DVB Logo
Home
မြန်မာသတင်း
ပိုးသတ်ဆေးကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော
DVB
·
January 15, 2020
ပိုးသတ်ဆေးကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော
Donate to DVB

ပိုးသတ်ဆေး ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်တယ်ဆိုတာ တကယ်ကြီးလား။ ပိုးသတ်ဆေးဆိုတာ ဘတ်တီးရီးယားပိုးတွေကို သတ်တဲ့နေရာမှာ သုံးတဲ့ဆေးတွေပါ။ တစ်ခါတစ်လေ ဒီဆေးတွေကြောင့်ပဲ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ဒီထဲမှာ ဝမ်းလျှောတာကန အတွေ့ရအများဆုံးပါပဲ။ ပိုးသတ်ဆေးသောက်သူတွေရဲ့ ၅-၂၅ရာခိုင်နှုန်းမှာတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ကာကွယ်လို့မရဘူးလား။ ဖြစ်လာရင် ဘယ်လိုတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်။

ဘာလို့ဖြစ်ရတာလဲ။


ပိုးသတ်ဆေးသောက်လိုက်ပြီဆိုရင် သူက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကလွဲပြီး ပိုးတွေအကုန်လုံးကို သတ်လိုက်ပါတယ်။ ဒီထဲမှာ ကောင်းတဲ့ပိုးရော မကောင်းတဲ့ပိုးရော အကုန်ပါသွားပါတယ်။ ခန္ဓာကိုယ်ရဲ့ထူးခြားချက်က ကောင်းတဲ့ပိုးတွေနည်းသွားတဲ့အခါ မကောင်းတဲ့ပိုးတွေက ပိုများလာသလို ဖြစ်သွားပါတယ်။ မကောင်းတဲ့ပိုးထဲမှာ Clostridium difficileဆိုတဲ့ပိုးလည်းပါပါတယ်။ သူက အဆိပ်တွေထုတ်တဲ့အတွက် အူနံရံတွေ ရောင်ပြီး ဝမ်းလျှောလာပါတယ်။

လက္ခဏာများ


လက္ခဏာတွေကတော့ ပိုးသတ်ဆေးသောက်တဲ့အချိန်အတွင်းမှာ တစ်နေ့ကို ၃ခါလောက် ဝမ်းလျှောပါတယ်။ ဆေးစသောက်ပြီး ၁ပတ်နေရင် စဖြစ်နိုင်သလို ဆေးရပ်လိုက်ပြီး နောက်ပိုင်းမှာလည်း ဆက်ဖြစ်နိုင်ပါသေးတယ်။ Clostridium difficileကြောင့်ဆိုရင်တော့

-ဗိုက်ရစ်တာ

-ငွေ့ငွေ့ဖျားတာ

-အစားအသောက်ပျက်တာ

-ပျို့တာ စတာတွေဖြစ်နိုင်ပါတယ်။

ဘယ်ဆေးတွေကြောင့် ဖြစ်နိုင်လဲ။


ပိုးသတ်ဆေးတော်တော်များများက ဝမ်းလျှောစေပါတယ်။ ဒီထဲမှာ အတွေ့ရအများဆုံးကတော့

ပင်နဆလင်အုပ်စု  (ampicillin,amoxicillin)

-cephalosporins (cephalexin, cefpodoxime, cefdinir)

clindamycin တို့ပဲဖြစ်ပါတယ်။

ဘယ်သူတွေပိုဖြစ်နိုင်လဲ။


လူတိုင်းဖြစ်နိုင်ပေမယ့်

-အရင်ကလည်း ပိုးသတ်ဆေးသောက်ပြီး ဝမ်းလျှောဖူးတဲ့သူတွေ

-အချိန်အတော်ကြာ ပိုးသတ်ဆေးသောက်တဲ့သူတွေ

-ပိုးသတ်ဆေးတမျိုးထက်ပိုသောက်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

ဘာတွေဖြစ်လာနိုင်လဲ။


နောက်ဆက်တွဲအနေနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးတာတွေ ဖြစ်နိုင်ပါတယ်။ အချိန်မီပြန်မဖြည့်နိုင်ရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

ဘယ်လိုကုသရမလဲ။


ပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ ဝမ်းလျှောရောဂါက သိပ်မဆိုးတတ်ပါဘူး။ သူ့ဘာသာသူပျောက်သွားတာများပါတယ်။ ပိုးသတ်ဆေးသောက်လို့ ဖြစ်တာဆိုတော့ ပိုးသတ်ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပြောင်းလိုက်ရင် တော်တော်များများက သက်သာသွားပါတယ်။ တခြားကုသနည်းတွေကတော့

-ရေများများသောက်ပါ။ ရေနဲ့ ဓာတ်ဆားဆုံးရှုံးတာဖြစ်တဲ့အတွက် တတ်နိုင်ရင် ဓာတ်ဆားသောက်ပါ။

ဝမ်းပိတ်ဆေးကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ပါ။

-တကယ်လို့ တစ်နေ့ကို ဝမ်းသွားတာ ၅ခါထက်ပိုရင်၊ ဝမ်းထဲမှာ သွေးတွေ ပြည်တွေပါရင်၊ ဖျားရင်၊ ဗိုက်အောင့်ရင် ဆရာဝန်နဲ့ ပြသပါ။

ဘယ်လိုကာကွယ်ကြမလဲ။


ကာကွယ်နည်းတွေကတော့

-ပိုးသတ်ဆေးသောက်တဲ့အခါ probioticsတွေပါ တွဲသောက်ပေးခြင်းက ပိုးသတ်ဆေးကြောင့် ဝမ်းလျှောတာကို သက်သာစေမှာပါ။

-မကြာခဏလက်ဆေးပေးခြင်းက Clostridium difficileပိုး သူများဆီကူးမှာကို ကာကွယ်ပေးနိုင်ပါတယ်။

-ပိုးသတ်ဆေးကို လိုမှသောက်ပါ။

-အရင်က ပိုးသတ်ဆေးသောက်ပြီး ဝမ်းလျှောဖူးတယ်ဆိုရင် ဒီအကြောင်းကို ဆရာဝန်ကိုပြောပြပါ။ ဘယ်ဆေးကြောင့် ဖြစ်တယ်ဆိုတာ သိရင် တစ်ခါတည်း ပြောပြပါ။

ရေးသားသူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013