DVB Logo
Home
မြန်မာသတင်း
ချောက်မြို့က နေအိမ် ၄၀ ရာခိုင်နှုန်း လျှပ်စစ်မီးကို စနစ်တကျမဟုတ်ဘဲ ဖြစ်သလို သုံးစွဲနေ 
DVB
·
January 20, 2020
ချောက်မြို့က နေအိမ် ၄၀ ရာခိုင်နှုန်း လျှပ်စစ်မီးကို စနစ်တကျမဟုတ်ဘဲ ဖြစ်သလို သုံးစွဲနေ 
1 / 6
Donate to DVB

မကွေးတိုင်း ချောက်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး တအိမ်တက်ဆင်း စစ်ဆေးအကြံပြု‌ပေးနေပြီး နေအိမ် ၁၀၀ မှာ ပျှမ်းမျှ ၄၀ ရာခိုင်နှုန်းဟာ လျှပ်စစ်ကြိုးသွယ်တန်းတာနဲ့ လျှပ်စစ်မီး အသုံးပြုတာ စနစ်တကျမရှိဘဲ ဖြစ်သလိုသုံးစွဲနေတာ တွေ့ရှိခဲ့ရတယ်လို့ ချောက်မြို့နယ် မီးသတ်ဦးစီးဌာန စစ်ဆေးရေးအဖွဲ့က ပြောပါတယ်။

ချောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက "ပျမ်းမျှ အိမ်‌ခြေ ၄၀ ရာခိုင်နှုန်းက လျှပ်စစ်မီး သုံးစွဲနေခြင်းကို ပလပ်ခုံတွေ မကောင်းဘဲ သုံးစွဲနေတာ၊ လျှပ်စစ်ကြိုး၊ နှစ်ပင်လိမ် ဝါယာကြိုးတွေကို ထရံကြားမှာညှပ်ထားပြီး သွယ်တန်းသုံးစွဲနေတာတွေ၊ ဒယ်နီဟင်းအိုတွေ၊ ထမင်း အိုး၊ ‌သုံးမိနစ်ရေနွေးအိုး‌တွေမှာတဲ့ အထိုင်ထိုးပင်ပေါက်တွေ မကောင်းဘဲ သုံးစွဲနေတာ၊ မီးပလပ်ခုံ တွေ အကာအရံမပါဘဲ ဝါးထရံတွေမှာ ထားပြီး သုံးစွဲနေတာတွေ တွေ့ရှိခဲ့တယ်" လို့ ပြောပါတယ်။

ချောက်မြို့မှာ နွေရာသီအကြို မီးဘေးလုံခြုံရေးအတွက် တအိမ်တက်ဆင်း စစ်ဆေး အကြံပြုတာကို ၂၀၁၉ ခု ဒီဇင်ဘာလ ၂ ရက်နေ့မှစတင်ကာ မြို့ပေါ်ရပ်ကွက် နယ်မြေ ၁၅ ခုကို နေ့စဉ် စစ်ဆေးခဲ့ရာ ၂၀၂၀ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ နေအိမ်‌ တစ်သောင်းကျော် စစ်ဆေးအကြံပြုပေးတဲ့လုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်‌ခြေ ၂၀ ရာခိုင်နှုန်းဟာ ထင်း၊ မီးသွေး မီးဖိုးတို့မှာ အကာအရံမဲ့ သုံးစွဲ‌နေခြင်း၊ မီးကြွင်း မီးကျန်ထားရှိမှုတို့ဖြင့် မီးပေါ့ဆစွာသုံးစွဲနေမှုများလည်း တွေ့ရှိခဲ့ရတယ်လို့ ချောက်မြို့နယ် မီးသတ်ဦးစီးဌာန စစ်ဆေးရေးအဖွဲ့က သိရပါတယ်။

မီးပလပ်ခုံအပါအဝင် ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လျှပ်စစ်ပစ္စည်းများ မသုံးစွဲကြဖို့၊ လျှပ်စစ်မီးကြိုးကို စနစ်တကျ သွယ်တန်း သုံးစွဲပေးကြဖို့၊ အကာအရံမဲ့ ထင်း၊ မီးသွေး မီးဖိုတွေကို မီးမလောင်စေတဲ့ အကာအရံထားရှိတာနဲ့ မြေကျင်းများတူးပြီး သုံးစွဲဖို့၊ မီးကြွင်းမီးကျန်တွေကို မမေ့မလျော့ဘဲ သေချာစွာ ငြှိမ်းသတ်ထားဖို့၊ မီးပလပ်ခုံ၊ မီးဖိုး၊ မီးဖိုဆောင်တို့အနီး မီးလောင်မှုကို လွယ်ကူစေတတ်တဲ့ ပစွည်းတွေ (ဥပမာ စက္ကူ၊ ဓါတ်ဆီပုံး စသည့်) မထားရှိဖို့ တိုက်တွန်း​ခဲ့တယ်လို့ ချောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013