DVB Logo
Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ် Food court ကိစ္စ သပိတ်မှောက်ကျောင်းသားများကို ပင်မဆောင်ဝင်ခွင့် ပိတ်ပင်
DVB
·
January 10, 2020
မန္တလေးတက္ကသိုလ် Food court ကိစ္စ သပိတ်မှောက်ကျောင်းသားများကို ပင်မဆောင်ဝင်ခွင့် ပိတ်ပင်
1 / 7
Donate to DVB

မန္တလေးတက္ကသိုလ်ဝင်းအတွင်းက Food court နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တရားမျှတမှုမရှိတဲ့အတွက် မန္တလေးတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့အား သပိတ်မှောက်နေတဲ့ မန္တလေး တက္ကသိုလ်ကျောင်းသားသပိတ်ကို ဒီနေ့ မန္တလေးတက္ကသိုလ် ပင်မဆောင်ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

Food Court တည်ဆောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရေးယူတာ မရှိသေးတာကြောင့် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်စခန်းကို ယာယီရပ်နားထားရာကနေ ဇန်နဝါရီ ၉ ရက်နေ့က သပိတ်မှောက်မှု ပြန်လည်စတင်ခဲ့ကြတာပါ။

Food Court တည်ဆောက်တဲ့ကိစ္စကို စစ်ဆေးနိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က ၂၀၁၉ စက်တင်ဘာ ၇ ရက်၊ ၈ ရက်နေ့တွေမှာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နဲ့အတူ တာဝန်ရှိသူတွေက မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့တို့က တာဝန်ရှိသူကျောင်းသားကျောင်းသူများကို စစ်ဆေးခဲ့ပြီးဖြစ်ပေမယ့် ၄ လကျော်ကြာတဲ့အထိ အရေးယူအပြစ်ပေးချင်းမရှိတာကြောင့် သပိတ်စခန်းပြန်လည်ဖွင့်လှစ်တာ ဖြစ်ပါတယ်။

ယင်းသို့စစ်ဆေးနေစဉ်ကာလအတွင်း ၂၀၁၉ ခု စက်တင်ဘာလ ၈ ရက်နေ့ညပိုင်းမှ စတင်ကာ သပိတ်မှောက်မှုကို ခေတ္တရပ်နားထားခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ နိုင်ငံတော်သမ္မတညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေကို ဖောက်ဖျက်လုပ်ဆောင်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံးအယူပေးရေး၊ မန္တလေး တက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိ ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ဘက်လိုက်သော စုံစမ်းစစ်ဆေးမူအား အလိုမရှိ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေး အပြီးသတ်ရလဒ်အား အမြန်ဆုံးထုတ်ပြန်ပေးရေးစတဲ့ တောင်းဆိုချက်များနဲ့ သပိတ်တိုက်ပွဲကို ပင်မဆောင်ရှေ့မှာ သပိတ်စခန်းပြန်လည်ဖွင့်ပြီး မနေ့က တိုက်ပွဲဝင်ခဲ့ကြပါတယ်။

Food Courtကို သြဂုတ်လပထမပတ်အတွင်းက ဖွင့်လှစ်ဖို့ ရှိခဲ့ပေမယ့် သပိတ်မှောက် ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့ရပါတယ်။

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013