DVB Logo
Home
မြန်မာသတင်း
စပစ်ဖိုင်းယားလေယာဉ် မြန်မာတွင်ရှိမည်ဟု ယုံကြည်ကြောင်း ပညာရှင်များပြော
DVB
·
February 19, 2013
စပစ်ဖိုင်းယားလေယာဉ် မြန်မာတွင်ရှိမည်ဟု ယုံကြည်ကြောင်း ပညာရှင်များပြော
Donate to DVB

စပစ်ဖိုင်းယားလေယာဉ်တွေ မြန်မာနိုင်ငံမှာ ရှိမယ်လို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ကြောင်း လေယာဉ်သမိုင်းနဲ့ ပတ်သက်ပြီး လေ့လာတဲ့ ပညာရှင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာမြှုပ်နှံထားတဲ့ စပစ်ဖိုင်းယား တိုက်လေယာဉ်တွေ တူးဖော်ရေးလုပ်ငန်းကို ဆက်လုပ်မယ့်အကြောင်းနဲ့ တွေ့မယ်ဆိုတာ ရာနှုန်းပြည့် ယုံကြည်တဲ့အကြောင်း တူးဖော်ရာမှာ ပါဝင်တဲ့ ရွှေတောင်ပေါ် ကုမ္ပဏီက ပြောပါတယ်။

[caption id="attachment_36604" align="alignright" width="150" caption="လေယာဉ်တူးဖော်ရေးအဖွဲ့ခေါင်းဆောင် David Cundall သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်"][/caption]

ကုန်ကျစရိတ် ထောက်ပံ့တဲ့ ၀ါလ်းဂိမ်းမင်း ကုမ္ပဏီက လေယာဉ် အစိတ်အပိုင်းထည့်ထားတဲ့ သေတ္တာတွေကို မင်္ဂလာဒုံ လေတပ်စခန်းမှာ မြှုပ်နှံခဲ့ခြင်းမရှိဘူးလို့ ရှာဖွေမှုအစပြုပြီး တလအကြာ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်လိုက်ပြီးနောက် ဆက်လက်ရှာဖွေသွားမယ်လို့ တာဝန်ရှိသူတွေက ပြောလိုက်ကြတာပါ။

လေယာဉ်တူးဖော်ရှာဖွေရေးကို နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီနဲ့ ဒီဂျေစီ ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

မြစ်ကြီးနားမှာ တူးဖော်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရှာဖွေရေးမှာပါတဲ့ ဘူမိဗေဒ ပါမောက္ခ (အငြိမ်းစား) ဒေါက်တာ စိုးသိန်းက ပြောသလို ရွှေတောင်ပေါ် ကုမ္ပဏီများအုပ်စုရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးထွန်းကျော်ကလည်း  နိုင်ငံရပ်ခြားကနေ အဆင့်မြင့် စက်ပစ္စည်းတွေ မှာယူထားတယ်လို့ ပြောပါတယ်။

တူးဖော်ရှာဖွေမှုနဲ့ ပတ်သက်လို့ တိုးတက်မှုတွေကို ဦးထွန်းကျော်က အခုလို ရှင်းပြပါတယ်။

“မြစ်ကြီးနားမှာရော၊ မင်္ဂလာဒုံမှာပါ survey ဆက်လုပ်နေတယ်။ နောက်အပတ်မှာ မြေပြင်ရေဒါဖတ်ဖို့ စက်ကိရိယာနဲ့ ပညာရှင်တွေမှာထားတယ်။ လေယာဉ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ လေ့လာတဲ့ ပညာရှင် David Cundall ကတော့ မြန်မာပြည်မှာဆက်လုပ်နေမယ်။ တွေ့ရှိမယ်လို့လည်း ၁၀၀ ရာခိုင်နှုန်းယုံကြည်တယ်လို့ ဒီနေ့ထုတ်ဖော်ပြောတယ်။”

ဒုတိယကမ္ဘာစစ်အတွင်းက  စပစ်ဖိုင်းယား လေယာဉ် ၃၀ ကျော်ကို မင်္ဂလာဒုံလေဆိပ်အနီးမှာ မြှုပ်နှံထားပြီး မြန်မာနိုင်ငံမှာ စုစုပေါင်း ၁၂၄ စင်းမြှုပ်နှံထားတယ်လို့ ယူဆနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013