DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် ဖမ်းမိသည့် ဘင်္ဂါလီ ၁၅၅ ဦးကို ငါးခူရစခန်းသို့ ပို့ဆောင်
DVB
·
January 15, 2020
ကော့သောင်းတွင် ဖမ်းမိသည့် ဘင်္ဂါလီ ၁၅၅ ဦးကို ငါးခူရစခန်းသို့ ပို့ဆောင်
1 / 2
Donate to DVB

ကော့သောင်းမြို့နယ်အတွင်း ပင်လယ်ပြင်မှာ တပ်မတော် ရေတပ်က ဖမ်းဆီးခဲ့တဲ့ တရားမဝင် ဘင်္ဂါလီ ၁၇၃ ဦးထဲက ၁၅၅ ဦးဟာ ဇန်နဝါရီ ၁၄ ရက်က ရခိုင်ပြည်နယ်  မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေသို့ ရောက်ရှိလာပါတယ်။

အဆိုပါ ဘင်္ဂါလီ ၁၅၅ ဦးကို အလယ်သံကျော်ကမ်းခြေကတဆင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ပို့ဆောင်ပြီး စစ်ဆေးနေတယ်လို့ ငါးခူရ ပြန်လည်လက်ခံရရေးစခန်းက သိရပါတယ်။

ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေကို မောင်တောခရိုင်မှာ နေထိုင်ခဲ့တာ ရှိမရှိ စစ်ဆေး လက်ခံသွားမှာဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

"သူတို့ မောင်တောခရိုင်အတွင်းမှာ အမှန်တကယ်နေထိုင်ခဲ့လား သေချာစစ်ဆေးသွားမှာပါ။

ဘူးသီးတောင်က ဘယ်နှစ်ဦးပါတယ်။ မောင်တောက ဘယ်နှစ်ဦးပါတယ်ဆိုတာ မပြောနိုင်သေးပါ ဘူး။ စိစစ်ရပါအုံးမယ်။ သူတို့ထဲက မောင်တောနဲ့ ဘူးတောင်မှာ အမှန်တကယ်နေထိုင်ခဲ့သူတွေ ကိုသာ UEHRD အစီအစဉ်နဲ့ ပြန်လည်လက်ခံတာ ပြုလုပ်သွားမှာဖြစ်တယ်။ စိစစ်လို့ ဒီမှာနေထိုင်ခဲ့တာ မရှိသူတွေကိုတော့ နှစ်နိုင်ငံချစ်ကြည်ရေးအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားဝင်လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်" လို့ ပြောကြားပါတယ်။

ဖမ်းဆီးရမိသူထဲက ၁၇ ဦးကတော့  ဇန်နဝါရီ ၁၃ ရက်က စစ်တွေမြို့၊ သဲချောင်း- ဗေဒါကျေးရွာရဲ့ ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ လွှဲအပ်ပေးခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း ပင်လယ်ပြင်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က စက်လှေနဲ့ လိုက်ပါလာတဲ့ တရားမဝင် ဘင်္ဂါလီ ၁၇၀ ကျော်ကို တပ်မတော် ရေတပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013