DVB Logo
Home
မြန်မာသတင်း
စာအုပ်ပေါင်းသန်းချီရောင်းချမည့် Big Bad Wolf စာအုပ်ဈေးပွဲတော် ကျင်းပမည်
DVB
·
January 9, 2020
Donate to DVB

စာအုပ်ပေါင်း သန်းချီရောင်းချမယ့် Big Bad Wolf စာအုပ်ဈေးပွဲတော်ကို ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့ စတင်ပြီး ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီပွဲတော်ကိုတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သာကေတမြို့နယ်၊ Fortune Plaza  မှာရှိတဲ့ Myanmar Expo Hall မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

စာအုပ်အသစ်တွေကို ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ ဈေးလျှော့ရောင်းချပေးမယ့် Big Bad Wolf စာအုပ်ဈေးပွဲတော်မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ စာ အုပ်အသစ် ၁ သန်းကျော်ကို ရောင်းချပေးမှာဖြစ်ပါတယ်။

နိုင်ငံတကာမှာ လူကြိုက်များတဲ့ ရုပ်ပြစာအုပ်၊ ဂန္ထဝင်နဲ့ သိပ္ပံစိတ်ကူးယဉ်ဝတ္ထု၊ သ ရုပ်ပြစာပေ၊ စီးပွားရေးတက်ကျမ်း၊ ဗိသုကာစာအုပ်၊ ဟင်းချက်နည်းစာအုပ်၊ ပုံပြင်စာ အုပ်စတဲ့ စာပေအမျိုးအစားအစုံပါဝင်မယ့် ဒီပွဲတော်ကိုတော့ ဝင်ကြေးအခမဲ့နဲ့ မနက် ၉ နာရီကနေ ည ၁၂ နာရီအထိ ဖွင့်လှစ်ရောင်းချပေးသွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013