DVB Logo
Home
Lead Story
မြူးမြူးကြွကြွ အကတွေနှင့် ရော့ခ်စတား မျိုးကြီးသီချင်းသစ် ‘ပျံဝဲစိတ်’(ရုပ်သံ)
DVB
·
January 14, 2020
မြူးမြူးကြွကြွ အကတွေနှင့် ရော့ခ်စတား မျိုးကြီးသီချင်းသစ် ‘ပျံဝဲစိတ်’(ရုပ်သံ)
Donate to DVB

       ရော့ခ်သီချင်းတွေနဲ့ ဆယ်စုနှစ်နဲ့ချီ ပရိသတ်တွေကို ဖမ်းစားထားနိုင်ဆဲ အဆိုတော် မျိုးကြီးရဲ့ သီချင်းသစ်တပုဒ်ထွက်ရှိလာခဲ့ပါတယ်။

       ‘ပျံဝဲစိတ်’လို့ အမည်ပေးထားတဲ့   ဒီသီချင်းကိုတော့ တေးရေး အောင်းလာက ရေး စပ်ပေးထားခဲ့ပြီး မြူးကြွတဲ့ တေးသွားသံစဉ်တွေနဲ့ ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါ တယ်။

       ထူးခြားတာကတော့ ဒီသီချင်းထဲမှာ မျိုးကြီးက ကိုယ်တိုင်သီဆို သရုပ်ဆောင်ထား ခဲ့ပြီး အကအဖွဲ့တဖွဲ့နဲ့အတူ ပုံဖော်ရိုက်ကူးထားခဲ့တာပါ။

       New Version အကအဖွဲ့ရဲ့ မြူးမြူးကြွကြွ စည်းချက်နဲ့ လှုပ်ရှားဟန်ဟာ သီချင်းသံ စဉ်နဲ့ လိုက်ဖက်နေခဲ့ပြီး ဒါရိုက်တာ ဇော်ကိုကိုရဲ့ ရိုက်ချက်တွေနဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       ရန်ကုန်မြို့ဇာတိ၊ အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မျိုးကြီးဟာ ၁၉၉၃ ခုနှစ်မှာ Ghost Roder တေးဂီတအဖွဲ့ရဲ့ လိဒ်ဂစ်တာသမားတယောက်အနေနဲ့ ဂီတလောကကို စတင်ဝင်ရောက်လာခဲ့တာပါ။

အဲဒီနောက်မှာတော့ နာမည်ကြီး တေးရေး၊ ဂစ်တာသမားတယောက်ဖြစ်တဲ့ စောဘွဲ့မှူး စတင်တည်ထောင်ခဲ့တဲ့ အိုင်စီအဖွဲ့ထဲကို ရောက်ရှိလာခဲ့ပြီး အဆိုတော်တယောက်အနေနဲ့ သူ့ရဲ့ ပထမဆုံး ဆိုလိုတေးအယ်လ်ဘမ် ‘ကျောက်စာများ’ကို ၁၉၉၇ ခုနှစ်မှာ စ တင်ထွက်ရှိနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီတေးအယ်လ်ဘမ်ဟာ ပရိသတ်တွေကြား ထင်သလောက် မရောက်ခဲ့ဘဲ နောက်ထပ် ၁၉၉၈ ခုနှစ်မှာ ထပ်မံထွက်ရှိခဲ့တဲ့ ‘လေပြေ’ကတော့ သူ့ကို ရော့ခ်တေးသံရှင် မျိုးကြီးအဖြစ် ပရိသတ်တွေက သိသွားစေခဲ့ပါတယ်။

ထူးခြားတဲ့ အသံပါဝါအားကောင်းကောင်းနဲ့ ရှိုးပွဲတွေမှာ ခွန်အားပါပါ သီဆိုလေ့ရှိတဲ့ မျိုးကြီးဟာ ‘အခမ်းနားဆုံး’၊ ‘အပြန်လမ်း’၊ ‘ဆန့်ကျင်ဘက်’၊ ‘နိစ္စဓူဝ’၊ ‘Live In Yangon(1)(2)’၊ ‘ယူလိုက်’၊ ‘ပြောင်းလဲခြင်းများ’ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲတေးအယ်လ်ဘမ်တွေ ဖြစ်တဲ့ ‘95 Myanmar Billboard Top Hits’၊ ‘စောဘွဲ့မှူးအမှတ်တရ(၂)’၊ ‘တို့ရဲ့ချစ်သူများနေ့’၊ ‘ရာစုသစ်’၊ ‘LMN’ စတဲ့ တေးအယ်လ်ဘမ်ပေါင်း များစွာမှာ သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ခုထွက်ရှိလာတဲ့ ဒီသီချင်းကိုတော့ Tay Than Thar Music ကနေတဆင့် ဖြန့်ချိ ထားခဲ့တာ ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ တရက် အတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၅ သိန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013