DVB Logo
Home
မြန်မာသတင်း

တရုတ်သမ္မတရှီကျင့်ဖျင် နေပြည်တော်တွင် နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

အောင်ကိုကိုလတ် (နေပြည်တော်)
·
January 16, 2020
တရုတ်သမ္မတရှီကျင့်ဖျင် နေပြည်တော်တွင် နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံမည်
Donate to DVB

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇန်နဝါရီ ၁၇ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိမှာဖြစ်ပြီး  သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး သက်တမ်းတလျှောက်မှာဆိုရင် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၁၉ နှစ်ကြာ ကာလအတွင်းမှာ တရုတ်သမ္မတတဦး လာရောက်တဲ့ ပထမဆုံး ခရီးစဉ်တခုလည်းဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်နှစ် အထိမ်းအမှတ် ဖြစ်တာကြောင့် လာရောက်တာဖြစ်ပြီး နိုင်ငံ့အကြီးအကဲတွေနဲ့ တွေ့ဆုံမှုအပြီးမှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်လည်ပတ်မယ့် တရုတ်သမ္မတရဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီး မြန်မာစီးပွားလုပ်ငန်းရှင်တွေကတော့ နိုင်ငံရဲ့ စီးပွားရေးကို ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာမျက်နှာစာမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ သမ္မတရှီကျင့်ဖျင် လာရောက်လည် ပတ်တာက မြန်မာနိုင်ငံအတွက် အားဆေးတစ်ခွက်ဖြစ်ပေမယ့် ကိုယ်တိုင်အဖြေရှာဖြေရှင်းနိုင်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။

သမ္မတရှီကျင့်ဖျင်ဟာ အန်ယ်လ်ဒီအစိုးရ လက်ထက်မှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာဖြစ်ပြီး  မြန်မာနိုင်ငံဟာ သမ္မတရှီကျင့်ဖျင် သွားရောက်လည်ပတ်တဲ့ အာဆီယံနိုင်ငံထဲမှာ ၉ နိုင်ငံမြောက် ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013