DVB Logo
Home
Lead Story
အသစ်ထွက်ရှိလာသည့် အဆိုတော် ဆောင်းဦးလှိုင်၏ ကိုယ်ပိုင်သံစဉ်သီချင်း-‘မိုး’(ရုပ်သံ)
DVB
·
January 16, 2020
အသစ်ထွက်ရှိလာသည့် အဆိုတော် ဆောင်းဦးလှိုင်၏ ကိုယ်ပိုင်သံစဉ်သီချင်း-‘မိုး’(ရုပ်သံ)
Donate to DVB

       “မိုးဖွဲလေးများကျတဲ့ ကောင်းကင်ကြီးရဲ့ အောက်မှာ… နှစ်ယောက်တည်းပဲ… တ ခါပြန်ဆုံဦးမလား… ကြုံဦးမလား… စလို့ရရင် ပြန်အစပြုချင်တယ်”

       ဒါကတော့ တချိန်က နာမည်ကြီးတေးရေးတေးဆိုတယောက်ဖြစ်ပြီး လက်ရှိအချိန် ထိတိုင်အောင် ပရိသတ်တွေ အားပေးလက်ခံမှု ရရှိနေဆဲ အနုပညာရှင်တယောက်ဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ သီချင်းသစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။

       ‘မိုး’လို့အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဆောင်းဦးလှိုင်ကိုယ်တိုင်ရေး၊ ကိုယ် တိုင်သီဆို၊ အသံဖမ်း၊ တီးခတ်မှု မူပိုင်အနေနဲ့ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

       “လွဲလို့သွားတဲ့ ဆုံမှတ်များ… ချစ်ရဲ့သားနဲ့ ကမ္ဘာတွေခြား… ဝေးပြီ… ဟိုအရင်တ ခါ အနမ်းဖွဖွလေးတွေ… ပါးနုနုထက်မှာ အခါသင့်တိုင်း… ခြွေပါဦး ပြောသူရေ”

       သူ့သီချင်းတွေရဲ့ ထုံးစံအတိုင်းပဲ ဒီသီချင်းထဲမှာတော့ ခပ်ဆွေးဆွေး၊ အရိပ်အငွေ့ တွေနဲ့ ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       အသက် ၄၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက် လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

       ၁၉၈၉ ခုနှစ်လောက်က စတင်ပြီးတော့ တေးရေးဆရာတဦးအနေနဲ့ မြန်မာ့ဂီတ လောကထဲကို ရောက်ရှိလာခဲ့တဲ့ ဆောင်းဦးလှိုင်ဟာ ၁၉၉၃ ခုနှစ်မှာတော့ ‘မင်းရဲ့သူရဲ ကောင်း’ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့ အောင်မြင်တဲ့အဆိုတော် တယောက်အဖြစ် ပ ရိသတ်တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်ပါတယ်။

       သူဟာ ဆေးပညာဘွဲ့ရတဦးလည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသား ပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေးအယ်လ်ဘမ်ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

       အဲဒီအချိန်ကာလတွေမှာတော့ တကိုယ်တော်သီဆိုမှုတွေအပြင် ထရေစီနဲ့ တခြား အဆိုတော်တွေပါ ပါဝင်ဖွဲ့စည်းထားတဲ့ ‘ခရီးသွားငါးယောက်’ ၊ တေးသံရှင် စည်သူလွင်၊ အဲလက်စ်တို့နဲ့ သီဆိုအောင်မြင်ခဲ့တဲ့ ‘19.18’ အယ်လ်ဘမ်တွေမှာပါ ပရိသတ်တွေကြား ဆယ်စုနှစ်နဲ့ချီ နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာတော့ ဆောင်းဦးလှိုင်ဟာ တေးသီချင်းထုတ်လုပ်မှုတွေကို ရပ်နားထားခဲ့ပြီး ဆယ်စုနှစ်အကြာ ၂၀၁၇ မှာတော့ ‘ကမ္ဘာ့စံချိန်’ မီနီအယ်လ်ဘမ်ကို ထွက်ရှိခဲ့တာပါ။

အဲဒီနောက် ကြားကာလ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရကို ထောက်ခံအားပေးတဲ့ တေးသီချင်းတွေကို ရေးသားခဲ့ပြီး ‘မေမေနိုင်မှ ဖြစ်မှာပါ’ ၊ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖိနှိပ်ခံကာလတုန်းကအခြေအနေကို ရည် ရွယ်ရေးသားခဲ့ပြီး နီနီခင်ဇော်သီဆိုခဲ့တဲ့ ‘မျှော်လင့်ချက် တစုံတရာ’သီချင်းတွေဟာ လည်း အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။

       ခုထွက်ရှိလာတဲ့ ဒီသီချင်းကိုတော့ Tay Than Thar Music ကနေတဆင့် ဖြန့်ချိ ထားခဲ့တာ ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလို ရေးသားပြီး မျှဝေထားခဲ့ပါတယ်။

       “ဆောင်းဦးလှိုင် ပရိတ်သတ်တွေ ready ပဲလား။ အနုပညာလောကမှာ နှစ်ပေါင်း ၃၀ ဝန်းကျင်ထိအောင် အောင်မြင်ကျော်ကြားနေဆဲဖြစ်တဲ့ တေးသံရှင် ဆောင်းဦးလှိုင် ရဲ့ အသစ်ထပ်မံထွက်ရှိလာတဲ့ သီချင်းတစ်ပုဒ်—ပရိတ်သတ်တွေရဲ့ တခဲနက်တောင်းဆိုမှုတွေ ကြောင့်.. ဆောင်းဦးလှိုင်ရဲ့ မိုး Music Video ကို Tay Than Thar မှ တင်ဆက်ပေး လိုက်ပါတယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013