DVB Logo
Home
မြန်မာသတင်း
မန္တလေး မဟာမုနိတွင် နိုင်ငံခြားသားခရီးသွားများထံမှ ၆ လအတွင်း သိန်း ၆၀၀၀ ခန့်ရရှိ
DVB
·
January 12, 2020
မန္တလေး မဟာမုနိတွင် နိုင်ငံခြားသားခရီးသွားများထံမှ ၆ လအတွင်း သိန်း ၆၀၀၀ ခန့်ရရှိ
Donate to DVB

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကို လာရောက်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေဆီက ဝင်ကြေးငွေကောက်ခံနေပြီး ၆ လအတွင်း ကျပ်သိန်း ၆၀၀၀ နီးပါး ရခဲ့တယ်လို့ ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင်လကစလို့ နိုင်ငံခြားခရီးသွားဧည့်သည်တဦးကို ကျပ်ငွေ ၅၀၀၀ နှုန်းနဲ့ စတင်ကောက်ခံခဲ့တာဖြစ်ပြီး ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ နိုင်ငံခြားသားဦးရေ ၁ သိန်းကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက “ဘုရားဘဏ္ဍာအနေနဲ့  ရရှိတာကတော့ ၅၉၈၅ သိန်း နီးပါးလောက်ရတယ်။ ၈၄ သိန်းကျော်ကျော်ပေါ့။ ကျနော်တို့ ဘုရားဟာ သာယာလှပပြီးတော့ နေချင့်စဖွယ်၊ လာချင့်စဖွယ် စိတ်ချမ်းသာစရာကောင်းတဲ့ ပတ်ဝန်းကျင်တခုဖြစ်ဖို့၊ သန့်ရှင်းသာယာဖို့ အရေးကြီးတယ်။ ငါးကန်နားတဝိုက်မှာလည်း လူသွားလမ်းတွေ ထိုင်စရာနေရာတွေ လုပ်ပေးတယ်။ နောက်ပြီးတော့ အနောက် ၄၅ တာ ခြင်းလုံးရုံတဝိုက်၊ ပြီးတော့ ကားပါကင် ဆက်လုပ်ဖို့ရှိတယ်”

နိုင်ငံခြား ခရီးသွားဧည့်သည်တွေကို ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသမှာ ကောက်ခံတဲ့ပုံစံမျိုးပဲ ကောက်ခံသင့်တယ်လို့ မန္တလေးဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ  ဦးဝင်းဇော်ဦးက ပြောပါတယ်။

“မန္တလေးတောင်က ၁၀၀၀ ကျပ်ဆိုပြီး စကောက်လိုက်တယ်။ ဒါပေမဲ့ သူတို့ကောက်တာက မန္တလေးတိုင်းဒေသကြီးရဲ့ ခွင့်ပြုချက်နဲ့မှ ကောက်လို့ရတာကို။ ခွင့်ပြုလိုက်တာကို။ အမှန်ကတော့ အဲ့လို မကောက်သင့်ဘူးလို့ထင်တယ်။ လောလောဆယ်အနေနဲ့ပေါ့။ ကျနော်တို့က ခရီးသွားတွေ လာအောင် လုပ်ရဦးမှာ။ အခမဲ့တွေ ပေးရမယ်။ Zone ကြေး ၁ ခါကောက်ထားပြီးတာနဲ့ အားလုံးအတွက် ဖြစ်ရမှာပေါ့။ တနေရာပြီး တနေရာပေးဆိုတော့ ရောင်းရတဲ့ ကုမ္ပဏီအတွက်လည်း ပေးရတာတွေ များသွားတာပေါ့။ အပိုထပ်ပြီးတောင်းရတာတွေ များတယ်။ အခုဆို ဆက်တိုက်လာတော့မယ်။ ကျနော်တို့က သတင်းက ကြားနေပြီ။ အဲဒါကတော့ မြန်မာ့တိုရစ်ဇင်အတွက် အထူးသဖြင့် မန္တလေး တိုရစ်ဇင်အတွက် မကောင်းဘူးခင်ဗျ။ ပုဂံလို ၂ သောင်းခွဲဆို ၂ သောင်းခွဲ အပြတ်ကောက်လိုက်။ ဘယ်နေရာမှ ထပ်မကောက်နဲ့တော့။ အဲဒါဆို တွက်ရချက်ရတာလည်း လွယ်တယ်။ ကြည့်လို့လည်းကောင်းတယ်။ ဧည့်သည်ပေါ်မှာလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ဘူး”

ကောက်ခံရရှိတဲ့ ဝင်ကြေးတွေကို  မဟာမုနိရုပ်ရှင်တော် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အသုံးပြုနေတာဖြစ်သလို လက်ရှိအချိန်မှာ  လာရောက်လည်ပတ်တဲ့ ခရီးသည်တွေအတွက် Tourist Information Center၊ ကားရပ်နားဖို့နေရာ၊ နားနေဆောင်၊ အခမဲ့ သန့်စင်ခန်းတွေနဲ့ အခမဲ့ ဖိနပ်စင်တွေ  ဆောက်လုပ်ပေးထားပြီး ဆက်လက်ဆောက်လုပ်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။  

 ကျော်ဇေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013