DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့စည်ပင်ဝပြောမှု ညွှန်းကိန်းတွင် မြန်မာက အဆင့် ၁၂၄ ဖြင့် ရပ်တည်
DVB
·
January 17, 2020
ကမ္ဘာ့စည်ပင်ဝပြောမှု ညွှန်းကိန်းတွင် မြန်မာက အဆင့် ၁၂၄ ဖြင့် ရပ်တည်
Donate to DVB

ဒူဘိုင်းအခြေစိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သီးခြားအဖွဲ့အစည်းတခုဖြစ်တဲ့ Legatum က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စည်ပင်ဝပြောမှု ညွှန်းကိန်းအဆင့်မှာ မြန်မာနိုင်ငံက အရင်နှစ်ကအတိုင်း အဆင့် ၁၂၄ နဲ့ ဆက်လက်ရပ်တည်နေပါတယ်။

The Legatum Prosperity Index အမည်နဲ့ နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ဒီစာရင်းမှာ တော့ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြွယ်ဝမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းမှုနဲ့ လုံခြုံမှု၊ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ လူနေမှုအဆင့်အတန်း၊ အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်း၊ တံခါးဖွင့်စီးပွားရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် စတဲ့ အချက်အလက်တွေအားလုံးအပေါ် ခြုံငုံအခြေခံထားပြီး တွက်ချက်တာ ဖြစ်ပါတယ်။

အဆိုပါညွန်းကိန်းအဆင့် ၁ မှာတော့ ဒိန်းမတ်နိုင်ငံက ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး သူ့နောက်မှာတော့ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ နော်ဝေနိုင်ငံ ရှိနေခဲ့တာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ ဆွစ်ဇာလန်နိုင်ငံရှိနေပြီး သူ့နောက်မှာတော့ ဆွီဒင်၊ ဖင်လန်၊ နယ်သာလန်၊ နယူးဇီလန်၊ ဂျာမနီ၊ လူဇင်ဘတ်၊ အိုက်စလန်နိုင်ငံတွေက ထိပ်ဆုံး ၁၀ နိုင်ငံအဖြစ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။

       အင်္ဂလန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကတော့ အဆင့် ၁၁ နဲ့ ၁၈ နေရာတွေမှာ အသီးသီး ရှိနေပြီး အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံတော့ အဆင့် ၁၉ နေရာမှာ ရပ် တည်နေပါတယ်။

       မြန်မာနိုင်ငံကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နဲ့အဆင့်တူ ၁၂၄ မှာ ရပ်တည်နေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၀၉ ခုနှစ် ၁၀ နှစ်တာကာလတုန်းက ညွှန်းကိန်းအဆင့် ၁၄၇၊ ၂၀၁၀ ပြည့်နှစ်မှာ ၁၄၉၊ ၂၀၁၁ ခုနှစ်မှာ ၁၄၈၊  ၂၀၁၂ ခုနှစ်မှာ ၁၄၅၊ ၂၀၁၃ ခုနှစ်မှာ ၁၄၃၊ ၂၀၁၄ ခုနှစ်မှာ ၁၄၃၊ ၂၀၁၅ ခုနှစ်မှာ ၁၃၇၊ ၂၀၁၆ ခုနှစ်မှာ ၁၃၃၊ ၂၀၁၇ ခုနှစ်မှာ ၁၃၂ မှာရှိနေခဲ့တာမို့ ခုရောက်ရှိလာတဲ့ ညွှန်ကိန်းအဆင့်ဟာ ရှေ့ပိုင်းနှစ်တွေကထက် ပိုမို တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်၊ ကောင်းမွန်တဲ့ လူမှုဝန်းကျင်တွေကို တိုင်းတာတဲ့ ခေါင်းစဉ်အောက်မှာတော့ နော်ဝေက ထိပ်တန်းအဆင့်က ရှိနေပါတယ်။

       အာဆီယံဒေသတွင်း နိုင်ငံငယ်တခုဖြစ်တဲ့ စင်ကာပူကတော့ ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြုပ်နှံမှုဝန်းကျင်၊ ဈေးကွက်အဆင့်နဲ့ စီးပွားရေးအဆောက်အဦ ခေါင်းစဉ်တွေအောက်မှာ ထိပ်တန်းအဆင့်က ရှိနေပြီး ပျမ်းမျှအဆင့် ၁၆ နဲ့ အသီးသီး ရပ်တည်နေပါတယ်။

       မြန်မာနိုင်ငံကတော့ ကောင်းမွန်တဲ့ လူမှုဝန်းကျင်ကို တိုင်းတာတဲ့အဆင့်မှာ ၃၂၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်မှာ ၁၄၀၊ တကိုယ်ရေပုဂ္ဂလိက လွတ်လပ်ခွင့်မှာ ၁၂၉၊  ပညာရေးမှာ ၁၁၀၊ ကျန်းမာရေးမှာ ၁၀၇၊ ဘေးအန္တရာယ်ကင်းမှုနဲ့ လုံခြုံမှုမှာ ၁၅၄၊ ရင်းနှီးမြုပ်နှံမှုဝန်းကျင်မှာ ၁၄၅ နဲ့ အသီးသီး ရှိနေခဲ့တာ ဖြစ်ပါတယ်။

       မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်က အဆင့် ၅၇၊ အိန္ဒိယက ၁၀၁၊ ထိုင်းက ၆၆၊ လာအိုက ၁၁၆၊ ဘင်္ဂလားဒေ့ရှ်ကတော့ ၁၂၇ နဲ့ အသီးသီး ရှိတာပါ။

       ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို စစ်တမ်းကောက်ယူခဲ့တဲ့ ဒီအညွှန်းကိန်းရဲ့ အောက်ဆုံး ၅ နိုင်ငံကတော့ အာဖဂန်နစ္စတန်၊ ချက်၊ ဗဟိုအာဖရိက၊ ယီမင်နဲ့ တောင်ပိုင်းဆူဒန်နိုင်ငံတွေ အသီးသီး ရပ်တည်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013