DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ယာဉ်မတော်တဆမဖြစ်တာ ၁၀ ရက်ရှိပြီဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်
DVB
·
January 20, 2020
အမြန်လမ်းတွင် ယာဉ်မတော်တဆမဖြစ်တာ ၁၀ ရက်ရှိပြီဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်မတော်တဆမဖြစ်တာ ၁၀ ရက်ရှိပြီလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်မနက် ၆ နာရီအချိန်က ကနေ ဒီနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၆ နာရီအချိန်ထိ ယာဉ်တွေ မတော်တဆဖြစ်လို့ ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဇန်နဝါရီ ၁၅ ရက်နေ့လယ်ပိုင်းက မိုင်တိုင် ၁၉၇ နားမှာ ဒေသခံ ရွာသားတယောက် အမြန်လမ်းပေါ်လမ်းလျှောက်နေရင်း မတော်တဆထိခိုက်ခဲ့တာရှိပြီး ဒါကတော့ ယာဉ်ရဲ့ မတော်တဆမှု မဟုတ်ပါဘူး။

ကိုယ့်ရဲ့ ယာဉ်တွေ ကြံ့ခိုင်ရေးကို စစ်ဆေးအလေးထားပြီး သတ်မှတ်အရှိန်နှုန်းကို ထိန်းသိမ်း ဂရုပြုမောင်းနှင်တဲ့၊ သတ်မှတ်စည်းကမ်းလိုက်နာပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင် ကူညီကြတဲ့ အမြန်လမ်းမတလျှောက် ခရီးသွားယာဉ်မောင်း ပြည်သူတွေကို လေးစား ကျေးဇူးတင်တယ် လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013