DVB Logo
Home
မြန်မာသတင်း
ကျောင်းကုန်းမြို့နယ်၌ တရားခံဖမ်းဆီးစဉ် ဓားဖြင့်ခုခံသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
DVB
·
January 16, 2020
ကျောင်းကုန်းမြို့နယ်၌ တရားခံဖမ်းဆီးစဉ် ဓားဖြင့်ခုခံသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်က တရားခံ ဖမ်းဆီးဖို့သွားရောက်တဲ့ရဲတပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ပစ်ပြီး ဓားနဲ့ခုတ်ခဲ့သူ တဦးကို  ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။

တရားခံဟာ ကျောင်းကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/၅၀၆ အမှုတွေနဲ့ အလိုရှိနေတဲ့ အသက် ၄၉ နှစ်အရွယ် ကျော်မြင့်ဆိုသူဖြစ်ပြီး အသာတကြည်အဖမ်းမခံပဲ ပြန်လည်ခုခံစဉ် ရဲတပ်ဖွဲ့က သေနတ်ကို မိုးပေါ်ထောင်ကာ  တချက်ပစ်ခတ်ခဲ့ပြီး အခြေအနေပိုဆိုးလာတဲ့အတွက် ပေါင်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။

တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ဒုရဲမှူးကြီး ထွန်းရွှေက "တရားခံက အရင်ကလည်း လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်ကျဖူးတယ်။ ထောင်က ပြန်လွတ်လာတာလည်း မကြာသေးဘူး၊ ရွာထဲကလူတစ်ယောက်ကို ဆဲဆိုပြီး ခေါင်းကိုရိုက်တယ် လို့ စခန်းကိုလာအမှုဖွင့်တော့ သွားဖမ်းရတာ၊ အဲ့မှာ သူကအသာတကြည်အဖမ်းမခံဘူး၊ အရင် သံဘောစိလုံးကို လေးခွထဲထည့်ပစ်တယ်၊ ပြီးတော့ ရဲကိုသတ်ပြီးမှ ထောင်ထဲဝင်မယ်ပြောပြီး ဓါးနဲ့ပြေးခုတ်တာပဲ၊ ပထမတော့ တပ်ဖွဲ့ဝင်တွေက မိုးပေါ်ကို ထောင်ပစ်တယ်၊ သူကပိုဆိုးလာ တော့ အသက်အန္တရာယ်ထိခိုက်လာနိုင်လို့ ပေါင်ကို ၁ ချက်ပစ် ဖမ်းလိုက်ရတာ"လို့ ဒီဗွီဘီကိုပြောပါတယ်။

သေနတ်နဲ့ပစ်ဖမ်းဆီးခဲ့ရတဲ့ ကျော်မြင့်ထံကနေ အရိုး ၁၂ လက်မ၊ အသွား ၁၆ လက်မခန့်ရှိ ဓါး ၁ ချောင်းနဲ့ ၊ အရိုး ၆၄ လက်မ၊ အသွား ၁၉ လက်မရှိ အဖျားချွန် အထစ်ပါ မှိန်း ၁ ချောင်း၊ လေး ခွတစ်လက်အပါအဝင် သံလုံး၊ သံခဲ၊ သံမူလီခေါင်း၊ လောက်စာလုံး စုစုပေါင်း ၅၆ လုံးကို ဖမ်းဆီးခဲ့ရပြီး အမှုဖွင့်အရေးယူထားကာ ပေါင်ထုတ်ချင်းပေါက်ဒဏ်ရာရရှိခဲ့လို့ ကျောင်းကုန်းပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးထားရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ ပစ်ပြီး ဓါးနဲ့ခုတ်ခဲ့တဲ့ ကျော်မြင့်ကို ကျောင်းကုန်းမြို့မရဲ စခန်း မှာ လက်နက်ဥပဒေပုဒ်မ ၁၉ (င) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ ကနေ သိရပါတယ်။

ကျော်မြင့်ဆိုဟာ ၂၀၁၆ ခုနှစ်ကလည်း ကျောင်းကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၃၆ အမှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေကသွားရောက်ဖမ်းဆီးစဉ်ကလည်း သံဂျင်ကလိ၊ လေးခွတို့နဲ့ ပြန်လည်တိုက်ခိုက်ခုခံခဲ့တာကြောင့် လက်နက်ဥပဒေ ပုဒ်မ ၁၉ (င)အမှုနဲ့ တရားစွဲဆို ထောင်ဒဏ် ကျခံခဲ့ရ ဖူးပါတယ်။ 

၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထောင်ကနေ လွတ်မြောက်လာသူဖြစ်ပြီး ကျေးရွာအတွင်းကောင်မွန်စွာမနေထိုင်ပဲ  ရွာသားတဦးကို ဆဲဆိုပြီး ခေါင်းကို သစ်သားတုတ်နဲ့ ၃ ချက်ရိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ် အဆိုပါ ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့တာပါ။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013