်္သာတတွင် ၂ ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ်ထိုးဆန္ဒထုတ်တာ ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းတွေ စာသင်ချိန်ကို မတ်လကုန်ထိ တိုးမြှင့်ခြင်းအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှာတာတွေကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းက စတင်ပြီး တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ပြုလုပ်ခဲ့ကြတာပါ။

စာသင်ချိန် တိုးမြှင့်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြတာကို ဇန်နဝါရီလ ၂၀ ရက်နေ့က မန္တလေး ပင်လည်ဘူး၊ မုံရွာ၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးမြို့က ပညာရေးကောလိပ်ကျောင်းဆရာ ၇၀ ဝန်းကျင်ခန့်က သုတေသနကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013