DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်  အနိမ့်ဆုံးလုပ်အားခများ တိုးမြှင့်သတ်မှတ် 
DVB
·
January 16, 2020
ထိုင်းနိုင်ငံတွင်  အနိမ့်ဆုံးလုပ်အားခများ တိုးမြှင့်သတ်မှတ် 
Donate to DVB

ထိုင်းနိုင်ငံတဝန်း အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်အားခအသီးသီးကို ၂၀၂၀ ပြည့်နှစ်  ဇန်နဝါရီ ၁ ရက်နေ့ကစ တိုးမြှင့်ပေးလိုက်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ 

အဆိုပါ ထုတ်ပြန်ချက်အရ  ချွန်းပူးရီးခရိုင်နဲ့ ဖူးကက်ခရိုင်မှာ တရက် လုပ်အားခ ဘတ် ၃၃၆ ဘတ်၊ လယောင်းခရိုင်မှာ ၃၃၅ ဘတ်၊  ဘန်ကောက်၊ နခွန်းပထုန်၊ နွန်ထပူရီ၊ ပထုန်ဌာနီ၊ ဆမွတ်ပရကန်၊ ဆမွတ်ဆာခွန်းခရိုင်တွေမှာတော့ တရက် ၃၃၁ ဘတ် ရရှိမှာ ဖြစ်ပါတယ်။ 

ချချိန်းဆောင်းခရိုင်မှာ ၃၃၀ ဘတ်ရပြီး  ပရကျင်းပူရီမှာ ၃၂၄ ဘတ် ရရှိမှာဖြစ်သလို ကရပီ၊ ခွန်ကဲင်၊ ချင်းမိုင်၊ တရတ်၊ နခွန်းရာ့ချ်ဆီမား၊ ဖရနခွန်းဆီ အယုဒ္ဓယ၊ ဖန်င၊ လုပ်ပူရီ၊ ဆုန်ခလာ၊ ဆရာပူရီ၊ ဆုဖန်းပူရီ၊ စူရတ်ဌာနီ၊ နောင်ခိုင်နဲ့ ဥဘွန်းရာ့ချ်ဌာနီခရိုင်တွေမှာတော့ တနေ့ ၃၂၅ ဘတ်ရရှိမှာ ဖြစ်ပါတယ်။ 

ကာလာဆင်၊ ကျန်ထဘူရီ၊ နခွန်းနာယုဒ်၊ မုတ်တာဟန်၊ ဆမွတ်ဆုန်ခရမ်း စတဲ့ခရိုင်တွေမှာ တော့ တနေ့ ၃၂၃ ဘတ်ရရှိမှာ ဖြစ်ပါတယ်။ 

ကန်ကျနပူရီ၊ ချိုင်းနတ်၊ နခွန်းဖနုမ်၊ နခွန်းဆဝမ်၊ နန့်၊ ဘိန်ကန်၊ ပူရီရမ်၊ ပရကျူတ်ခီရီခန်၊ ဖတ်ထလုန်း၊ ဖိဆနုလုတ်၊ ဖစ်ချ်ပူရီ၊ ဖစ်ချ်ဘွန်း၊ ဖယောင်း၊ ယဆိုထောင်းန်၊ လွဲ့အစ်၊ လွေး၊ ဆရကျောက်၊ အန်ထောင်းန်၊ ဥဒွန်းဌာနီ၊ ဥဒရာဒဏ် စတဲ့ခရိုင်မှာတော့ ဘတ် ၃၂၀ ရရှိမှာပါ။ 

ကမ်ဖိုင်ဖစ်၊ ချိုင်းယဖုမ်း၊ ချွန်းဖွန်း၊ ချင်းရိုင်း၊ တရန်း၊ တာ့ခ်၊ နခွန်းဆီထမရတ်၊ ဖိကျစ်၊ ဖရဲ့၊ မဟာဆာရခမ်း၊ မယ်ဟောင်ဆောင်၊ ရနောင်း၊ ရာ့ချ်ပူရီ၊ လမ်းပန်း၊ လမ်းပွန်း၊ ဆီဆကစ်၊ ဆဒွန်း၊ ဆင်းပူးရီး၊ ဆုခိုထိုင်း၊ နောင်ဘိုလမ်းဖူး၊ ဥထိုင်းဌာနီ၊ အမ်းနတ်ကျလွန်း စတဲ့ခရိုင်မှာ တနေ့ ဘတ် ၃၁၅ ဘတ်ရမှာ ဖြစ်ပါတယ်။ 

နရာသီဝပ်၊ ပတ်တနီနဲ့ ယလားခရိုင်မှာ တနေ့ ၃၁၃ ဘတ်ရရှိမှာ ဖြစ်ပြီး အဆိုပါ နေ့တွက်လုပ်အားခလို့ဆိုရာမှာ သာမန်အလုပ်ဆင်းချိန်တွေအတွက် ဖြစ်ပါတယ်။ 

ထိုင်းအစိုးရက အခုလို လုပ်အားခတွေ တိုးမြှင့်ပေးလိုက်တဲ့အပေါ် ကြိုဆိုပေမယ့်လည်း အလုပ်သမားအဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့ ပမာဏထိတော့ မရသေးကြောင်း၊ ဒါဟာ သူတို့ ပေါ်လစီအရ တိုးမြှင့်ပေးခြင်းသာဖြစ်ပြီး အလုပ်ရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လိုက်နာဖို့ တိုက်တွန်းကြောင်း ချင်းမိုင်အခြေစိုက် မက်ပ်ဖောင်ဒေးရှင်း တိုင်းရင်းသား အလုပ်သမား အခွင့်အရေးနဲ့ ပညာပေးအစီအစဉ်မှ လုပ်ငန်းခွင်လုံခြုံရေး တာဝန်ခံ ထောင်န်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ တောင်းဆိုထားတာကတော့ တနေ့ ဘတ် ၄၀၀ ပေါ့။ ဒါပေမဲ့ အဲဒီလောက်တော့ မရသေးဘူး။ အထူးသဖြင့် အိမ်ဖော်အလုပ်သမားတွေရဲ့လစာက ဒီထဲမှာ အကြုံးမဝင်သေးပါဘူး။ အရင်က နေ့တွက် ၃၀၀ ဆိုတာတောင် မရသေးတဲ့ နေရာတွေ အလုပ်သမားတွေ အများကြီးပါဘဲ။ ဘာဘဲဖြစ်ဖြစ် နည်းနည်းလေးတက်လာတာကတော့ မတက်တာထက်စာရင် တော်သေးတာ ပေါ့။  အစိုးရက ပြဋ္ဌာန်းပေးထားတဲ့ လုပ်အားခတွေအတိုင်း အလုပ်ရှင်တွေကလည်း မှန်မှန်ကန်ကန် လိုက်နာဖို့ ပေးချေပေးဖို့ တောင်းဆိုချင်ပါတယ်။”

ထိုင်းနိုင်ငံမှာ မြန်မာ ရွေ့ပြောင်းအလုပ်သမားပေါင်း တရားဝင်အနေနဲ့ရော၊ တရားမဝင်တွေပါ အနည်းဆုံး ၃ သန်းကျော်ရှိတယ်လို့ အလုပ်သမားအဖွဲ့တွေက ခန့်မှန်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013