DVB Logo
Home
မြန်မာသတင်း
ICJ အရေးကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု မလျော့ဟု DICA ပြော
DVB
·
January 11, 2020
ICJ အရေးကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု မလျော့ဟု DICA ပြော
1 / 2
Donate to DVB

ICJ အရေးကြောင့် ရိုက်ခတ်မှု ရှိခဲ့ပေမယ့် ပြည်ပကနေ မြန်မာနိုင်ငံအတွင်း လာရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်လျော့ကျသွားတာ မရှိဘူးလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

“ကျနော်တို့ ခု လောလောဆယ် ကျနော်တို့ဆီကို ဝင်ရောက်မယ်လို့ ရည်ရွယ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုပေါင်းက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကျော်လောက် ရှိတယ်။ ဒါက စာရင်းဇယား ကိန်းဂဏန်းအရ တစ် ဘီလီယံကျော်ကျော်ဆိုတာ လုပ်ငန်း ၇ ခုလောက် လာရောက်တင်ပြထားတာ ရှိပါတယ်။ အဓိကကတော့ လျှပ်စစ်ပိုင်းဆိုင်ရာတွေမှာ ဒီနှစ်ထဲ အစိုးရရဲ့ မူဝါဒအရ လျှပ်စစ်ပိုင်း တိုးချဲ့ ဝင်ရောက်လာတာ များပါတယ်။ အဲဒီ လျှပ်စစ်ပိုင်းကိုတော့ ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်နိုင်ငံတို့ လုပ်ကိုင်တာ ဖြစ်ပါတယ်။ ကျနော်တို့ လက်ရှိအနေအထားမှာဆိုရင် မနှစ်က ကာလတူ ဒီအချိန်မှာ သန်း ၆၀၀ ကျော်ကျော်လောက်ပဲ ရပါတယ်။ ဒါပေမဲ့ မနှစ်ကနဲ့ ကာလတူ ဒီနှစ်မှာ ၁ ဘီလီယံကျော်နေပါပြီ။”

၂၀၁၉ ခုနှစ်အတွင်းမှာ မန္တလေးတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုဟာ ဒုတိယအများဆုံး ဖြစ်ခဲ့ပြီး ဖွံ့ဖြိုးမှုနည်းပါးရာဒေသ ဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ဝင်ရောက်နေတယ်လို့ ဦးသန့်စင်လွင်က ပြောပါတယ်။

“ဖွံ့ဖြိုးမှုနည်းတယ်ဆိုပေမယ့် စီးပွားရေးလုပ်ငန်းက ဒါ အားလုံးသိတဲ့အတိုင်းပဲ ကျောက်ဖြူစီးပွားရေးဇုန် ရှိပါတယ်၊ နောက် နဂိုရှိပြီးသား ဂက်စ်ပိုက်လိုင်း ရှိပါတယ်။ နောက်တခါ ရခိုင်ဒေသရဲ့ အလားအလာဖြစ်တဲ့ ငါး၊ ပုစွန်နဲ့ ပတ်သက်တဲ့ လုပ်ငန်းမျိုး ဒါမျိုးတွေလည်း ရှိပါတယ်။ ဒါ့အပြင် ရခိုင်မှာ ထိုင်းက CP Group ကလို ကုမ္ပဏီမျိုးကတောင် ရင်းနှီးမြှုပ်နှံမှု သွားလုပ်ပါတယ်။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်မှု နည်းတာ များတာက လာရောက်လုပ်ကိုင်လိုတဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုပေါ့၊ အလုပ်အကိုင် အခွင့်အလမ်းဆိုတာ ဒီနေရာမှာလာပြီး ရင်းနှီးမြှုပ်နှံလို့ အကျိုးရှိမယ်ဆိုတဲ့အပေါ်မှာလည်း နည်းနည်းမူတည်ပါတယ်။”

အရင်က တရုတ်နိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ရင်းနှီးမြှုပ်နှံမှု အများဆုံးက စင်ကာပူနိုင်ငံဖြစ်ပြီး ဥရောပ၊ အမေရိကနဲ့ လက်တင်အမေရိက၊ တရုတ်နဲ့ အာရှနိုင်ငံအ‌တော်များများလည်း လာရောက်ရင်းနှီးမြှုပ်နှံကြတယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တာ၊ ဘဏ်လုပ်ငန်းစနစ်တွေ ပိုမိုလျင်မြန်လွယ်ကူတာ၊ မြန်မာဘဏ်တွေနဲ့ စင်ကာပူဘဏ်စနစ်တွေ ချိတ်ဆက်ထားနိုင်တာကြောင့် စင်ကာပူဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်တယ်လို့ DICA က သိရပါတယ်။

ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေဟာ သူတို့နိုင်ငံရဲ့ ထောက်ပံ့မှု အပြည့်အဝနဲ့ ဝင်ရောက်လာတာ ဖြစ်ပေမယ့် ပြည်တွင်းလုပ်ငန်းရှင်‌တွေအတွက် ထောက်ပံ့မှုတွေ၊ အကူအညီတွေ လုံလောက်အောင် လိုအပ်နေသေးတယ်လို့ မန္တလေးမြို့က စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်တဲ့ ဦးမင်းဟန်က  ပြောပါတယ်။

“အခက်အခဲကတော့ လောလောဆယ်တော့ ချေးငွေတို့ SME တို့ အဲဒီဟာပါပဲ။ အဓိက ကျနော်တို့က ဘယ်သူမဆို ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုတော့ ထုတ်ပေးဖို့ ပမာဏအရ ဘဏ်ရဲ့ financial တခုက ကျောထောက်နောက်ခံပေးမှပဲ ရပါမယ်၊ ပေးတဲ့အချိန်မှာ အခု SME တော့ လုပ်ပေးတယ်၊ ၈ ဒသမ ၅ နဲ့၊ ဒါပေမဲ့ သုံးနှစ်အတွင်း ပြန်ဆပ်ရတဲ့အချိန်မှာ တချို့ သုံးနှစ်အတွင်း ပြန်မဆပ်နိုင်တာတွေ၊ နောက် SME ရဖို့ ခက်ခဲတာတွေ အများကြီး ရှိနေပါသေးတယ်။”



ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013