DVB Logo
Home
မြန်မာသတင်း
လုပ်အားခ တိုးမြှင့်ပေးရန် အလုပ်သမား ၇၀၀၀ ကျော် ဆန္ဒပြတောင်းဆို 
DVB
·
January 19, 2020
လုပ်အားခ တိုးမြှင့်ပေးရန် အလုပ်သမား ၇၀၀၀ ကျော် ဆန္ဒပြတောင်းဆို 
1 / 3
Donate to DVB

တရက် လုပ်ခနှုန်းထား ၄၈၀၀ သတ်မှတ်ထားတာကို တိုးမြှင့်ပေးဖို့ အလုပ်သမား ၇၀၀၀ ကျော် ရန်ကုန်တိုင်း၊ လှိုင်သာယာ အောင်မြေသာယာ ဘောလုံးကွင်းမှာ ဇန်နဝါရီ ၁၉ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ 

အလုပ်သမားတွေက တရက်ကို လုပ်ခလစာ ၄၈၀၀ သတ်မှတ်ထားတာ တိုးမြှင့်ပေးဖို့၊ အလုပ်သမားအခွင့်အရေး ရရှိဖို့ စတဲ့အချက်တွေကို အဓိက တောင်းဆိုခဲ့ကြတာပါ။

၂၀၁၈ ခုနှစ် မေလက အစိုးရအနေနဲ့ တရက်အတွက် ၄၈၀၀ ကျပ်ပေးဖို့ အနည်းဆုံး အခကြေးငွေ ဥပဒေအရ သတ်မှတ်ခဲ့ပါတယ်။ 

အနည်းဆုံး အခကြေးငွေဥပဒေမှာ ၂ နှစ်မှာ အနည်းဆုံး တကြိမ် ပြင်ဆင်သတ်မှတ်ဖို့ ပါရှိပါတယ်။ 

ဒါကြောင့် ဥပဒေအရ ၂၀၂၀ မေလမှာ အစိုးရအနေနဲ့ အနည်းဆုံး အခကြေးငွေ နှုန်းထားသစ်ကို ထုတ်ပြန်ရမှာ ဖြစ်တာကြောင့် အခုလို ဆန္ဒထုတ်ဖော် တောင်းဆိုတာလို့ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။





နေလင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013