DVB Logo
Home
မြန်မာသတင်း
‘ချစ်ခင်စမှော်ရုံ’ရုပ်ရှင်ကားတွင် မြန်မာအိုင်ဒေါစတား အေးမြဖြူ ပါဝင်သရုပ်ဆောင်မည်
DVB
·
January 10, 2020
‘ချစ်ခင်စမှော်ရုံ’ရုပ်ရှင်ကားတွင် မြန်မာအိုင်ဒေါစတား အေးမြဖြူ ပါဝင်သရုပ်ဆောင်မည်
1 / 2
Donate to DVB

       ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ စတားတယောက်ဖြစ်တဲ့ အသက်အငယ် ဆုံး ပြိုင်ပွဲဝင် အေးမြဖြူဟာ ‘ချစ်ခင်စမှော်ရုံ’အမည်ရတဲ့ ရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ် ဆောင်တော့မှာ ဖြစ်ပါတယ်။

       တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တဲ့ ဒီရုပ်ရှင်ကားဟာ စာရေးဆရာ မောင်ဝဏ္ဏရဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဏ ကြီးက ရိုက်ကူးပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ အေးမြဖြူက သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ် ပါတယ်။

       သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ခုလိုရေးသား ပြီး ပရိသတ်တွေကို အသိပေးမျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“ကဲ သတင်းကောင်းလေးလာပါပြီ။ တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက ရိုက် ကူးမယ့် **ချစ်ခင်စမှော်ရုံ**ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးသိုလေး ပါဝင်သရုပ်ဆောင်သွားမှာပါရှင်”

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ Blind Audition အဆင့်ကနေ နောက်ဆုံး Grand Final အဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ အေးမြဖြူဟာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တဦးလည်းဖြစ်ပြီး သူ့ရဲ့ အရွယ်နဲ့ မလိုက်အောင် ပညာသားပါပါ ရွေးချယ်သီ ဆိုတဲ့ သီချင်းတွေကြောင့်လည်း ပြိုင်ပွဲဝင်တွေကြား ထင်ရှားသူတဦး ဖြစ်နေတာပါ။

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ အရင်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ် ဆောင်ခဲ့ဖူးသူ တဉီးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013