DVB Logo
Home
မြန်မာသတင်း
ပညာရေးဥပဒေကိုလိုက်နာရန်  ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများကို တိုက်တွန်း
DVB
·
January 14, 2020
ပညာရေးဥပဒေကိုလိုက်နာရန်  ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများကို တိုက်တွန်း
Donate to DVB

ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေဟာ အခြေခံပညာရေးဥပဒေကို မလိုက်နာကြဘူးလို့ ပညာရေး အဖွဲ့အစည်းတွေက ပူးပေါင်း သဘောထားထုတ်ပြန်လိုက်ပါတယ်။

ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟို အလုပ်အမှုဆောင်ကော်မတီနဲ့ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီတို့က အခြေခံပညာ ကျောင်းတွေကို မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်ထားတဲ့အပေါ် အခုလို ထုတ်ပြန်လိုက်တာပါ။

ဒီနေ့လုပ်တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကနေ ထုတ်ပြန်လိုက်တာဖြစ်ပြီး အခြေခံပညာရေးဥပဒေမှာ ဆရာတွေဟာ မူဝါဒတွေ၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းတွေ၊ စီမံချက်တွေ၊ ပညာရေးဆိုင်ရာ ဥပဒေတွေနဲ့ တခြားလုပ်ထုံး လုပ်နည်းတွေအတွက် အကြံပြုခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုလို မတ်လကုန်အထိ စာသင်နှစ်သတ်မှတ်ရာမှာ အခြေခံပညာကဏ္ဍမှာ လက်တွေ့သင်ကြားနေတဲ့ ဘယ်ဆရာ ဆရာမကိုမှ အသိပေး အကြံဉာဏ်ယူတာ မတွေ့ခဲ့ရဘူးလို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် အခြေခံပညာရေး ဥပဒေကို မလိုက်တာနာတာဟာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ဖြစ်တယ်ဆိုတာတွေ့ရပြီး အဲဒီမူဝါဒကို ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ကန့်ကွက်နေသူ တွေကို မလျော်သြဇာသုံး ဖိနှိပ်နေတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ ပညာရေးဥပဒေကို လိုက်နာဖို့နဲ့ မတ်လကုန် အထိ စာသင်ကာလသတ်မှတ်တာကို အခြေခံပညာကဏ္ဍက အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှုရမှ အကောင်အထည်ဖော်ဖို့ အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

တကယ်လို့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အရှိန်မြှင့်သွားမှာ ဖြစ်ပြီး ဖြစ်လာတဲ့ အကျိုးဆက်ဟာ ပညာရေးဝန်ကြီးဌာနရဲ့ တာဝန်ပဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စာသင်ကာလ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုတွေဟာ ရန်ကုန်၊ ထားဝယ်၊ လွိုင်ကော်၊ မုံရွာ၊ မော်လမြိုင်စတဲ့ မြို့တွေက ပညာရေး တက္ကသိုလ်၊ ကောလိပ်တွေမှာ ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013