DVB Logo
Home
Lead Story
ဇီးရိုးဘတ်ဂျက်တရုတ်ခရီးသည် အန္တရာယ် (၂၀၁၉ နှစ်ချုပ်)
DVB
·
January 9, 2020
ဇီးရိုးဘတ်ဂျက်တရုတ်ခရီးသည် အန္တရာယ် (၂၀၁၉ နှစ်ချုပ်)
1 / 5
Donate to DVB

   ရခိုင်ပြည်နယ်၏ လက်နက်ကိုင်ပဋိပက္ခကြီးထွားလာနေခြင်းနှင့်အတူ မြန်မာနိင်ငံတွင်း နိုင်ငံခြားခရီးသွား လုပ်ငန်းရပ်များလည်း‌ လျော့ပါးလာခဲ့သည်။ ဥရောပခရီးသည် အဝင်နည်းသည်နှင့်အမျှ မြန်မာတို့၏တိုရစ်ဇင်လုပ်ငန်းလည်း ကျဆင်းသွားခဲ့တော့သည်။ နိုင်ငံခြားခရီးသည် အဝင်နည်းလာခြင်းကြောင့် အရှေ့ကြည့်ဝါဒ (Kook East Policy) ကို ပြောင်းလဲအသုံးပြု၍ ဗီဇာဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ရသည်။ ထို့‌နောက် နိုင်ငံခြားခရီးသည်ဝင် ရောက်မှုများပြားလာခဲ့သည်။ ထိုခရီးသည် အများအပြားထဲတွင် ဇီးရိုးဘတ်ဂျက် (Zero Dollar Tour) ဟု ခေါ်ဝေါ် သမုတ်ခဲ့ကြသော တရုတ်ခရီးသည်များပါဝင်မှု အများဆုံးဖြစ်ခဲ့သည်။



  Zero Dollar Tourism သို့မဟုတ် Zero Package Tour ကို ဇီးရိုးဘတ်ဂျက်ခရီးသည်ဟု ခေါ်ခဲ့ကြသည်။ ဇီးရိုးဘတ်ဂျက်တိုရစ်ဇင်ကို လွယ်လွယ်နှင့်အရှင်းဆုံးပြောရလျှင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသော တရုတ်ခရီးသွားများအား တရုတ်ခရီးသွားအေဂျင်စီများမှ တရုတ်နိုင်ငံသားများပိုင်သော ဟိုတယ်နှင့်စားသောက်ဆိုင်များကို အခြေခံ၍ တရုတ်နိုင်ငံသားပိုင် အမှတ်တရ ပစ္စည်းဆိုင်များကိုသာ ဝယ်ယူအားပေးစေပြီး ပေးချေရာတွင် တရုတ်နိုင်ငံ၏  အကြွေးဝယ်ကတ်စနစ်ဖြစ်သည့် WeChat Pay နှင့် AliPay တို့ဖြင့်သာ ပေးချေရသော ခရီးသွားလုပ်ငန်းအမျိုးအစားတခုဖြစ်သည်။

   ဤသို့သော ခရီးသွားလုပ်ငန်းကို လွန်ခဲ့သော ၁၀ နှစ်ခန့်က ထိုင်းနိုင်ခရီးသွား အေဂျင်စီများလည်း လုပ်ဆောင်ခဲ့ဖူးသည်။ အာဆီယံရှိနိုင်ငံအများစုတွင် ယင်းကဲ့သို့သော ဇီးရိုးဘတ်ဂျက်ခရီးသည်များကို လက်မခံကြတော့ဘဲ ဥပဒေစည်းမျဉ်းများဖြင့် ကန့်သတ်ခဲ့ကြသည်။ အာဆီယံ၏ ခရီးသွား ၁၇ ရာခိုင်နှုန်းမှာ တရုတ်ခရီးသွား ဇီးရိုးဘတ်ဂျက်များဖြစ်သည်ဟုဆိုသည်။ ၎င်းတို့ကို အခြားနိုင်ငံများက လက်မခံချိ်နတွင် တရုတ်ခရီးသွားအေဂျင်စီများက မြန်မာနိုင်ငံဘက် သို့ ပစ်မှတ်ထားခဲ့ကြတော့သည်။

    မြန်မာနိုင်ငံသို့ ၂၀၁၈ အောက်တိုဘာနောက်ပိုင်း ဗီဇာကင်းလွတ်ခွင့်ဖြေလျော့ပေးချိန်မှစ၍ ဇီးရိုးဘတ်ဂျက်ခရီးသည်များ စတင်ဝင်ရောက်ဖို့ အခွင့်သာလာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်ခရိးသည် ၁၉၈,၂၅၆ ဦးထိ ဝင်ရောက်ခဲ့သည်။ ၂၀၁၉ ဒီဇင်ဘာလအထိ တရုတ်ခရီးသည် ဝင်ရောက်မှုမှာ ၅၂၃,၄၄၉ အထိရှိခဲ့သည်။ တရုတ်ခရီးသည် ဝင်ရောက်မှုပိုလာသော်လည်း နိုင်ငံတော်အတွက် အခွန်အခမှာ နည်းပါနေကြောင်းကို ရန်ကုန်တိုင်း ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး  ဒေါ်နော်ပန်း သဉ္ဇာမျိုးက စက်တင်ဘာ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေဖာ်ပြောကြားခဲ့သည်။

     ထိုင်းနိုင်ငံက မေ ၂၀၁၆ ခုနှစ်ကတည်းက ဇီးရိုးဘတ်ဂျက်ကိုတားဆီးဖို့ အစီစဉ်စတင် လုပ်ဆောင်ခဲ့သည်။ ဇီးရိုးဘတ်ဂျက် အေဂျင်စီလုပ်ငန်း ၃ ခုကိုလည်း ပိတ်သိမ်းခဲ့သည့်အပြင် သယ်ယူပို့ဆောင်ရေးယာဉ် ၂၁၅၅ စီးကိုလည်း သိမ်း၍ အရေးယူဆောင်ရွက်လိုက်သည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကလည်း ဇီးရိုးဘတ်ဂျက်ကြောင့် အန် ကောဝပ်ရှေးဟောင်းနယ်မြေတွေ ကျဆင်းခဲ့ရကြောင်း၊ ထို့ကြောင့် ခရီးသွားဇီးရိုးဘတ်ဂျက်လုပ်ငန်းကို နှိမ်နင်းသွားမည်ဟု ပြောကြားခဲ့သည်။

     မြန်မာနိုင်ငံတွင်လည်း ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် ပုဂံဒေသသည်လည်းကောင်း မန္တလေးနေပြည်တော်သည်လည်းကောင်း တရုတ်ဇီးရိုးဘတ်ဂျက်ခရီးသည်တို့ နှစ်ခြိုက်ရာ ဒေသတခုဖြစ်လာသည်။ လည်ပတ်သူဦးရေ တိုးလာသော်လည်း ဒေသခံတို့အကျိုးစီးပွားအတွက်မူ ထိရောက်မှုမရှိခဲ့ဟု ဒေသခံများက ပြောဆိုခဲ့ကြသည်။ မြန်မာမီဒီယာလောကတွင်လည်း တရုတ်ဇီးရိုးဘတ်ဂျက်ခရီးသည်တို့၏ ပုဂံခရီးစဉ်တွင် စွန့်ပစ်ခဲ့ကြသော အမှိုက်များနေရာ အနှံ့အပြားတွင် မြင်မကောင်းအောင်ရှိနေခဲ့သည်ကို ဖော်ပြခဲ့ကြသည်။

     မန္တလေးတွင်လည်း ယင်းကဲ့သို့ဖြစ်ရပ်မျိုးများဖြစ်ပွားခဲ့သည်။ မင်းကွန်းပုထိုးတော်ကြီးအတွင်း ဘိနပ်စီးဝင်ခြင်း၊ အမရပူရမြို့နယ်ရှိ ကျောက်စိမ်းဘုရားမှ ကျောက်စိမ်းဖြတ်စများအား ခွာယူခြင်း၊ အစရှိသည့် မဖွယ်မရာပြုမူ မှုများစွာကို မြင်တွေ့ရသော မန္တလေးလူထုမှာ စိတ်မချမ်းသာခြင်းများစွာဖြစ်ခဲ့ရသည်။ ထို့အပြင် ဦးပိန်တံတားအားလည်း တရုတ်ခရီးသွား ဇီးရိုးဘတ်ဂျက်များက ရိုက်ချိုးသောအမှုလည်းဖြစ်ပွားခဲ့သည်။ တဝန်ရှိသူများကို တိုင်ကြားခဲ့ သော်လည်း ထူးခြားသောအရေးယူမှုများမရှိခဲ့ဟု ဆိုသည်။ မန္တလေးတိုင်းဝန်ကြီးချုပ်က တရုတ်သံအမတ်အား တွေ့ဆုံ၍ ဇီးရိုးဘတ်ဂျက်ခရီးသည်ကိစ္စရပ်များအား ဆင်ခြင်သင့်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

  

  လူအများ လည်ပတ်ရာနေရာများတွင် ဆူညံစွာပြုမူခြင်း၊ လက်ဆေးစဉ်များတွင် ခြေထောက်ဆေးခြင်း အစရှိသည့် မဖွယ်မရာပြုမူမှုများစွာကို ဒေသခံများအနေဖြင့် တဖြည်းဖြည်းသည်းခံရန် ခက်ခဲလာသည့်အခြေနေကို ရောက် ရှိနေသည်ကို တွေ့လာရပေသည်။ အဆိုးဆုံးဖြစ်ရပ်မှာ နိုဝင်ဘာ ၂ ရက်နေ့က တရုတ်နိုင်ငံသား ဇီးရိုးဘတ်ဂျက်ခရီး သွား ၄ ဦးသည် မြဝတီမြို့  အမှတ် (၄) ရပ်ကွက်ရှိ အောင်မြေရွှေဘုံ အထက်တန်းကျောင်းရှေ့ လူမြင်ကွင်းတွင် သူ တို့၏ လိင်အင်္ဂါကိုထုတ်၍ သေးကော့ပန်းခဲ့သည့်ဖြစ်ရပ်မှာ လွန်စွာဆိုးဝါးစေခဲ့သည်။

  အထက်ပါဖြစ်ရပ်များမှာ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပွတ်တိုက်မှုများပင်ဖြစ်သည်။ တရုတ်နိုင်ငံ၌ လိင်အင်္ဂါထုတ်၍ လူအများရှေ့တွင် ကျင်ငယ်စွန့်ခြင်းတွင် ထူးခြားမှုမရှိသော်လည်း အရှက်အကြောက်ကြီးသော မြန်မာနိုင်ငံသားများအနေဖြင့်မူ လွန်စွာအကဲဆတ်သော ကိစ္စရပ်တခုပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေဝန်ကြီးဌာနအနေဖြင့် ဇီးရိုးဘတ်ဂျက်ခရီးသွားအေဂျင်စီများအပေါ် သေသေချာချာစောင့်ကြည့် အရေးယူရ မည့်အခြေနေသို့ပင် ရောက်ရှိနေပြီဟုဆိုရပါမည်။

   ဇီးရိုးဘတ်ဂျက်ခရီးသွားလုပ်ငန်းကြောင့် ရရှိလာနိုင်မည့် အကျိုးမြတ်နှင့်ဘေးထွက်ဆိုးကျိုးများကို နှိုင်းယှဉ်ကြည့်လျှင် စီးပွားရေးရှုထောင့်၊ ယဉ်ကျေးမှုရှုထောင့်နှင့် လူမှုရေးရှုထောင်တို့မှ ကြည့်ရပေမည်။ စီးပွားရေးအရကြည့်လျှင် ဇီးရိုးဘတ်ဂျက်ခရီးသည်များသည် Zerd Package Tour များဖြစ်ခြင်းကြောင့် နေထိုင်စားသောက်သွားလာရာ တလျောက်လုံး ခရီးသွားအေဂျင်စီများမှ စီမံပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းအေဂျင်စီတို့က တရုတ်ပိုင် ဟိုတယ်၊ လေယာဉ်၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်တို့တွင်သာ ကြိုတင်ငွေချေးကတ်များဖြင့် အပြီးစီမံထားခြင်းကြောင့် နိုင်ငံဝင်ငွေနှင့်ဒေသခံတို့ စီပွားရေးအတွက် အထောက်အကူမဖြစ်စေခဲ့ပေ။ ထို့အပြင် နိုင်ငံသား ဧည့်လမ်းညွှန်များကိုလည်း အသုံးမပြုခြင်းကြောင့် နိုင်ငံသားဧည့်လမ်းညွှန်တို့လည်း အလုပ်အကိုင်အတွက် အကျိုးမရှိဖြစ်ခဲ့သည်ကို တွေ့ရသည်။ WeChat Pay နှင့် Ali Pay တို့ကြောင့် ငွေလဲလှယ်မှုနှုန်းအပေါ်မှာ ရရှိမည့် တရားဝင်အခွန်အခများလည်း မရရှိတော့။ ပေးချေရာတွင်ပြေ စာမရှိသဖြင့် ရောင်းချထားသည့်ပစ္စည်များအပေါ်မှ ကုန်သွယ်ခွန်လည်းမရှိနိုင်တော့။ ဤကား စီးပွားရေးအရ ဆုံးရှုံးမှုများပင်ဖြစ်ပေသည်။

ယဉ်ကျေးမှုပိုင်းနှင့် လူမှုရေးပိုင်းအရကြည့်လျှင်လည်း အဆင်မပြေမှုများစွာကို မြင်တွေ့ရနိုင်သည်။ တရုတ်ဇီးရိုးဘတ်ဂျက်ခရီးသည်တို့၏ မဆင်မခြင်လုပ်ရပ်များကြောင့် ပတ်ဝန်းကျင်သန့်ရှင်းကိုလည်း များစွာထိခိုက်စေသည့်အပြင် စည်းကမ်းမဲ့အကျင့်စရိုက်ဆိုးများကိုလည်း ကူးစက်လာနိုင်သည်ကို သတိပြုအပ်သည်။ ထို့အပြင် ယဉ်ကျေးမှုပိုင်းအရ မထေမဲ့မြင်ပြုမှုများသည် သည်းမခံနိုင်သည့် ဒေသခံများဖြင့် တကြိမ်မဟုတ်တကြိမ် ခိုက်ရန်ဖြစ်သည်အထိ ရင်ဆိုင်ကြုံတွေ့လာနိုင်ခြေရှိသည်ကို တွေ့နေရသည်။

  ထိုကဲ့သို့သောအခြေမျေားကြောင့် အချိန်မနှောင်းမီ ဇီးရိုးဘတ်ဂျက်နှင့်ပတ်သက်သော အကွယ်အကာများ တားမြစ်မှုများကို ၂၀၂၀ ခု ခရီးသွားနှစ်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ၂၀၁၉ ခုနှစ်၏ အနှစ်ချုပ်အဖြစ် တင်ပြလိုက်ရပေသည်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013