DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်းတွင် ဂေါ်ဖီပန်းနှင့် မုန်လာပွင့်ပေါ်ချိန် တောင်သူများ ဈေးကောင်းရ
DVB
·
January 15, 2020
ဆင်ဖြူကျွန်းတွင် ဂေါ်ဖီပန်းနှင့် မုန်လာပွင့်ပေါ်ချိန် တောင်သူများ ဈေးကောင်းရ
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာ ဂေါ်ဖီနဲ့ပန်းမုန်လာပွင့်‌တွေ ဈေးကောင်းရလို့ စိုက်ပျိုးတောင်သူများလာကြောင်း သိရပါတယ်။

ဂေါ်ဖီနဲ့ပန်းမုန်လာ တစ်ပွင့် ၃၅၀ကျပ်ကနေ ၄၀၀ကျပ်ထိရောင်းရပြီး ချောင်းထဲမှာစိုက်ပျိုးတဲ့ ဂေါ်ဖီနဲ့ပန်းမုန်လာက၂၀၀ကျပ်နှုန်းရောင်းရတယ်လို့ စိုက်ပျိုးသူတွေက ပြောပါတယ်။

ဂေါ်ဖီနဲ့ပန်းမုန်လာပွင့်‌တွေကို ကုန်းမြေနဲ့ သဲချောင်းတို့မှာ စိုက်ပျိုးကြပြီး ကုန်းမှာ စိုက်ပျိုးတာထက် ချောင်းထဲမှာစိုက်တာက သီးနှံပိုထွက်ပါတယ်။

“ချောင်းထဲမှာ စိုက်တာဆိုတော့ ကုန်းပေါ်ထက်ကုန် ကျစရိတ်သက်သာပြီး၊ အထွက်နှုန်းက ကုန်းပေါ်စိုက်တာထက် အထွက်ပိုပါတယ်၊ ရောင်းရတာက နောက်ကျမှထွက်တော့ ဈေးနှုန်းက နည်းပါတယ်၊ အရှုံးတော့ မရှိပါဘူး အမြတ်တော့နည်းပါတယ်”လို့ ဂေါ်ဖီပန်း၊ မုန်လာစိုက်တောင်သူ မြောင်းဘောင်းကျေးရွာက ဦးဝင်းအောင်က ပြောပါတယ်။

ကုန်းမြေပေါ်စိုက်ရာတွင် ဂေါ်ဖီပန်း၊ မုန်လာ အပင်တစ်သောင်းစိုက်လျှင် အပင် ၇၀၀၀ ထောင်ဝန်းကျင်ခန့်ရရှိတဲ့ အတွက် ၇၀ ရာခိုင်နှုန်း ထွက်ရှိကြောင်း၊ ချောင်းထဲမြေ စိုက်ပျိုးရာမှာ အပင် ၁ သောင်းစိုက်ပါက အပင် ၉၀၀၀ ထောင်ခန့်ထွက်ရှိပြီး ၉၀ ရာခိုင်နှုန်းရ‌ကြောင်း စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။

ကုန်းစိုက်ပျိုးတာကတော့ အပင် ၁၀၀၀၀ ကို နွားချေး‌ထော်လာဂျီ ၂ စီး၊ ပုလဲယူရီးယား ၃ အိပ်၊ အာမို/ နိုက်ထ ရိုဖောစကာ ၁ အိပ်၊ ချောင်းမှာ စိုက်ပျိုးတာက နွားချေး ၁ စီးခွဲ၊ ပုလဲ ၁ အိပ်ခွဲ၊ အာမို/နိူက်ထရိုဖော်စကာဒါမဟုတ် NPK ကွန်ပေါင်းဓာတ်မြေသြဇာအိပ်တစ်ဝက် ၂၅ ကီလိုဂရမ် ထည့်ရပါတယ်။ 

ကုန်းပေါ်ကစောပြီး‌ပေါ်လို့ တစ်ပွင့် ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ထိရောင်း ရပြီး ချောင်းထဲမှာ စိုက်ပျိုးတဲ့ဂေါ်ဖီနဲ့ပန်းမုန်လာက ၂၀၀ ကျပ်နှုန်းရောင်းရတယ်လို့ နွယ်တမယ်ကျေးရွာမှ တောင်သူဦးကျော်ဦးက ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့အနီး နွယ်တမယ်ကျေးရွာအုပ်စုတွင် အိမ်ခြေ ၄၄၀၊ လူဦးရေ ၂၂၇၀ ရှိပြီး ဂေါ်ဖီစိုက်ဧက ၅၀‌ ကျော်နဲ့ ပန်းမုန်လာစိုက်ဧက ၈၀ ကျော်ရှိပါတယ်။

ဂေါ်ဖီနဲ့ ပန်းမုန်လာ စိုက်ပျိုးရာတွင် အလုပ်သမားခမှာ အမျိုးသားတစ်ဦးကို တရက် ၂၅၀၀ကျပ် နှုန်းနဲ့ အမျိုးသမီးတစ်ဦးကို ကျပ်၁၂၀၀ကျပ် နှုန်းပေးရပါတယ်။

စလင်းချောင်းတရိုးတလျှောက် ဂေါ်ဖီနဲ့ပန်းမုန်လာစိုက်တဲ့ယရွာများမှာ နွယ်တမယ်၊ ပန်းတောအုပ်စု၊ ငှက်ပျောတောရွာ၊ ရှားတောရွာ၊ ပန်းတော‌ရွာ၊ မြောင်းဘောင်ရွာ၊ ထန်းတောကြီး၊ ရှမ်းကုန်း၊ မင်းကုန်း၊ ညောင်ပင်ဈေး၊ သူဌေးကုန်း၊ ရွှေလှေ ပုရပိုက်တန်း၊ လှည်းဝိုင်း၊ ရုံးပင်ရပ်ရွာများက အများဆုံးစိုက်ပျိုးကြကြောင်း သိရပါတယ်။

ဂေါ်ဖီပန်းနဲ့မုန်လာပွင့်ကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး နတ်တော်လမှာ သီးနှံပေါ်လို့ မကွေး၊ မင်းဘူး၊ ချောက်၊ စလင်း၊ ရေနံချောင်း၊ ကျောက်ပန်းတောင်းတို့မှ ကားတွေနဲ့ လာရောက် ဝယ်ယူကြပါတယ်။

သတင်း- တင်ရွှေ(မင်းဘူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013