DVB Logo
Home
မြန်မာသတင်း
ငရုတ်ကောင်းဈေး  ထက်ဝက်ကျဆင်း၍ ရေးမြို့နယ် တောင်သူများ အရှုံးပေါ်
DVB
·
January 19, 2020
ငရုတ်ကောင်းဈေး  ထက်ဝက်ကျဆင်း၍ ရေးမြို့နယ် တောင်သူများ အရှုံးပေါ်
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်က ငရုတ်ကောင်းတွေ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာနေပေမယ့် ငရုတ်ကောင်းဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ဈေးထက် ထက်ဝက်နီးပါးလောက်သာ ရရှိကြတာကြောင့် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ငရုတ်ကောင်းရာသီပေါ်စ အဖွင့်ဈေးက ၁ ပိဿာကို ကျပ် ၈၀၀၀ အထိ ရရှိပေမယ့် အခုနှစ် အဖွင့်ဈေးက ကျပ် ၄၀၀၀ လောက်သာရရှိပြီး ထက်ဝက်လောက် ဈေးကျဆင်းခဲ့တယ်လို့ တောင်သူ ဦးစောလွင်က ပြောပါတယ်။ 

ငရုတ်ကောင်းပင်တွေလည်း ပြီးခဲ့တဲ့နှစ်က သဘာဝဘေး ရေကြီးနစ်မြုပ်ဒဏ်ခံရလို့ ပျက်စီးဆုံးရှုံးခဲ့တာကြောင့် ငရုတ်ကောင်း အထွက်နှုန်းလည်း ကျဆင်းတာမျိုးတွေရှိပြီး  ဈေးကွက်မှာ ဈေးကောင်းရဖို့ တောင်သူအများစုက မျှော်လင့်ခဲ့တာပါ။  

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ငရုတ်ကောင်းဈေးဟာ တပိဿာကို ၁၅၀၀၀ အထက်မှာ ရရှိခဲ့ပြီး နောက်ပိုင်း အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဗီယမ်နမ်နိုင်ငံက ထွက်ရှိတဲ့ ငရုတ်ကောင်း ဈေးကွက်ကို ပြည်တွင်း ငရုတ်ကောင်းက မယှဉ်ပြိုင်နိုင်တာကြောင့် ဈေးကောင်းမရရှိတာလို့ ငရုတ်ကောင်း ကုန်သည်တဦးက ပြောပါတယ်။ 

ရေးမြို့နယ်က ထွက်ရှိလာတဲ့ ငရုတ်ကောင်းတွေကို ရန်ကုန်ဈေးကွက်အထိ တင်ပို့ပြီး အဲဒီကနေတဆင့် ပြည်ပနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို အဓိက တင်ပို့တယ်လို့ သိရပါတယ်။

နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013