
ပထမဆုံးအကြိမ် 1st Miss Universe Ye 2020 အလှမယ် ရွေးချယ်ပွဲကို ဇန်နဝါရီ ၁၂ ရက် ညပိုင်းက မွန်ပြည်နယ်၊ ရေးမြို့၊ ပြည်သူ့အားကစားရုံမှာ ကျင်းပပါတယ်။
ဒေသခံအမျိုးသမီး တက်သစ်စလူငယ်လေးတွေရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်စေရေးအပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တဲ့ အဲဒီ အလှမယ် ရွေးချယ်ပွဲကို ရေးမြို့နယ်အတွင်းက အလှမယ် ၁၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
1st Miss Universe Ye 2020 Winner ဆုကို အစင်စံပြကျေးရွာမှ မယုဌေးသွယ်က ရရှိခဲ့ပြီး ဒီပြိုင်ပွဲမှာ Title award ၇ ဆုကိုလည်း ပြိုင်ပွဲဝင်အလှမယ်တွေကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ရေးမြို့နယ်မှ Winner ဆုရသူအနေနဲ့ လာမယ့်မေလ ရန်ကုန်မှာ ကျင်းပမယ့် Miss Universe Myanmar ပြိုင်ပွဲမှာ မွန်ပြည်နယ် ကိုယ်စားပြုအနေနဲ့ သထုံ၊ မော်လမြိုင်မြို့နယ်တွေက winner တွေနဲ့အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဝင်းနိုင်သက်











