DVB Logo
Home
Lead Story
ဂျပန်-မြန်မာအနုပညာရှင်များပါဝင်သည့် ရုပ်ရှင်-‘ဂန္ဓဗ္ဗ’ရုံတင်မည် (နမူနာ)
DVB
·
January 17, 2020
ဂျပန်-မြန်မာအနုပညာရှင်များပါဝင်သည့် ရုပ်ရှင်-‘ဂန္ဓဗ္ဗ’ရုံတင်မည် (နမူနာ)
Donate to DVB

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲနဲ့အတူ ပရိသတ်တွေ ပါးစပ်ဖျား တကျော့ပြန်ရေပန်းစားလာခဲ့တဲ့ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးပုံဖော်ထားတဲ့ -‘ဂန္ဓဗ္ဗ’ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

Aung Ko Latt Motion Pictures ကနေ ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ အောင်ကိုလတ်နဲ့အတူ ဂျပန်ရုပ်ရှင်ဒါရိုက်တာ Kitaro Kanematsu တို့က ပူး ပေါင်းပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ကလျာဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့ မိဘတွေလိုပဲ စောင်းပညာရှင်ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ ကြိုးစားနေတဲ့ ကောင်မလေးတယောက်ပါ။ သူဟာ အရင်တုန်းက အတိတ်ဘဝက ချစ်သူနဲ့ ရှေးခေတ်စောင်းမယ်လိုဒီသံစဉ်တွေကို ထပ်ကာထပ်ကာ အိပ်မက်မက်နေခဲ့ပါတယ်။ ဂျပန်ကနေ ပုဂံကို အလည်ရောက်လာတဲ့ ဂျပန်တူရိယာ Shamisen ပညာ ရှင် Hiroshi နဲ့ ဆုံခဲ့ကြပြီး သူတို့ ၂ ယောက်ရဲ့ အိပ်မက်တွေဟာ ထပ်တူညီနေခဲ့ကြတာကို သိသွားကြချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ သူတို့ ၂ ယောက်ကြားက “ခေတ်ကာလတွေ ခရီးမိုင်တွေကို ဖြတ်ကျော်နိုင်တဲ့ ချစ်ခြင်းမေတ္တာတရား”ကရော ဆက် လက်ပြီးတော့ ရှင်သန်နိုင်ပါ့မလား၊ မမြင်ရတဲ့ ကံကြမ္မာနဲ့ အခက်အခဲတွေကြား ဘယ်လိုတွေ ကြုံတွေ့ကြရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ 

ဂျပန်-မြန်မာ အနုပညာရှင်တွေ ပူးပေါင်းပါဝင်ထားကြတဲ့ ဒီရုပ်ရှင်ကားကတော့ မြန်မာ့ ဂန္တဝင်တူရိယာတမျိုးဖြစ်တဲ့ စောင်း၊  ဂျပန်စောင်းနဲ့ အီလက်ထရောနစ် ဂစ်တာ ၃ မျိုးပေါင်းပြီးတော့ ထိထိမိမိရိုက်ကူးပြထားခဲ့တာဖြစ်ပြီး ဂီတဒရာမာဇာတ်ကားတကားအနေနဲ့ စောင့်မျှော်ကြည့်ရှုကြရ မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဝါရင့်မျက်နှာသစ်မြန်မာသရုပ်ဆောင်မင်းသမီးတဦးဖြစ်တဲ့ ဒွန်နာလေးလာ (Donnaa Layla)ကို ဂျပန်တူရိယာ ရှာမီစံနဲ့ စောင်းဝါသနာရှင်ကောင်မလေး ကလျာအနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပြီး သူနဲ့အတူ ဂျပန်သရုပ်ဆောင်တွေ ဖြစ်တဲ့ Shunya Shiraishi ၊ Shun Sugata ၊ မြန်မာပရိသတ်တွေ သိကြပြီးဖြစ်တဲ့ မိုရီဆာ ကီဝင်း၊ ရန်အောင်၊ ခင်ဇာခြည်ကျော်၊ စည်သူမောင်စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင် ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်တေး “Fly Away To Our Destination” ကိုတော့ ဒါရိုက်တာအောင်ကိုလတ်က ကိုယ်တိုင်ရေးစပ်ပြီး ကိုယ်တိုင်သီဆိုထားခဲ့တာဖြစ်ပြီး ချစ်ခြင်းမေတ္တာ စစ်မှန်ကြရင် အတားအဆီးအနှောင်အဖွဲ့တွေကနေ လိုရာခရီးကို ပျံသန်းနိုင်ကြမယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရေးဖွဲ့ထားခဲ့တာပါ။

ဒီကားကိုတော့ လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013