DVB Logo
Home
Lead Story
ရဲလေး၊ ခိုင်သဇင်သင်း၊ Bwar Bwar တို့သီဆိုသည့် သီချင်းသစ် “ဖုန်းမပိတ်ပါနဲ့”(ရုပ်သံ)
DVB
·
January 17, 2020
ရဲလေး၊ ခိုင်သဇင်သင်း၊ Bwar Bwar တို့သီဆိုသည့် သီချင်းသစ် “ဖုန်းမပိတ်ပါနဲ့”(ရုပ်သံ)
Donate to DVB

       “ညည အပြင်များထွက်ရင်ကွယ်… မိုးချုပ်ရင် မင်းအတွက်… ငါလေးစိတ်ပူတတ် တယ်… အိပ်လို့မရ… ဘယ်အနားရောက်နေလဲ… ဖုန်းတွေဖွင့်ထားဦး… စိတ်တွေ နင့်အ နားသို့… အလိုလို”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ သီချင်းသစ်တပုဒ်ထဲက တေးစာ သားတွေ ဖြစ်ပြီး အွန်လိုင်းပေါ် နာမည်ကြီးနေခဲ့ပါတယ်။

       “ဖုန်းမပိတ်ပါနဲ့”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဟစ်ဟော့ပ်အဆိုတော် ရဲလေးက သူကိုယ်တိုင် ရေးစပ်ထားတာဖြစ်ပြီး မြန်မာအိုင်ဒေါတေးသံရှင် ခိုင်သဇင်သင်း၊ Bwar Bwar တို့နဲ့အတူ သီဆိုထားကြတာ ဖြစ်ပါတယ်။

       “အချိန်နောက်ကျတော့ မင်းစိတ်ဆိုးမလား… Bae… လူမှုရေးနဲ့ အလုပ်တွေမို့ပါ… မင်း ထင်နေတဲ့အတိုင်း ကိုယ် သိပ်မဆိုးရွား… ည ညဘက်သောက်လာခဲ့ရင် ငါမမူးပါ… ယုံကြည်ပေးပါ… You are my Girl… ငါမရှုပ်ထွေးပါ… မင်းဆီ ပုံအပ်လို့… လိမ္မာဆဲပါ နင်ပြန်တွေးဦး… တယောက်တည်းပါ… ကိုယ့်မှာ မင်းတယောက်တည်းပဲရှိတာ”

အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟစ်ဟော့ပ်အဆိုတော် ရဲလေးဟာ သီချင်း တွေကို ကိုယ်တိုင်ရေးသား သီဆိုလေ့ရှိသူတဦးဖြစ်ပြီး ဒီသီချင်းကိုတော့ သူတို့ညီအစ်ကို ၂ ယောက်ရဲ့ YLJK Entertainment နဲ့ Legacy Music တို့မှတဆင့် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရဲလေးရဲ့ ပထမဆုံး တေးအယ်လ်ဘမ် “ကျနော်နှင့် သက်ဆိုင်သော”ဟာ သူ့ကို ရဲလေးအဖြစ် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတဲ့ တေး အယ်လ်ဘမ်ဖြစ်ပြီး “တတိယကာရန်”၊ “ရကောက်ဘဝဖြင့်နေထိုင်ခြင်း”၊ “အိမ်”စတဲ့ တ ကိုယ်တော်တေး အယ်လ်ဘမ်တွေဟာ ထင်ရှားပါတယ်။

“ညည အပြင်များထွက်ရင်ကွယ်… မိုးချုပ်ရင် မင်းအတွက်… ငါလေးစိတ်ပူတတ် တယ်… အိပ်လို့မရ… ဘယ်အနားရောက်နေလဲ… ဖုန်းတွေဖွင့်ထားဦး… စိတ်တွေ နင့်အ နားသို့… အလိုလို… ဘေးနား ဘယ်သူများရှိနေလဲ… ကိုယ့်ချစ်သူလေးအတွက် အချိန် တိုင်း စိတ်ပူမိပြီ”

ခိုင်သဇင်သင်းကတော့ ပြီးခဲ့တဲ့ Myanmar Idol Season 1 သီချင်းဆိုပြိုင်ပွဲမှတ ဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပြီး Top 8 အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ် ပါတယ်။

အဲဒီနောက်မှာတော့ “Lonely” အမည်နဲ့ သူ့ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ် တချပ် ထွက်ရှိလာခဲ့ပြီး လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ် ဆောင်နေတာ ဖြစ်ပါတယ်။

ရဲလေးရဲ့ သီဆိုနေကျပုံစံအတိုင်း လတ်ဆတ်တဲ့ သီချင်းစာသားတွေနဲ့အတူ စိတ်ပူ တတ်တဲ့အကြောင်းကို ခိုင်သဇင်သင်း၊ Bwar Bwar တို့ရဲ့ တွဲဖက်သီဆိုမှုတွေနဲ့ ဒီသီချင်း ဟာ ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013