DVB Logo
Home
မြန်မာသတင်း
၅ နှစ်ကျော်ကြာဆောင်ရွက်ခဲ့သည့် တက်လမ်းစီမံကိန်း မင်းပြားနှင့်မြေပုံတွင် ရပ်ဆိုင်း
DVB
·
January 9, 2020
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက်နေ့က ရပ်ဆိုင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

IRC တက်လမ်းစီမံချက်မှာ မြေပုံနဲ့ မင်းပြား မြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀၂ ရွာမှာ လူဦးရေ ၅၆,၀၀၀ ကျော်ကို စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီတွေကို ၅ နှစ်ကျော်ကြာ ဆောင်ရွက်ပေးခဲ့ပါတယ်။

IRC ထုတ်ပြန်ချက်မှာတော့ ရေငံတား တာတမံ အရှည် ၃၁ မိုင်ခန့် ရေတံခါး ၂၄ ခု၊ ဆားငန်ရေဒဏ်ခံ စပါးမျိုးစေ့နဲ့ နည်းပညာကို လယ်သမား ၁၆,၅၉၈ ဦးဖြန့်ဝေပေးတာ၊ ကျေးရွာပေါင်း ၉၇ ရွာမှာ အမျိုးသမီးဦးရေ ၂၅၉၃ ဦးကို ငွေကြေးစီမံခန့်ခွဲမှုသင်တန်းတွေက ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ရခိုင်ပြည်နယ်အစိုးရက လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ပြီးနောက် ခရီးသွားလာခွင့်တွေ တနှစ်ခန့်မရရှိဘဲ စီမံကိန်းကို မူလသတ်မှတ်ထားတာ ထက် တနှစ်စော ရပ်ဆိုင်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

IRC စီမံကိန်းရပ်ဆိုင်း လိုက်တာကြောင့် ဒေသခံကျေးရွာလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှု အခြေအနေတွေ ပိုမိုလျော့ကျသွားသလို လက်ရှိပဋ္ဋိပက္ခအတွင်းမှာ ပြန်လည် ထူထောင်နိုင်မှုကိုလည်း နှေးကွေးသွားစေမယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

IRC စီမံကိန်းရပ်ဆိုင်းမှုကြောင့် မြေပုံနဲ့ မင်းပြားမှ ဝန်ထမ်း အားလုံးနီးပါး ၆၀ ဦးထက်မနည်း အလုပ်အကိုင် ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး (ပြောရေးဆိုခွင့်ရှိသူ) ဦးဝင်းမြင့်ကို ဆက်သွယ်နေပေမယ့် (ဖုန်းလက်ခံဖြေဆိုတာမရှိ) ဆက်သွယ်လို့ မရသေးသလို အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ IRC ကတာဝန် ရှိသူတွေကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013