Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် လူနေအိမ်တန်းလျား၊ ကြက်ခြံနှင့် ဂိုဒေါင်များ မီးလောင်
DVB
·
January 14, 2020
83102428_2489446614604721_3428633329669242880_o
82478732_2489447204604662_1019610487152705536_o
82336815_2489447651271284_4344803614011686912_o
82283524_2489446824604700_4826667239174307840_o
82232349_2489446877938028_3333729279870500864_o
81876387_2489446724604710_3783674597874860032_o
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းရွာကျေးရွာရှိ ကြက်ခြံမှာ ကြက်အပူပေးတဲ့ မီးလုံးအပူလွန်ကဲရာက ကြက်ခြံ ၅ ခြံ၊ လူနေအိမ်တန်းလျား ၂ လုံးနဲ့  ဂိုဒေါင် ၂ လုံး မီးလောင်မှု မနေ့ညနေက ဖြစ်ပွားခဲ့ပါတယ်။ အင်းတော်မြို့နယ် မီးသတ်ဦးမှူး လှမျိုးလွင်က “မီးလောင်တာက ခန့်မှန်း ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ လောင်တယ်၊ ၆ နာရီမှာ သတင်းရတယ်။  ခရိုင်မီးသတ်ဦးစီးမှူးအပါအဝင် မီးငြိမ်းသတ်ယာဉ်နဲ့ ရေသယ်ယာဉ် ၁၂ စီး မီးသတ်တပ်ဖွဲ့ဝင်အင်အား ၅၆ ဦး ပတ်ဝန်းကျင် ပြည်သူတွေနဲ့ ငြှိမ်းသတ်ခဲ့ပါတယ်။ ကြက်ခြံနဲ့ ဂိုဒေါင် လူနေအိမ်အဆောက်အဦ ၉ လုံး မီးလောင် ဆုံရှုံးခဲ့ပါတယ်”လို့ ပြောပါတယ်။ မီးလောင်မှုကြောင့် ကာလတန်ဖိုး ကျပ် ၈၇ သိန်းဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးကို ပေါ့ဆစွာ အသုံးပြုသူ ကြက်ခြံပိုင်ရှင် ကိုစံဦး(ဘ)ဦးအောင်သိန်းကို အင်းတော်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အရေးယူဆောင် ရွက်နေပါတယ်။ သတင်း- ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024