DVB Logo
Home
မြန်မာသတင်း
စီးပွားရေးမပြေလည်ရင် ငြိမ်းချမ်းရေးမခိုင်မာနိုင်ဟု ကရင်ဝန်ကြီးချုပ်ပြော
DVB
·
January 14, 2020
စီးပွားရေးမပြေလည်ရင် ငြိမ်းချမ်းရေးမခိုင်မာနိုင်ဟု ကရင်ဝန်ကြီးချုပ်ပြော
Donate to DVB

ငြိမ်းချမ်းရေး ဘယ်လောက်ပဲ လိုအပ်နေပါစေ စီးပွားရေးမပြေလည်ရင် ငြိမ်းချမ်းရေး မခိုင်မာနိုင်ဘူးလို့  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားလိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပြုလုပ်တဲ့ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနဲ့ ကရင်ပြည်နယ် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းတို့ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာကိစ္စရပ် တွေ့ဆုံဆွေး‌ပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “နိုင်ငံမှာ ဘယ်လောက်ပဲ ငြိမ်းချမ်းရေးကို လိုအပ်နေပါစေ စီးပွားရေးမပြေလည်ရင်လည်း ငြိမ်းချမ်းရေးက မခိုင်ပါဘူး။ အဲတော့ စီးပွားရေးလည်း ခိုင်မာရမယ်။ ငြိမ်းချမ်းရေးလည်း ရရမယ်ဆိုတဲ့ရည်ရွယ်ချက် ကျမတို့မှာ ရှိတယ်”လို့ ပြောပါတယ်။

အခမ်းအနားကို ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လုပ်ငန်းရှင်တွေဘက်က လိုအပ်နေတဲ့အခက်အခဲတွေ၊ ငွေချးယူမှုဆိုင်ရာ အခက်အခဲတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေသိရှိပြီး လိုအပ်တာတွေကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။

ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးအောင်မိုး က“အဓိကက နိုင်ငံတစ်နိုင်ငံ၊ ပြည်နယ်တပြည်နယ်မှာ စီးပွားရေးတောင့်မှ လုပ်ငန်းတွေ လုပ်မလား။ ငြိမ်းချမ်းရေး လုပ်မလား။ ကြိုက်တဲ့ဟာလုပ် လက်ထဲမှာ ပိုက်ဆံမရှိရင် စီးပွားရေးမတောင့်တင်းရင် အစိုးရမှာ အခွန်ဘဏ္ဍာများများမရှိရင် အဆင်မပြေဘူး”လို့ ပြောပါတယ်။

အခမ်းအနားမှာ ငွေကြေးဆိုင်ရာ ချေးငွေပမာဏ၊ အတိုးနှုန်း၊ သက်တမ်းကာလ ၊ စည်းမျဉ်း စည်းကမ်း ဖြေလျော့ပေးထားမှု၊ ပုဂ္ဂလိက ဘဏ်တွေကနေ ငွေချေးပေးနေမှုပုံစံတွေကို တက်ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တာဝန်ရှိသူတွေ အပြန်အလှန်ဆွ ဆွေး‌နွေးခဲ့ကြပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်း က “နိုင်ငံတော်အဆင့်တောင် ကြွေးယူပြီး လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့် ကြွေးမြီယူဖို့ရာ မကြောက်မလန့်ဘဲ ကိုယ်ကိုယ်တိုင် ဘယ်လိုအသုံးချမလဲ၊ ဘယ်လိုဖြစ်မြောက်အောင် ဆောင်ရွက်မလဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ ယူမယ်ဆိုရင် မိမိတို့လုပ်ငန်း အများကြီးတိုးတက်ဖို့ရှိတယ်”လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ငွေချေးယူရာမှာ ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်း၊ သက်တမ်း ၃ နှစ်အထိပေးထားသလို စိုက်ပျိုးရေးနဲ့မွေးမြူရေးအတွက် ဘဏ်တိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ငွေချေးယူနေရပါတယ်။

ဘဏ်ငွေချေးရာမှာ မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းကို အပေါင်ပစ္စည်းတင်ပြနိုင်မှသာ ငွေချေးပေးတာနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေ ရှိနေတယ်လို့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013