Home
မြန်မာသတင်း
ကယားပြည်နယ်နေ့ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
နော်နိုရင်း
·
January 13, 2020
81813333_1497238530432719_2722642664435482624_n
လာမယ့် ဇန်နဝါရီ ၁၅ ရက်မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲကို ပြည်နယ်မြို့တော် လွိုင်ကော်မှာ ကျင်းပဖို့ရှိနေရမှာ   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖို့ရှိနေပါတယ်။  ကယားပြည်နယ်နေ့ ပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်မှ  ၁၉ ရက်အထိ ၁၀ ရက်တိုင် ကျင်းပနေတာဖြစ်ပြီ ကယားပြည်နယ်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာတော့ မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် ၁၅ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ  ကယားပြည်နယ်က လူထုတွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်မှာပြုလုပ်မယ့် ချယ်ရီပန်းစိုက်ပွဲတော်ကို တက်ရောက်ဖို့ ရှိနေတယ်လို့ ပြည်နယ်အစိုးရထံက သိရပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်  ၆၇ နှစ်မြောက် ကယားပြည်နယ်နေ့မှာ‌ သမ္မတ ဦးဝင်းမြင့်တက်ရောက်ခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024