DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် လယ်ဧက ၈၀၀၀ ကျော် ရေမရသဖြင့် ပျက်စီးနိုင်
DVB
·
January 14, 2020
ဧရာဝတီတိုင်းတွင် လယ်ဧက ၈၀၀၀ ကျော် ရေမရသဖြင့် ပျက်စီးနိုင်
1 / 5
Donate to DVB

ဧရာဝတီတိုင်းအတွင်း အောင်ရေမရရှိတဲ့ အခက်အခဲတွေကြောင့် လယ်ဧက ၈၀ဝဝ ကျော် ပျက်စီးဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ တောင်သူတွေထံက သိရပါတယ်။

မအူပင်မြို့နယ်မှာရှိတဲ့ ညောင်ပင်ဂရက် ကျေးရွာအုပ်စုအတွင်းက လယ်မြေတွေဟာ ရေမရရှိ တဲ့အတွက် လယ်ဧက ၁၀၀၀ ကျော်နဲ့ သာပေါင်းမြို့နယ်ရှိ ငါးဘတ်ချောင်း၊ ကျီးပင်၊ ဆတ်သွား၊ ရှောပြာကုန်းစတဲ့ ကျေးရွာအုပ်စုတွေမှာ လယ်ဧက ၇၀၀၀ ကျော် ရေမရရှိတဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ပျက်စီး ဆုံးရှုံးတာတွေလည်းရှိတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။

ရာသီဥတုမမှန်တာကြောင့် ပုံမှန်ရရှိနေတဲ့ မြောင်းရေကလည်း အစောကြီးခမ်းခြောက် သွားပြီး ရေလုံလောက်စွာမရရှိသည်မှာ ၁ လကျော်ရှိပြီလို့ သာပေါင်း မြို့နယ် ဒေသခံတောင်သူ ဦးစောသက်နိုင်ဦးက ပြောပါတယ်။

"ခုဆို တူးမြောင်ရေကလည်း အစောကြီးခမ်းသွားတယ်။ အရင်လို အဝီစိ တွင်းကမောင်းတော့လည်း ရေကမရဘူး တွင်းအသစ်တူးတော့လည်း ရေကသိပ်မရဘူး၊ ရေအခက်အခဲဖြစ်တော့ လယ်တွေလည်းပျက်စီးကုန်တာပေါ့။”

ဇန်နဝါရီ ၉ ရက်နေ့က ဒေသခံတောင်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပြီး ရေအခက်အခဲဖြစ်နေတဲ့ ပြဿနာကို အဆင်ပြေအောင် တွေ့ဆုံ ဆွေးနွေခဲ့တယ်လို့ ဒေသခံ တောင်သူတွေကပြောပါတယ်။

သာပေါင်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် မခင်မိုးဝါက  “ကျမတို့ ကွင်းဆင်းတဲ့နေထဲက ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းတွေ အားလုံးကိုပါ ခေါ်သွားပါတယ်။ ဖြစ်တဲ့နေရာက မြစ်ရေမရတာတာတင်မဟုတ်ဘူး မြစ်ရေလာတဲ့လမ်းမှာ ပိတ်ဆို့တာလုပ်တဲ့ အင်းတွေလည်း ရှိတယ်။ အဲ့တာတွေကို ငါးလုပ်ငန်းဦးစီးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး နှစ် ဖွဲ့ခွဲပြီးရှင်းလင်းတာတွေ ပြုလုပ်ပေးခဲ့တယ်။ လွှတ်တော်ထဲမှာလည်း အဲ့အကြောင်းနဲ့ ပတ်သက်ပြီး အရင်က မေးခဲ့ဘူးတယ်၊ ခုလည်း အခြေအနေကအရင်အတိုင်းပဲ ဆိုရင် ထပ်မေး သွားအုံးမယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

တိုင်းဒေသကြီးအစိုးကရန်ပုံငွေ ကျပ်သန်းပေါင်း ၈၉၉၇ ကျော် အသုံးပြုပြီး မိုးစပါးနဲ့ နွေစပါး စိုက်ပျိုးတဲ့ ၁၅၈၉၆၁ ဧကအတွက် ၂၀၁၉ - ၂၀၂၀ ခုနှစ်အတွင်း ရေမြောင်းပေါင်း ၁၅၂ မြောင်း အလျားမိုင်ပေါင်း ၄၈၉ပေကျော် တူးဖော်ပေးထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက သိရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013