DVB Logo
Home
သတင်းတို
အရင်ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်များကို ပြန်စစ်သွားမည်
DVB
·
February 19, 2013
Donate to DVB

အရင်စစ်အစိုးရလက်ထက်တုန်းက ထုတ်ပေးခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်နဲ့ အမျိုးသားမှတ်ပုံတင်ကတ်ပြားတွေ အားလုံးကို ပြန်စိစစ်နေပြီး ဥပဒေနဲ့ အညီ ထုတ်ပေးထားတာ မဟုတ်ရင် အရေးယူမယ်လို့ လ၀က ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

၂၀၁၃-၁၄ အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ဆွေးနွေးစဉ် လွှတ်တော်အမတ်တွေက မန္တလေးကို တရုတ်လူမျိုးတွေ စိမ့်ဝင်နေထိုင်ပြီး နိုင်ငံသားကတ်တွေ ကိုင်ဆောင်နေတဲ့ကိစ္စ အပါအ၀င် အရင် စစ်အစိုးရလက်ထက်က ဘင်္ဂလီတွေအပါအ၀င် နိုင်ငံခြားသားတွေကို လာဘ်ငွေယူပြီး မှတ်ပုံတင်တွေ ထုတ်ပေးထားတဲ့ကိစ္စ အမတ်တွေက မေးခွန်းထုတ်လာတဲ့အပေါ် ဒုဝန်ကြီးက ခုလို ရှင်းလင်းပြောဆိုတာ ဖြစ်ပါတယ်။

ဥပဒေနဲ့ မညီတဲ့ နိုင်ငံသားကတ်နဲ့ အခြားသက်သေခံကတ်ပြားတွေ တွေ့ခဲ့ရင် လုပ်ပေးတဲ့ ၀န်ထမ်းတွေကို အရေးယူမယ့်အပြင် လိမ်လည်လျှောက်ထားရယူခဲ့သူတွေကိုလည်း အရေးယူမယ်လို့ ဒုဝန်ကြီးက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013